သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းေရာက္ ေရႊ႕ေျပာင္းအလုပ္သမားေတြ ကိုဗစ္ေဆးထိုးေပးဖို႔ ပညာရွင္ေတြတိုက္တြန္း


ျမန္မာေရႊ႕ေျပာင္းစာသင္ေက်ာင္းက ေက်ာင္းသား၊ ေက်ာင္သူမ်ား ကိုဗစ္ကာကြယ္ေဆးထုိးေနၾကစဥ္

ထိုင္းေရာက္ ေရႊ႕ေျပာင္းအလုပ္သမားေတြ ကိုဗစ္ေဆးထိုးေပးဖို႔ ပညာရွင္ေတြတိုက္တြန္း

{{Zawgyi/Unicode}}

ထိုင္းႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ေနာက္ထပ္ ကူးစက္ပ်ံ႕ပြားမႈသစ္ေတြကို ကာကြယ္ႏုိင္ဖုိ႔ ႏိုင္ငံထဲက ေ႐ႊ႕ေျပာင္းလုပ္သားအားလံုးကို ကိုဗစ္ကာကြယ္ေဆးထိုးဖုိ႔ လိုအပ္တယ္လို႔ ထိုင္းက်န္းမာေရးပညာ႐ွင္ေတြက ထိုင္းအစိုးရကုိ တိုက္တြန္းလိုက္ပါတယ္။ ေနာက္ထပ္ အုပ္စုလိုက္ ကူးစက္မႈသစ္ေတြ မျဖစ္ေအာင္ ကာကြယ္ေဆးကို ထိထိေရာက္ေရာက္ ထိုးေပးသင့္တယ္လို႔ ပညာ႐ွင္ေတြ တိုက္တြန္းေနတဲ့သတင္းကို ဗီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းပို႔ထားပါတယ္။

ထိုင္းႏိုင္ငံထဲမွာ တရားဝင္ေရာ တရားမဝင္ပါ ေနထိုင္အလုပ္ လုပ္ေနၾကတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမား အားလံုးကို ကိုဗစ္ကာကြယ္ေဆး ထိုးေပးမွသာ ေနာက္ထပ္ အစုလိုက္ အၿပံဳလုိက္ ကူးစက္မႈကုိ ကာကြယ္ႏိုင္မွာ ျဖစ္တယ္လို႔ ထိုင္းႏိုင္ငံက က်န္းမာေရးပညာ႐ွင္ေတြက သတိေပးလိုက္ပါတယ္။ ထိုင္းအစိုးရက ေ႐ႊ႕ေျပာင္းလုပ္သား အားလံုးကို ကိုဗစ္ကာကြယ္ေဆး ထိုးေပးေနတယ္ဆုိေပမဲ့ အားလံုးကို ထိထိေရာက္ေရာက္ လံုေလာက္ေအာင္ ေဆးထုိးေပးဖုိ႔လိုအပ္တယ္လို႔ က်န္းမာေရးစံနစ္ဆိုင္ရာ သုေသသနသိပၸံက ပညာရွင္ Mr.Surak Thanaisawanyangkoon က ထိုင္းအစိုးရကို တိုက္တြန္းခဲ့ပါတယ္။ ပညာ႐ွင္ေတြရဲ႕ ေထာက္ျပတိုက္တြန္းခ်က္နဲ႔ပါတ္သက္လို႔ ေ႐ႊ႕ေျပာင္းအလုပ္သမားေရး လုပ္ေဆာင္ေနတဲ့ ပညာေရးနဲ႔ ဖြံ ့ျဖိဳးတိုးတက္ေရးအဖြဲ႔က အလုပ္သမားေရးတာ၀န္ခံ ဦးမင္းဦးက အခုလိုေျပာပါတယ္။

"ပညာရွင္ေတြေပါ့ ပညာရွင္ေတြဆိုတာ ေရာဂါကာကြယ္ထိ္မ္းခ်ဳပ္ေရးတို႔ ကူးစက္ေရာဂါနဲ႔ ပတ္သက္တဲ့စံနစ္ကိုအေကာင္အထည္ေဖာ္တဲ့ သူေတြက ထုိင္းအစုိးရကိုတိုက္တြန္းတာေပါ့ ၊ အဓိကကဒီလူေတြအကုန္လံုးကုိတရား၀င္ေကာ တရားမ၀င္ေကာ အားလံုးကိုေဆးထုိးေပးဖို့ကိစၥေျပာတာေပါ့။ ေဆးမထုိးေပးဘူးဆိုရင္ ေရႊေျပာင္းအလုပ္သမားအုပ္စုကေန အုပ္စုလိုက္ေရာဂါကူးစက္မူ့ျဖစ္ရင္ ပတ္၀န္က်င္တခုလံုးအကုန္လံုးကိုျပန္ကူးမွာေပါ့။ ဒါကအေရးႀကီးတယ္ဆုိျပီးေထာက္ျပတာေပါ့"

ထိုင္းႏိုင္ငံအတြင္းမွာ ေရႊေျပာင္းအလုပ္သမား သန္းနဲ႔ခ်ီရွိၿပီး ကိုဗစ္ကာကြယ္ေဆး ထိုးၿပီးတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမား ၄ သိန္းနီးပါး႐ွိပါတယ္။ ဒီထဲမွာ ျမန္မာ ၂ သိန္း ၁ ေသာင္းေက်ာ္ကို ကိုဗစ္ကာကြယ္ေဆးထိုးေပးခဲ့တယ္လို႔ ထုိင္းက်န္းမာေရးဌာနက ထုတ္ျပန္ပါတယ္။

ထုိင္းေတာင္းပိုင္း ဖန္ငျပည္နယ္ထဲမွာ FED အဖဲြ ႔ရဲ႕ အကူညီနဲ႔ ထိုင္းေဆးရံုကိုဆက္သြယ္ျပီး ကာကြယ္ေဆးထုိးႏွံခဲ့တဲ့ ေရႊေျပာင္းအလုပ္သမား ၄ ေထာင္ေက်ာ္ေလာက္ရွိပါတယ္။ ဒီရက္ပိုင္းမွာပဲ FED ေရႊေျပာင္းစာသင္ေက်ာင္းက ေရႊေျပာင္းအလုပ္သမားေတြရဲ ့ကေလးငယ္ ၁၃၀ ေက်ာ္ ကုိဗစ္ကာကြယ္ေဆးထိုးႏွံႏိုင္ခဲ့တယ္လို႔ ဦးမင္းဦးက ေျပာပါတယ္။

"ထုတ္ျပန္တာေတာ့ရွိတယ္။ ေရႊေျပာင္းအလုပ္သမားကေတာ့ ၃သိန္းခဲြေက်ာ္ေတာ့ထုိးျပီးျပီေပါ့ ။ သံုးသိန္းခဲြေက်ာ္ထဲမွာေတာ့ ႀကိမ္းေသတာေတာ့ျမန္မာကေတာ့အမ်ားဆံုးပဲ။ က်ေနာ္တို့ေက်ာင္းမွာရိွတဲ့ကေလးေတြ နန့္မခင္းေက်းရြာမွာရွိတဲ့ ေရႊေျပာင္းအလုပ္သမားေတြရဲ ့ ကေလးေတြ အသက္ ၁၂ နွစ္နဲ႔ ၁၈ ႏွစ္ၾကား ကေလးေတြကို က်ေနာ္တို႔ PfIzer ရေအာင္ထုိးေပးတာေပါ့။ ဒါကေတာ့ ဒီနယ္ေျမမွာ က်ေနာ္တို့ျမိဳနယ္ က်န္းမာေရးဌာနနဲ့အဆင္ေျပတယ္။ တကြာပါေဆးရံုနဲ႔ အဆင္ေျပေတာ့ ညိွႏိွုင္းျပီးေတာ့ က်ေနာ္တို့FED အဖဲြ ့အစည္းအေနနဲ့ ညိွႏိွုင္းျပီးထိုးေပးတာကေတာ့ဖန္ငျပည္နယ္ထဲမွာဆိုရင္ လူဦးေရ ေလးေထာင္ေက်ာ္ေလာက္ရွိျပီဗ် အခုကာကြယ္ေဆးထုိးေပးေနတာေလ"

ေ႐ႊ႕ေျပာင္းလုပ္သားေတြအတြက္ ကာကြယ္ေဆး ၃ သန္းကေန ၄ သန္း အတြက္ ကိုဗစ္ကာကြယ္ေဆးေတြ ေပးထားေပမဲ့ ဒီအေရအတြက္က လံုေလာက္မႈ႐ွိရဲ႕လားလို႔ ပညာ႐ွင္ Surak Thanaisawanyangkoon က ေမးခြန္းထုတ္ပါတယ္။ ေ႐ႊ႕ေျပာင္းလုပ္သားေတြအတြက္ ကိုဗစ္ကာကြယ္ေဆး ရ႐ွိႏိုင္မႈအပိုင္းမွာ အခက္အခဲတခ်ဳိ႕႐ွိေနတယ္လို႔ သူက ေထာက္ျပပါတယ္။ ထိုင္းႏိုင္ငံထဲက တခ်ိဳ႕အလုပ္႐ုံစက္႐ုံေတြမွာ ကာကြယ္ေဆး ထိုးေပးျခင္းလုပ္ငန္းေတြ လုပ္ေဆာင္ဖို့အတြက္အဆင္ မေျပတာေတြနဲ့ အခက္ခဲေတြရိွေနဆဲျဖစ္တယ္လို႔ သူက ေျပာပါတယ္။

ေနာက္ထပ္ အုပ္စုလိုက္ ကူးစက္ ပ်ံ႔ပြားမႈသစ္ေတြ ျဖစ္လာမွာမ်ဳိး ကာကြယ္ႏိုင္ဖို႔ ေ႐ႊ႕ေျပာင္းလုပ္သားေတြ အားလံုးကို ထိထိေရာက္ေရာက္ ကာကြယ္ေဆးထိုးေပးဖုိ႔လည္း ထိုင္းအစိုးရက တိုက္တြန္းခဲ့ပါတယ္။

ထိုင္းႏိုင္ငံမွာ မတ္လကေန ၾသဂုတ္လအထိ ေရြေျပာင္းအလုပ္သမား ၁ သိန္း ၉ ေထာင္ေက်ာ္ ကိုဗစ္ကူးစက္ခံထားရျပီး ဒီထဲမွာအမ်ားစုကေတာ့ အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ ျမန္မာ လာအိုနဲ႔ ကေမၻာဒီးယားႏိုင္ငံေတြက ျဖစ္ၾကပါတယ္။

လက္ရိွမွာေတာ့ထိုင္းႏိုင္ငံထဲမွာ ကိုဗစ္အတည္ျပဳလူနာ ၁ သန္း ၉ သိန္းေက်ာ္ရွိေနျပီး ႏို၀င္ဘာလ ၅ ရက္ေန႔မွာ အသစ္ကူးစက္သူ ၈ ေထာင္ေက်ာ္ရွိေနဆဲျဖစ္ပါတယ္။

.................................

တိုက္႐ိုက္ လင့္ခ္

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေ ကိုဗစ်ဆေးထိုးပေးဖို့ ပညာရှင်တွေတိုက်တွန်း

{{Unicode}}

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ နောက်ထပ် ကူးစက်ပျံ့ပွားမှုသစ်တွေကို ကာကွယ်နိုင်ဖို့ နိုင်ငံထဲက ရွှေ့ပြောင်းလုပ်သားအားလုံးကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လိုအပ်တယ်လို့ ထိုင်းကျန်းမာရေးပညာရှင်တွေက ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ နောက်ထပ် အုပ်စုလိုက် ကူးစက်မှုသစ်တွေ မဖြစ်အောင် ကာကွယ်ဆေးကို ထိထိရောက်ရောက် ထိုးပေးသင့်တယ်လို့ ပညာရှင်တွေ တိုက်တွန်းနေတဲ့သတင်းကို ဗီအိုအေသတင်းထောက် မအေးအေးမာက သတင်းပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ တရားဝင်ရော တရားမဝင်ပါ နေထိုင်အလုပ် လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား အားလုံးကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမှသာ နောက်ထပ် အစုလိုက် အပြုံလိုက် ကူးစက်မှုကို ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံက ကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။ ထိုင်းအစိုးရက ရွှေ့ပြောင်းလုပ်သား အားလုံးကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတယ်ဆိုပေမဲ့ အားလုံးကို ထိထိရောက်ရောက် လုံလောက်အောင် ဆေးထိုးပေးဖို့လိုအပ်တယ်လို့ ကျန်းမာရေးစံနစ်ဆိုင်ရာ သုသေသနသိပ္ပံက ပညာရှင် Mr.Surak Thanaisawanyangkoon က ထိုင်းအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ ပညာရှင်တွေရဲ့ ထောက်ပြတိုက်တွန်းချက်နဲ့ပါတ်သက်လို့ ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

"ပညာရှင်တွေပေါ့ ပညာရှင်တွေဆိုတာ ရောဂါကာကွယ်ထိမ်းချုပ်ရေးတို့ ကူးစက်ရောဂါနဲ့ ပတ်သက်တဲ့စံနစ်ကိုအကောင်အထည်ဖော်တဲ့ သူတွေက ထိုင်းအစိုးရကိုတိုက်တွန်းတာပေါ့ ၊ အဓိကကဒီလူတွေအကုန်လုံးကိုတရားဝင်ကော တရားမဝင်ကော အားလုံးကိုဆေးထိုးပေးဖို့ကိစ္စပြောတာပေါ့။ ဆေးမထိုးပေးဘူးဆိုရင် ရွှေပြောင်းအလုပ်သမားအုပ်စုကနေ အုပ်စုလိုက်ရောဂါကူးစက်မူ့ဖြစ်ရင် ပတ်ဝန်ကျင်တခုလုံးအကုန်လုံးကိုပြန်ကူးမှာပေါ့။ ဒါကအရေးကြီးတယ်ဆိုပြီးထောက်ပြတာပေါ့"

ထိုင်းနိုင်ငံအတွင်းမှာ ရွှေပြောင်းအလုပ်သမား သန်းနဲ့ချီရှိပြီး ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့ ရွှေ့ပြောင်းအလုပ်သမား ၄ သိန်းနီးပါးရှိပါတယ်။ ဒီထဲမှာ မြန်မာ ၂ သိန်း ၁ သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်းတောင်းပိုင်း ဖန်ငပြည်နယ်ထဲမှာ FED အဖွဲ့ရဲ့ အကူညီနဲ့ ထိုင်းဆေးရုံကိုဆက်သွယ်ပြီး ကာကွယ်ဆေးထိုးနှံခဲ့တဲ့ ရွှေပြောင်းအလုပ်သမား ၄ ထောင်ကျော်လောက်ရှိပါတယ်။ ဒီရက်ပိုင်းမှာပဲ FED ရွှေပြောင်းစာသင်ကျောင်းက ရွှေပြောင်းအလုပ်သမားတွေရဲ ့ကလေးငယ် ၁၃၀ ကျော် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ခဲ့တယ်လို့ ဦးမင်းဦးက ပြောပါတယ်။

"ထုတ်ပြန်တာတော့ရှိတယ်။ ရွှေပြောင်းအလုပ်သမားကတော့ ၃သိန်းခွဲကျော်တော့ထိုးပြီးပြီပေါ့ ။ သုံးသိန်းခွဲကျော်ထဲမှာတော့ ကြိမ်းသေတာတော့မြန်မာကတော့အများဆုံးပဲ။ ကျနော်တို့ကျောင်းမှာရှိတဲ့ကလေးတွေ နန့်မခင်းကျေးရွာမှာရှိတဲ့ ရွှေပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေ အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြား ကလေးတွေကို ကျနော်တို့ PfIzer ရအောင်ထိုးပေးတာပေါ့။ ဒါကတော့ ဒီနယ်မြေမှာ ကျနော်တို့မြိုနယ် ကျန်းမာရေးဌာနနဲ့အဆင်ပြေတယ်။ တကွာပါဆေးရုံနဲ့ အဆင်ပြေတော့ ညှိနှိုင်းပြီးတော့ ကျနော်တို့FED အဖွဲ့အစည်းအနေနဲ့ ညှိနှိုင်းပြီးထိုးပေးတာကတော့ဖန်ငပြည်နယ်ထဲမှာဆိုရင် လူဦးရေ လေးထောင်ကျော်လောက်ရှိပြီဗျ အခုကာကွယ်ဆေးထိုးပေးနေတာလေ"

ရွှေ့ပြောင်းလုပ်သားတွေအတွက် ကာကွယ်ဆေး ၃ သန်းကနေ ၄ သန်း အတွက် ကိုဗစ်ကာကွယ်ဆေးတွေ ပေးထားပေမဲ့ ဒီအရေအတွက်က လုံလောက်မှုရှိရဲ့လားလို့ ပညာရှင် Surak Thanaisawanyangkoon က မေးခွန်းထုတ်ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေအတွက် ကိုဗစ်ကာကွယ်ဆေး ရရှိနိုင်မှုအပိုင်းမှာ အခက်အခဲတချို့ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။ ထိုင်းနိုင်ငံထဲက တချို့အလုပ်ရုံစက်ရုံတွေမှာ ကာကွယ်ဆေး ထိုးပေးခြင်းလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက်အဆင် မပြေတာတွေနဲ့ အခက်ခဲတွေရှိနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။

နောက်ထပ် အုပ်စုလိုက် ကူးစက် ပျံ့ပွားမှုသစ်တွေ ဖြစ်လာမှာမျိုး ကာကွယ်နိုင်ဖို့ ရွှေ့ပြောင်းလုပ်သားတွေ အားလုံးကို ထိထိရောက်ရောက် ကာကွယ်ဆေးထိုးပေးဖို့လည်း ထိုင်းအစိုးရက တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ မတ်လကနေ သြဂုတ်လအထိ ရွေပြောင်းအလုပ်သမား ၁ သိန်း ၉ ထောင်ကျော် ကိုဗစ်ကူးစက်ခံထားရပြီး ဒီထဲမှာအများစုကတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ဖြစ်ကြပါတယ်။

လက်ရှိမှာတော့ထိုင်းနိုင်ငံထဲမှာ ကိုဗစ်အတည်ပြုလူနာ ၁ သန်း ၉ သိန်းကျော်ရှိနေပြီး နိုဝင်ဘာလ ၅ ရက်နေ့မှာ အသစ်ကူးစက်သူ ၈ ထောင်ကျော်ရှိနေဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG