သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရင်စော်ကားမှုနဲ့ ထိုင်းလူ့အခွင့်အရေးရှေ့နေ ထောင် ၄ နှစ် အပြစ်ပေးခံရ


ထိုင်းလူ့အခွင့်အရေးရှေ့နေ Arnon Nampa တရားရုံးကိုရောက်လာပြီး မီဒီယာကိုစကားပြောပြီးတဲ့နောက် တော်လှန်ရေးအဓိပ္ပါယ်ကိုဆောင်တဲ့ လက်သုံးချောင်းထောင်ပြနေစဉ် (စက်တင်ဘာ ၂၆၊ ၂၀၂၃)
ထိုင်းလူ့အခွင့်အရေးရှေ့နေ Arnon Nampa တရားရုံးကိုရောက်လာပြီး မီဒီယာကိုစကားပြောပြီးတဲ့နောက် တော်လှန်ရေးအဓိပ္ပါယ်ကိုဆောင်တဲ့ လက်သုံးချောင်းထောင်ပြနေစဉ် (စက်တင်ဘာ ၂၆၊ ၂၀၂၃)

ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ လူ့အခွင့်အရေး ရှေ့နေတဦးကို ဘုရင်အပေါ် စော်ကားမှုနဲ့ ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ပါတယ်။ လူ့အခွင့်အရေး ရှေ့နေ အာနွန်နမ်ပါဟာ အောက်တိုဘာလက ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုစုဝေးပွဲအတွင်းမှာ ဘုရင် မဟာဝဇီရာလောင်ကွန်း ကို ပုတ်ခတ်စော်ကားမှုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ပြီး ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

“ထောင်ထဲမှာပဲဖြစ်ဖြစ်၊ ထောင်ပြင်မှာပဲဖြစ်ဖြစ် ကျနော်လုပ်ရမယ့် တာဝန်ကို ဆက်လုပ်မှာပါ။ ကျွန်တော့်ကို ထောက်ခံတဲ့သူတိုင်းကို အားပေးချင်ပါတယ်။ ဒီတိုက်ပွဲက ခရီးရှည်တိုက်ပွဲမို့ အားလုံး ဆက်လက်တိုက်ပွဲဝင်စေချင်ပါတယ်။ မျိုးဆက်သစ်တွေရဲ့ တိုက်ပွဲက တိုင်းပြည်ကို တကယ်ပြောင်းလဲသွားတာကို မြင်ချင်ပါတယ်။ ဒီနေ့ တရားရုံးကို လာရောက်အားပေးကြတဲ့သူတွေကိုရော၊ နောက်ကွယ်ကနေ အမည်မဖော်ပဲ ကူညီပေးကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘာရလဒ်ပဲ ဖြစ်ဖြစ် တိုက်ပွဲက မပြီးသေးပါဘူး။” လို့ အာနွန်က ပြောသွားတာပါ။

ထိုင်းလူ့အခွင့်အရေးရှေ့နေ Arnon Nampa တရားရုံးကိုရောက်လာပြီး မီဒီယာစကားပြောနေစဉ် (စက်တင်ဘာ ၂၆၊ ၂၀၂၃)
ထိုင်းလူ့အခွင့်အရေးရှေ့နေ Arnon Nampa တရားရုံးကိုရောက်လာပြီး မီဒီယာစကားပြောနေစဉ် (စက်တင်ဘာ ၂၆၊ ၂၀၂၃)

ဒါဟာဆိုရင် စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရရဲ့ အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပြီး၊ အရပ်သားအစိုးရလက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် အငြင်းပွားဖွယ်ရာ ဥပဒေနဲ့ အပြစ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိတဲ့ အာနွန်ဟာ ဘုရင်နဲ့ တော်ဝင်မိသားစုဝင်တွေကို စော်ကားမှုနဲ့ နောက်ထပ် အမှုပေါင်း ၁၃ ခုနှင့် ရင်ဆိုင်နေရသလို၊ ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုအတွင်း လူစုလူဝေးပွဲတွေကို တားမြစ်ပိတ်ပင်ထားတဲ့ အရေးပေါ်အမိန့်ကို ချိုးဖောက်တဲ့အတွက် ဘတ်ငွေ ၂ သောင်းလည်း ဒဏ်ရိုက်ခံရပါသေးတယ်။ အာနွန်ရဲ့ ရှေ့နေ Kritsadang Nutcharat ကတော့ အမှုအတွက် အယူခံဝင်ပြီး အာမခံရယူမယ်လို့ ပြောပါတယ်။ အာနွန်ဟာ ၂၀၂၁ ခုနှစ်က သူ့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုအတွက် တောင်ကိုရီးယား Gwangju လူ့အခွင့်အရေးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG