သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသားလူကုန်ကူးခံရမှု ထိုင်းဒုတိယအများဆုံး


လူကုန်ကူးခံရသူများ
လူကုန်ကူးခံရသူများ

တရုတ်နိုင်ငံ ပြီးရင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားတွေ ဒုတိယမြောက် လူကုန်ကူးခံရမှု အများဆုံး နိုင်ငံ ဖြစ်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ တခုက ထောက်ပြပါတယ်။ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား အမျိုးသား အများစုကတော့ ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ခေါင်းပုံဖြတ် ခိုင်းစေခံရပြီး အမျိုးသမီးတွေကိုတော့ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေမှာ ခေါင်းပုံဖြတ်ခိုင်းစေခံကြရသလို ကလေးငယ်တွေကတော့ တောင်းရမ်းဖို့ အတင်းအဓမ္မ ခိုင်းစေခံရတယ်လို့ ကုလ အစီရင်ခံစာက ပြောဆိုထားပါတယ်။

ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနိုင်ငံတို့ကနေ ထိုင်းနိုင်ငံတွင်း လူမှောင်ခိုကူးမှုဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး ဆိုင်ရာ အဖွဲ့ UNODC နဲ့ Thailand Institute of Justic (TIJ) တို့ က ဒီကနေ့ မိတ်ဆက် ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံတွင်းကနေ ပြည်ပကို ရွှေ့ပြောင်းသွားလာကြသူတွေရဲ့ ၇၀ ရာခိုင်နှုန်းက ထိုင်းနိုင်ငံကို လာရောက်ကြတာပါ။ ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်ကြသူ ၄ သန်းထဲက ၉၀ ရာခိုင်နှုန်းကတော့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံတို့က ဖြစ်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြပါတယ်။

ရွှေ့ပြောင်း အခြေချမှု များလာတာနဲ့ အတူ လူမှောင်ခိုကူးမှု၊ ရွှေ့ပြောင်း အခြေချသူတွေကို မှောင်ခိုလုပ်တာတွေကလည်း ပိုပြီး ရှုပ်ထွေးလာတာကြောင့် တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့နဲ့ သတင်းအချက်အလက် မျှဝေဖို့က အရေးပါလာတယ်လို့ UNODC ရဲ့ ဒေသဆိုင်ရာ တာဝန်ခံ Benjamin Smith က ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG