သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းက လွတ်လာသူ အများအပြားကို လက်ခံဖို့ ထိုင်းအစိုးရပြင်ဆင် 


ကရင်ပြည်နယ် မြဝတီခရိုင် ကျောက်ခက်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေကို ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းစစ်တပ်က လာရောက်ခေါ်ယူနေစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)
ကရင်ပြည်နယ် မြဝတီခရိုင် ကျောက်ခက်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေကို ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းစစ်တပ်က လာရောက်ခေါ်ယူနေစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)

မြန်မာနိုင်ငံဘက်က အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေမှာ လူကုန်ကူးခံထားရသူတွေ လက်ခံဖို့ ထိုင်းအစိုးရအနေနဲ့ ပြင်ဆင်ထားကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီနယ်တဝိုက်မှာအခြေစိုက်တဲ့ ကျားဖြန့် ဂိုဏ်းတွေကနေ လူမှောင်ခိုကူးခံရသူ အများအပြား ပြန်လွတ်လာဖို့ရှိကြောင်း၊ ဒါပေမယ့် ဒီလူအားလုံးကို လက်ခံဖို့တော့မဖြစ်နိုင်ကြောင်း လည်း ဒီကနေ့ ဖေဖေါ်ဝါရီ ၁၂ ရက် ဗုဒ္ဓဟူးနေ့မှာ သူကပြောပါတယ်။ သူတို့ရဲ့ နေရပ်ရင်းနိုင်ငံတွေက အဲဒီနိုင်ငံသားတွေကို ပြန်လက်မခံဘူးဆိုရင် ထိုင်းဘက်က လက်ခံမှာမဟုတ်ကြောင်းလည်း Wechayachai က ပြောတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ဖေါ်ပြထားပါတယ်။ ကျားဖြန့်ဂိုဏ်း တွေကနေ လူအများအပြား တပြိုင်တည်းပြန်လွတ်လာတာကိုလက်ခံဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို နယ်စပ်မှာနေရာချထားတယ်လို့ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ Wechayachai က ပြောပါတယ်။

မနေ့က အင်္ဂါနေ့တုန်းက DKBA ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် ထိန်းချုပ်ရာနယ်မြေတွေက ကာစီနိုလောင်းကစားရုံတွေမှာ လူကုန်ကူးခံထားရသူ ၂၆၁ ယောက်ကို လိုက်လံစုဆောင်းပြီး ဒီကနေ့မှာ ထိုင်းနိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ DKBA ကလည်း ပြောပါတယ်။

အဲဒီနိုင်ငံခြားသားတွေဟာ ဘင်္ဂလားဒေ့ရှ်၊ အီသီယိုးပီးယား၊ ကင်ညာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းမှာပါဝင်ခဲ့ဖူးသူ ဟုတ်မဟုတ်ဆိုတာ ထိုင်းကစစ်ဆေးမှာပါ။ ကျားဖြန့် မဟုတ်သူတွေ နေရပ်ရင်း ပြန်ပို့ဖို့အတွက်တော့ သုံးပတ်ကနေတလအထိ အချိန်ယူရနိုင်ကြောင်းသူက ပြောပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းမှာ ကျားဖြန့်ဂိုဏ်းတွေမရှိကြောင်း သက်သေပြနိုင်တဲ့အခါ မြန်မာနိုင်ငံကို ဖြတ် ထားတဲ့ လျှပ်စစ်မီး၊ စက်သုံးဆီ၊ အင်တာနက် စတာတွေပြန်ပေးဖို့ စဥ်းစားသွားမဲ့အကြောင်းလည်း ထိုင်းဘက်က မြန်မာဘက်ကို ပြောထားကြောင်း Wechayachai ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG