သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်တလျှောက်မြန်မာစစ်ပြေးဒုက္ခသည်တွေ လက်ခံဖို့ ထိုင်းအဆင်သင့်ရှိ


ကော့ကရိတ်မြို့အနီးတိုက်ပွဲတွေကြောင့် အာရှလမ်းမကြီးလမ်းပိတ်ဆို့နေ (နိုဝင်ဘာ ၃၀၊ ၂၀၂၃)
ကော့ကရိတ်မြို့အနီးတိုက်ပွဲတွေကြောင့် အာရှလမ်းမကြီးလမ်းပိတ်ဆို့နေ (နိုဝင်ဘာ ၃၀၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဒါ့ထက်ပိုများ ပြင်းထန်လာတဲ့အခါ ဒုက္ခသည်တွေကိုလက်ခံနိုင်အောင် နယ်စပ်တလျှောက်မှာ ခိုလှုံရာစခန်းတွေတည်ဆောက်ဖို့ အစိုးရ က အဆင်သင့်ရှိနေပါတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းက ရေးပါတယ်။

ထိုင်းအစိုးရက မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီး ဗဟိဒ္ဓ နုကာရ (Parnpree Bahiddha-Nukara) က တနင်္ဂနွေနေ့ က ပြောခဲ့တာပါ။ ပတ်သက်နေကြတဲ့ အဖွဲ့အားလုံး ရန်စောင်နေကြတာ အဆုံးသတ်ကြပြီး မြန်နိုင်သမျှ အမြန်ဆုံး ဆွေးနွေးညှိနှိုင်းကြဖို့လည်း သူက တောင်းဆိုလိုက်ပါတယ်။ “လက်ရှိအခြေအနေအောက်မှာတော့ ဒုက္ခသည်တွေ စုပြုံအောတိုက် ရောက်လာကြဖွယ် မရှိသေးဘူး” လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ခုကစပြီး တကယ်လို့ တိုက်ခိုက်ကြတာတွေတိုးများလာခဲ့ရင် ထိုင်းနိုင်ငံတခုတည်းမဟုတ်ဘဲ လားရာအနှံ့ကို ဒုက္ခသည်တွေ ထွက်လာနိုင်ကြပါတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တွက်ဆပါတယ်။ စစ်ပွဲမှာ ပြင်ပနိုင်ငံကြီးတနိုင်ငံက ပါဝင်ပတ်သက်နေတဲ့သတင်း ဘာသတင်းမှ သူမရရှိသေးပါဘူးလို့လည်း မစ္စတာပန်းပရီးက ပြောပါတယ်။

‘မြန်မာစစ်ပွဲက ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု ခုထိတာ့ မရှိသေးပါဘူး’ လို့ တပ်မဟာ ၃ တပ်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ပရာစန်း ဆန်ဂ်စီရီရက် (Prasarn Saengsirirak) က ပြောပါတယ်။ ‘ဒုက္ခသည်တွေ နယ်စပ်ဖြတ်လာခဲ့ရင် လူသားချင်းစာနာထောက်ထားရေး အကူအညီ သူတို့ရမှာပါ’ လို့ ဒုတိယ ဗိုလ်ချုပ်ကြီး က ဆိုပါတယ်။ ထိုင်းနယ်မြေကိုကာကွယ်ဖို့ ထိုင်းစစ်သားတွေ က အသင့်စောင့်ကြပ်နေကြပါတယ်လို့လည်း သူက ပြောပါတယ်။

နယ်စပ်မြို့ မြဝတီမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ စနေနေ့က တိုက်ပွဲတွေ ဖြစ်ပွါးပြီး ကုန်ကားတွေနဲ့ လုပ်ငန်းရှင်တွေ သောင်တင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG