သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံသားတွေ ပြန်ပေးဆွဲ၊ ငွေညှစ်မှုအတွက် ထိုင်းတပ်ဖွဲ့ဝင်တချို့နဲ့ မြန်မာတဦး အရေးယူခံရ


မြန်မာနိုင်ငံ၊ ရွှေကုက္ကိုလ်မြို့က ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဆီ ပို့မယ့် တရားဝင်ပတ်စ်ပို့ကိုင်ထားတဲ့ တရုတ်နိုင်ငံသားငါးဦးကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိကယ်ဆယ်စဥ် ယခင်မှတ်တမ်းဓာတ်ပုံ။ (နိုဝင်ဘာ ၁၂၊ ၂၀၂၄/ ဓာတ်ပုံ - Thai Immigration)
မြန်မာနိုင်ငံ၊ ရွှေကုက္ကိုလ်မြို့က ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဆီ ပို့မယ့် တရားဝင်ပတ်စ်ပို့ကိုင်ထားတဲ့ တရုတ်နိုင်ငံသားငါးဦးကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိကယ်ဆယ်စဥ် ယခင်မှတ်တမ်းဓာတ်ပုံ။ (နိုဝင်ဘာ ၁၂၊ ၂၀၂၄/ ဓာတ်ပုံ - Thai Immigration)

တရုတ်နိုင်ငံသား ၇ ယောက်ကို ပြန်ပေးဆွဲ ငွေတောင်းဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းရဲ ၄ ယောက်၊ ရိန်ဂျာလက်နက်ကိုင် လုံခြုံရေးအဖွဲ့ဝင်တယောက်နဲ့ မြန်မာနိုင်ငံသာ တယောက်အပါ စုစုပေါင်း လူ ၈ ယောက်ကို အရေးယူထားကြောင်း မနေ့က ဇန်နဝါရီလ ၂၆ ရက်နေ့ ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးပါတယ်။

တရုတ်နိုင်ငံသား ၇ ယောက်ကို လာအိုနိုင်ငံမှာ လခကောင်းတဲ့အလုပ်တွေပေးမယ်ဆိုပြီး ဖျားယောင်းခေါ်ဆောင် ခဲ့ပြီးတဲ့နောက် နောက် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း Ubon Ratchathani ပြည်နယ် Phibun Mangsahan ခရိုင်က တည်းခိုခန်းတခုမှာ ထိန်းသိမ်းထားခဲ့တယ်လို့ သတင်းမှာ ရေးပါတယ်။ သူတို့ကို ဘတ်ငွေနှစ်သိန်းနဲ့ ရွေးဖို့ လာအိုနိုင်ငံမှာရှိတဲ့ ဆွေမျိုးတွေဆီကတောင်းခဲ့ပါတယ်။ တရုတ်လူမျိုး ၇ ယောက်က သူတို့ကိုထားတဲ့ တည်းခိုခန်းနေရာကို GPS ကတဆင့် ဆွေမျိုးတွေဆီလှမ်းပို့ခဲ့တာကြောင့် ဆွေမျိုးတွေက ထိုင်းရဲတပ်ဖွဲ့ကို အကူအညီတောင်းခဲ့တာပါ။

တည်းခိုခန်းကိုဝင် စီးနင်းကယ်တင်ခဲ့သလို ပြန်ပေးဆွဲတဲ့ ထိုင်းရဲတွေနဲ့ မြန်မာနိုင်ငံသားတယောက်အပါ စုစုပေါင်း ၈ ယောက်ကို ဖမ်းဆီး အရေးယူထားတယ်လို့ သတင်းမှာ ရေးသားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG