သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်မီးဖြတ်မယ့်အကြောင်း ထိုင်းကကြိုတင်အသိပေးပေမဲ့ မြန်မာစစ်ကောင်စီက အကြောင်းမပြန်ခဲ့

ထိုင်းနိုင်ငံရဲ့ ဒုဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ Phumtham Wechayachai (ဝဲ) (ဒီဇင်ဘာ ၁၈၊ ၂၀၂၄)
ထိုင်းနိုင်ငံရဲ့ ဒုဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ Phumtham Wechayachai (ဝဲ) (ဒီဇင်ဘာ ၁၈၊ ၂၀၂၄)

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုနှိမ်နှင်းဖို့ နယ်စပ်မှာရှိတဲ့ နယ်မြေငါးနေရာကို လျှပ်စစ်မီးဖြတ်တောက်မဲ့အကြောင်း မြန်မာစစ်ကောင်စီကို ကြိုတင်အကြောင်းကြားခဲ့ပေမဲ့ တစုံတရာအကြောင်းပြန်ကြားခြင်းမရှိကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ Phumtham Wechayachai က ထိုင်း ရုပ်မြင် သံကြား Channel 22 ကို ပြောဆိုပါတယ်။

ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးဖြတ်တောက်လိုက်တဲ့အတွက် နယ်စပ်ကလောင်းကစားရုံတွေဟာ မီးစက်တွေနဲ့ လည်ပတ်နေပါတယ်။ ဒီလို မီးစက်တွေကိုကြိုတင်ဝယ်ဖို့ အချိန်အတန်ကြာကတည်းက ကြိုတင်ပြင်ဆင်ထား တာ တွေ့ရတယ်လို့လည်း ထိုင်းထောက်လှမ်းရေး သတင်းရပ်ကွက်ကို ကိုးကားပြီး ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံအတွင်း နေရာ ၅၉ ခုကို ဓါတ်ဆီ၊ ဒီဇယ်ရောင်းချခွင့်ပိတ်ပင်ဖို့ ထိုင်းဘက်က ပြင်ဆင်နေတဲ့အတွက် ဒီမီးစက်တွေ ကြာကြာသုံးနိုင်မှာမဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။ ဒီလို ဖြတ်တောက်တဲ့အတွက် မြန်မာနိုင်ငံအတွင်းက အရပ်သားတွေ၊ ဆေးရုံတွေထိခိုက်နိုင်ပေမဲ့ ထိုင်းနိုင်ငံသားတွေအကျိုး ဦးစားပေးရမှာဖြစ်တဲ့အကြောင်း ဝန်ကြီး Phumtham က ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာတင် အွန်လိုင်းငွေကြေးလိမ်လည်မှု ငါးသိန်းငါးသောင်း (၅၅၀,၀၀၀) ကျော် ရှိခဲ့ပြီး ထိုင်းနိုင်ငံသားတွေရဲ့ ဘတ်ငွေ ၆၄ ဘီလျံကျော် ဆုံးရှုံးခဲ့တဲ့အကြောင်းလည်း ထိုင်းကာကွယ်ရေးဝန်ကြီးက ‌ပြောဆိုသွားပါတယ်။

This item is part of

Forum

XS
SM
MD
LG