သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယုဒ္ဓယမှာ စစ်ဘေးရှောင်တွေအပါအဝင် မြန်မာ ၁၀၀ ကျော် အဖမ်းခံရ


ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် ဥထိုင်းမြို့နယ်မှာ စစ်တပ်၊ ရဲနဲ့ လဝက,အပါအဝင် ဌာနပေါင်းစုံ ပူးပေါင်းအဖွဲ့ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ အဖမ်းခံရတဲ့ မြန်မာဆောက်လုပ်ရေးအလုပ်သမားများ။ (ဒီဇင်ဘာ ၈၊ ၂၀၂၄/ ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် ဥထိုင်းမြို့နယ်မှာ စစ်တပ်၊ ရဲနဲ့ လဝက,အပါအဝင် ဌာနပေါင်းစုံ ပူးပေါင်းအဖွဲ့ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ အဖမ်းခံရတဲ့ မြန်မာဆောက်လုပ်ရေးအလုပ်သမားများ။ (ဒီဇင်ဘာ ၈၊ ၂၀၂၄/ ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် ဥထိုင်းမြို့နယ်မှာ စစ်တပ်၊ ရဲနဲ့ လဝက,အပါအဝင် ဌာနပေါင်းစုံ ပူးပေါင်းအဖွဲ့ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ မြန်မာ ၁၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့က ဆောက်လုပ်ရေးအလုပ်သမားတန်းလျားကို ဝင်ရောက်ရှာဖွေချိန်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး အဲဒီထဲက ၃၀ ကျော်ကတော့ စစ်ဘေးရှောင်ရင်း ထိုင်းနိုင်ငံထဲကို ရောက်လာကြတာလို့ ဆိုပါတယ်။ ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက်မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်နိုင်ငံခြားသားတွေကိုဖမ်းဆီးနေရာမှာ ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယ ခရိုင် ဥထိုင်းမြို့နယ်မှာရှိတဲ့ ဆောက်လုပ်ရေးအလုပ်သမား တန်းလျားကို ဒီဇင်ဘာလ ၈ ရက်နေ့က စစ်တပ်၊ ရဲအပါအဝင် ဌာနပေါင်းစုံးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ပါတယ်။ ဒီထဲမှာ မြန်မာ ၁၀၀ ကျော် ဖမ်းမိခဲ့တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ဒီဇင်ဘာလ ၈ ရက်နေ့မနက်ဝေလီဝေလင်းအချိန်လောက်မှာ လဝက၊ မှုခင်းရဲ၊ နယ်ခြားစောင့် ဒေသဆိုင်ရာပူးပေါင်းအဖွဲ့တွေက ထိုင်းအလယ်ပိုင်း အယုဒ္ဓယခရိုင် ဥထိုင်းမြို့နယ်ထဲမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာအလုပ်သမား ၁၀၀ ကျော်ဖမ်းမိတယ်။ ဖမ်းတဲ့အချိန် မနက်အစောကြီးဆိုတော့ အိမ်ခေါင်မိုးပေါ်တက်ပြေးတဲ့သူနဲ့ အိမ်သာထဲထွက်ပြေးသူနဲ့ အယောက် ၁၀၀ ကျော်ဖမ်းမိပါတယ်။”

ဥထိုင်းမြို့နယ်၊ နောင်နမ့်ဆုမ့်ရပ်ကွက် နယ်မြေ ၄ မှာရှိတဲ့ ဆောက်လုပ်ရေးအလုပ်သမားတန်းလျားမှာ တရားမဝင်အလုပ်သမားတွေ နေထိုင်နေတယ်ဆိုပြီး သတင်းရတဲ့အတွက် ထိုင်းအာဏာပိုင်တွေက သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီထဲမှာ မယ်ဟောင်ဆောင်ခရိုင် တောလမ်းတွေကနေလာတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၇ ယောက်ပါဝင်တယ်လို့လည်း ပြောပါတယ်။

“အဲဒီထဲက လူတွေစစ်ချတော့ အမျိုးသား ၂၆ ယောက်နဲ့ အမျိုးသမီး ၁၁ ယောက်က ထိုင်းကို ဝင်လာတာလည်း မကြာသေးဘူး။ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ကနေ စစ်ဘေးရှောင်ရင်း လာကြတာဖြစ်ပါတယ်။ အဲဒီ အယောက်၃၀ ကျော်ကတော့ စစ်ဘေးရှောင်ပြီး ထိုင်းမြောက်ပိုင်း တောလမ်းကနေ ဝင်လာတာဖြစ်တယ်။ သူတို့ကတော့ သိတ်မကြာသေးဘူး။ ပွဲစားကို တယောက်ကို ဘတ် တသောင်းခွဲကနေ ၂ သောင်းလောက်ပေးပြီး အဲဒီလုပ်ငန်းခွင်မှာ အလုပ်လာလုပ်တာဖြစ်တယ်။ သူတို့ရဲ့လုပ်အားခကတော့ တနေ့ကို ဘတ်ငွေ ၅၀၀ ကနေ ၆၀၀ ထိရတယ်လို့ ထွက်ဆိုကြပါတယ်။

ထိုင်းနိုင်ငံထဲမှာ အလုပ်သမားလက်မှတ်တွေလုပ်ပေးတော့မယ့်အချိန်မှာ မြန်မာနိုင်ငံသားတွေ အစုလိုက်ဝင်ရောက်လာနေပါတယ်။ မြန်မာနိင်ငံမှာ နိုင်ငံရေး စစ်ရေး မတည်ငြိမ်မှုတွေသာမက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားလူငယ်တွေကို အတင်းအကြပ်စစ်သားစုဆောင်းတဲ့အတွက် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို မြန်မာတွေ နေ့စဉ်ဝင်ရောက်လာနေပါတယ်ရှင်။

Forum

XS
SM
MD
LG