သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရနောင်း လူဝင်မှုအချုပ်က မြန်မာ ၁၆၀ နီးပါး ထိုင်းက ပြန်လွှဲပေး


ဇန်နဝါရီလ ၂၈ ရက်နေ့က နေရပ်ပြန်ပို့ခဲ့တဲ့ ရနောင်းလဝက အချုပ်ကမြန်မာနိုင်ငံသားတချို့။ (ဇန်နဝါရီ ၂၈၊ ၂၀၂၁)
ဇန်နဝါရီလ ၂၈ ရက်နေ့က နေရပ်ပြန်ပို့ခဲ့တဲ့ ရနောင်းလဝက အချုပ်ကမြန်မာနိုင်ငံသားတချို့။ (ဇန်နဝါရီ ၂၈၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့က လူဝင်မှု ကြီးကြပ်ရေး အချုပ်ထောင်မှာ ဆူပူမှုဖြစ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသား အချုပ်သား ၁၆၀ နီးပါးကို ထိုင်းအာဏာပိုင်တွေ မြန်မာနိုင်ငံကို လွဲှပြောင်းပေးလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်းမြန်မာ နယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ ရနောင်းမြို့က လူဝင်မှုကြီးကြပ်ရေး အချုပ်ထောင်မှာ လွတ်ရက်စေ့ပေမဲ့ နေရပ်ပြန်ခွင့်မရကြဘဲ ဖြစ်နေတဲ့ မြန်မာနိုင်ငံသား ၄၀၀ ကျော် ဆူပူမှု ဖြစ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နေရပ်ပြန်ပို့လိုက်တာ ဖြစ်ပါတယ်။ လွတ်ရက်ပြည့်နေပေမဲ့ နှစ်နဲ့ချီအောင် ထိန်းသိမ်းခံရသူတွေ ရှိနေတာကြောင့် နေရပ်ပြန်ခွင့်ရရေး တနင်္လာနေ့တုန်းက ဆူပူမှုတွေ ဖြစ်ခဲ့ပြီးနောက် ၂ ဘက် အာဏာပိုင်တွေ ဆွေနွေးပြီး နေရပ်ပြန်ပို့ရေး စီစဉ်ခဲ့ကြတာပါ။ ပထမအသုတ်အဖြစ် ၁၆၀ လောက်ကို ပြန်ပို့ပေးခဲ့ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးက ပြောပါတယ်။

“အခုဆိုရင်တော့ ၁၅၈ ယောက်ပဲပေါ့။ လောလောဆယ်က ၁၆၆ ယောက်လွဲဖို့ သတ်မှတ်ထားတာ မနေ့ညကပေါ့လေ။ ဒီမနက်မှာတော့ မနက် ၈ နာရီခွဲက စပြီး လွဲှပြောင်းပေးနေတာ ကျနော်နဲ့တော့ အဆက်သွယ်ရတယ်။ အရေးပေါ်ပစ္စည်းတချို့ကိုတော့ ကျနော်တို့က ထောက်ပံ့ပေးတယ်။ နောက်ထပ်လည်း ၉၇ ယောက်ထပ်လွဲှပြောင်းပေးမယ်လို့ သိရပါတယ်။ ရက်စွဲနဲ့ဘယ်အချိန် လွဲှမယ်ဆိုတာတော့ မသိရသေးပါဘူး။”

ကိုဗစ်ကပ်ဘေးကာလ မတိုင်ခင်မှာတုန်းက အခုဆူပူမှုဖြစ်ခဲ့တဲ့ လူဝင်မှုအချုပ်ဟာ ထိုင်းနိုင်ငံ တောင်ပိုင်းက အချုပ်စခန်းတွေက လွတ်ရက်စေ့သူတွေကို ယာယီထိန်းသိမ်းပေးထားပြီး မြန်မာနိုင်ငံဘက် လွဲှပြောင်းပေးလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်းမြို့မှာ ကပ်ရောဂါကာလ စောင့်ကြည့်ရေးစင်တာတွေ မလုံလောက်တာကြောင့် လွတ်ရက်ပြည့်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လက်ခံရေး အစီအစဉ်လည်း ကြန့်ကြာနေခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၇၆ ယောက်နဲ့ ကူးစက်သူ ၁၅,၀၀၀ ကျော် ရှိနေတဲ့ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်မှုတွေ တကျော့ပြန် ပေါ်ပေါက်နေတာကြောင့် နယ်စပ် ဝင်ထွက်သွားလာမှုတွေကိုလည်း တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG