သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ သိန်းနဲ့ချီတဲ့ မြန်မာတွေ အလုပ်ရဖို့ အလုပ်သမားရေး လှုပ်ရှားသူတွေခန့်မှန်း


နွန်ထဘူရီပြည်နယ်မှာ စက်တင်ဘာလ၂၀ရက်နေ့က မြန်မာအပါအဝင်နိုင်ငံခြားသားအလုပ်သမားတွေကာကွယ်ဆေးထိုးနှံဖို့ လာရောက်တန်းစီနေကြပုံ (CJ)
နွန်ထဘူရီပြည်နယ်မှာ စက်တင်ဘာလ၂၀ရက်နေ့က မြန်မာအပါအဝင်နိုင်ငံခြားသားအလုပ်သမားတွေကာကွယ်ဆေးထိုးနှံဖို့ လာရောက်တန်းစီနေကြပုံ (CJ)

ထိုင်းနိုင်ငံမှာ သိန်းနဲ့ချီတဲ့ မြန်မာတွေ အလုပ်ရဖို့ အလုပ်သမားရေး လှုပ်ရှားသူတွေခန့်မှန်း

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းများအတွက် ရွှေ့ပြောင်းလုပ်သား ၈ သိန်း အရေးပေါ် လိုအပ်နေကြောင်း ထိုင်းစက်မှုလက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) ကပြောကြားလိုက်ပါတယ်။ ခေါ်ယူမယ့် အလုပ်သမားတွေထဲမှာ ၄သိန်းလောက်က မြန်မာအလုပ်သမားတွေကို ခေါ်ယူဖိုလည်းလျာထားချက်ရှိပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်ထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံရဲ့ကုန်ထုတ်လုပ်မူ့လုပ်ငန်းနဲ့ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု လုပ်ငန်းများအတွက် ရွှေ့ပြောင်းလုပ်သား ၈ သိန်း အရေးပေါ် လိုအပ်နေကြောင်း ထိုင်းစက်မှုလက်မှုလုပ်ငန်းအဖွဲ့ချုပ်Federation of Thai Industries (FTI) က ထိုင်းအစိုးရကိုတင်ပြထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို အလုပ်သမားရေး လုပ်ဆောင်နေတဲ့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (FED )က အလုပ်သမားရေးတာဝန်ခံဦးမင်းဦးကအခုလိုပြောပြပါတယ်

"သူတို့ကတောင်းဆိုထားပါတယ် ။အလုပ်သမားတွေကို တရားဝင်ခေါ်ဖို့အတွက်လုပ်ငန်းတွေ တရားဝင်ပြန်ဖွင့်ဖို့အတွက် Tourismတွေကောထုတ်ကုန်တွေကောအလုပ်သမားတွေလိုတာပေါ့ ။ အထူးသဖြင့်ရွှေပြောင်းအလုပ်သမားတွေလိုတာပေါ့။ ၈သိန်းထဲမှာလူ၅သိန်းက ထုတ်ကုန်နဲ့ပတ်သက်တဲ့နေရာတွေမှာပေါ့။ စက်မူ့ထုတ်ကုန်တွေ စက်ရုံအလုပ်ရုံတွေမှာပေါ့။ ကျန်တဲ့၃သိန်းကတော့ ဝန်ဆောင်မူ့ပေးတဲ့လုပ်ငန်းတွေ ခရီးသွားလုပ်ငန်းတွေအတွက် သူတိုကနေ အစိုးရကိုတောင်းဆိုတာပေါ့"

ထိုင်းနိုင်ငံကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ ပြန်လည်မြှင့်တင်တဲ့စံနစ်လိုမျိုး အလုပ်သမားခေါ်ယူမယ့် လုပ်ငန်းရှင်တွေက မြန်မြန်ဆန်ဆန် တိုက်ရိုက်ခေါ်ယူနိုင်ဖို့ ထိုင်းအစိုးရကို FTI ကတောင်းဆိုထားပါတယ် ။

ဒီထဲမှာ ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ တာ့ခ်ပြည်နယ် မဲဆောက်မြို့ကနေတဆင့် အလုပ်သမားတွေခေါ်ယူဖို့ စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး ထိုင်းကခေါ်ယူမယ့် မြန်မာကမ္ဘောဒီးယား လားအို့ဝ် ၃ နိုင်ငံက အလုပ်သမားတွေထဲမှာမြန်မာနိုင်ငံကအလုပ်သမား၄သိန်းလောက်ကိုခေါ်ယူဖို့လျှာထားချက်ရှိတယ်လို့လည်းဦးမင်းဦးကပြောပါတယ်။

" ဘာဖြစ်လို့လဲဆိုတော့သူက ဖြစ်နိုင်ရင် send Box လို စံနစ်မျိုးလုပ်ချင်တယ်။ ခရီးသွားလုပ်ငန်းအတွက်အထူးအစီစဉ်တွေလုပ်တယ်မဟုတ်လား။send Box တွေလုပ်တယ် ။ အဲဒီသဘောမျိုးနဲ့ သူတို့ကလည်း အဲဒီလိုမျိုးအလုပ်သမားတွေကိုလွယ်လွယ်ကူကူ လျင်လျင်မြန်မြန်နဲ့နယ်စပ်ကနေ တိုက်ရိုက်ခေါ်ယူဖို့ပြောတာ။ အထူသဖြင့်တာ့ခ်ခရိုင်ကပေါ့။ သူတို့ MOUနဲ့ နိုင်ငံထဲမှာအများဆုံးကမြန်မာကနေ အမျာဆုံးပဲ။ မြန်မာက ၄သိန်းလောက်ခေါ်မယ်လို့ခန်းမှန်းထားတယ်"

လက်ရှိမှာလည်း မြန်မာနိုင်ငံက နိုင်ငံရေး စစ်ရေး စီးပွားရေးအခက်အခဲတွေကြောင့် တရားမဝင်ရွှေပြောင်းအလုပ်သမားတွေ အလုံးအရင်းနဲ့ဝင်ရောက်လာကြတွေလည်းဖြစ်ပေါ်နေတာပါ။

၂၀၂၁ခုနှစ်ထဲမှာ အထောက်အထားမဲ့ ရွှေပြောင်း အလုပ်သမား ၆သောင်းကျော်လောက် ဖမ်းဆီးခံရတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေကဆိုပါတယ် ။ ဒီထဲမှာမြန်မာနိုင်ငံသားတွေအများဆုံးပါဝင်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် လူကုန်ကူးမူ့တွေလည်းဖြစ်လာပြီး တရားဝင်အလုပ်သမားတွေ အမြန်ခေါ်ယူနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတာဟာ လူကုန်ကူးမူ့လျော့ကျစေဖို့လည်း ရည်ရွယ်ကြောင်း ထိုင်းစက်မှုလက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI)ကပြောဆိုခဲ့ပါတယ်ရှင်။

..........................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}










XS
SM
MD
LG