သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ နယ်စပ်လူကုန်ကူးဂိုဏ်းဝင် ၂၀ ကျော် ထိုင်းရဲဖမ်းဆီး


ထိုင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ
ထိုင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ

မြန်မာနိုင်ငံကနေ ထိုင်းတောင်ပိုင်းကိုဖြတ်ပြီး မလေးရှားနိုင်ငံကို တရားမဝင် လူကုန်ကူးမှု နှိမ်နင်းတဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ အထူးစီမံချက်ကာလအတွင်း လူကုန်ကူးဂိုဏ်းမှာ ပါဝင်ပတ်သက်နေသူ ၂၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က တနင်္ဂနွေနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မေလက စတင်ခဲ့ပြီး ဇူလိုင်လမှာ အဆုံးသတ်ခဲ့တဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ နှိမ်နင်းရေးစီမံချက်ကာလအတွင်း လူကုန်ကူးဂိုဏ်းအုပ်စုတွေ တရားမဝင်အသုံးပြုနေတဲ့ မှောင်ခိုလမ်းကြောင်းကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ ထိုင်းတောင်ပိုင်း ရနောင်းမြို့နားမှာရှိနေတဲ့ မြန်မာ ကျွန်းတကျွန်း ဖြစ်တဲ့ Koh Song ကနေ လူကုန်ကူးမှုလမ်းကြောင်း စတင်ခဲ့တာဖြစ်ပါတယ်။ ရနောင်းကို တရားမဝင်ရောက်ရှိလာသူတွေကို ထိုင်းနိုင်ငံ တောင်ပိုင်း အဓိကမြို့ဖြစ်တဲ့ Hatyai ကို မပို့ခင်မှာ ဘတ်စ်ကားတွေနဲ့ Chumphon နဲ့ Phattalung တွေဆီ အရင် ခေါ်ဆောင်သွားကြတယ်လို့ ထိုင်း ရဲဗိုလ်ချုပ် Surachet Hakpal ကပြောပါတယ်။ နောက်မှာ Hatyai မြို့ကတဆင့် ထိုင်း- မလေးရှား နယ်စပ်မြို့တွေဖြစ်တဲ့ Sadao ဒါမှမဟုတ် Sungai Golok မြို့တွေကို ပို့ပြီးနောက် နောက်ဆုံးခရီးဖြစ်တဲ့ မလေးရှားနိုင်ငံထဲကို တောထဲဖြတ်ပြီး လမ်းလျောက်သွားကြတယ်လို့ ဆိုပါတယ်။

တရားမဝင်လာကြသူတွေထဲမှာ အများစုဟာ ရိုဟင်ဂျာတွေဖြစ်ပြီး အခြား မြန်မာနိုင်ငံသား တိုင်းရင်းသားတွေပါဝင်ကြတယ်လို့ ထိုင်း ရဲဗိုလ်ချုပ် Surachet Hakpal ကပြောပါတယ်။

XS
SM
MD
LG