သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘန္ေကာက္ကုလ႐ံုးေ႐ွ႕ ျမန္မာဆႏၵျပပြဲ ထိုင္းရဲဟန္႔တား


ဘန္ေကာက္ကုလ႐ံုးေ႐ွ႕ ျမန္မာဆႏၵျပပြဲ ထိုင္းရဲဟန္႔တား

[Zawgyi/Unicode]

ျမန္မာႏို္င္ငံမွာ စစ္တပ္က အာဏာသိမ္းတာကုိ ကန္႔ကြက္တဲ့ အေနနဲ႔ ထုိင္းႏုိင္ငံေရာက္ ျမန္မာအလုပ္သမားေတြ ဘန္ေကာက္ၿမိဳ႕က ကုလသမဂၢ႐ုံးေရွ႕မွာ ဆႏၵျပခဲ့ၾကတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီး အစုိးရ ထိပ္တန္းေခါင္းေဆာင္ေတြကုိ ထိန္းသိမ္းထားတဲ့အေပၚ ကန္႔ကြက္တဲ့ အေနနဲ႔ ျမန္မာအလုပ္သမားေတြ ဘန္ေကာက္ၿမိဳ႕ ကုလသမဂၢ႐ုံးေရွ႕မွာ စုေ၀းဆႏၵျပခဲ့ၾကၿပီး ျပႆနာကုိ ၾကား၀င္ေျဖရွင္းေပးဖုိ႔ ေတာင္းဆုိခဲ့ၾကတယ္လုိ႔ ထုိင္းႏုိင္ငံ အေျခစုိက္ AAC အလုပ္သမားကူညီေရးအဖဲြ႔ ဒါရိုက္တာဦးခိုင္ႀကီးက ေျပာပါတယ္။ ျမန္မာႏုိင္ငံသား အမ်ားအျပားရွိရာ မဟာခ်ဳိင္အရပ္က ဆႏၵျပပဲြမွာ ပါ၀င္မယ့္ သူေတြကုိေတာ့ ထုိင္းအာဏာပုိင္ေတြက တားျမစ္တာခံခဲ့ရတယ္လုိ႔လည္း ေျပာပါတယ္။

“ခ်ိန္းထားတာက UNHCR ရံုးေရွ႕မွာ ခ်ိန္းထားတာ ထုိင္းဘက္ကေတာ့ က်ေနာ္တို႔ကို ပုလိပ္ရံုးမွာ ထိန္းသိမ္းထားတယ္။ အခုပဲ က်ေနာ္တို႔ ျပန္ေရာက္တယ္။ က်ေနာ္တို ့အိမ္ကေန မထြက္ရဘူး။ က်ေနာ္တို႔အဖဲြ႔ကုိ မဟာခ်ိဳင္ကေန အျပင္မထြက္ပါနဲ႔လို႔ တားထားတယ္။ UNHCR ယူအန္ရံုးေရွ႕မွာေတာ့ အေယာက္ ၁၀၀ ေလာက္ရွိတယ္။ ထုိင္းမွာ ရွိတဲ့လူငယ္ေတြ ခ်ိန္းျပီးသြားၾကတယ္။ ျမိဳ႕နယ္အသီးသီးကေပါ့။ မဟာခ်ဳိင္က လူေတြေတာ့ မပါဘူး။ ဒီလိုအာဏာသိမ္းတဲ့လုပ္ရပ္က က်ေနာ္တုိ႔ကိုယ္တိုင္လည္း မႀကိဳက္ဘူး။ ျမန္မာအလုပ္သမားေတြလည္း ႀကိဳက္ၾကမွာမဟုတ္ဘူး။”

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တဲ့လုပ္ရပ္ကုိ ကန္႔ကြက္တဲ့ အေနနဲ႔ ရာဂဏန္းရွိတဲ့ ျမန္မာအလုပ္သမားေတြ၊ ထုိင္းတက္ၾကြလႈပ္ရွားသူေတြ မေန႔တုန္းကလည္း ဘန္ေကာက္ၿမိဳ႕က ျမန္မာသံ႐ုံးေရွ႕မွာ စုေ၀းဆႏၵျပခဲ့ၾကသလုိ၊ မဟာခ်ဳိင္ ပုဇြန္ေစ်းေရွ႕မွာလည္း ျမန္မာအလုပ္သမားေတြ ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပသူေတြကုိ မေန႔ညပုိင္းက လုံၿခံဳေရးတပ္ဖဲြ႔ေတြ လူစုခဲြဖုိ႔ ႀကိဳးစားရာက ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားၿပီး ရဲတပ္ဖဲြ႔၀င္ တခ်ဳိ႕ ဒဏ္ရာရခဲ့သလုိ ထုိင္းႏုိင္ငံသား ဆႏၵျပသူ ၃ ဦးထက္ မနည္းလည္း ဖမ္းဆီးခံခဲ့ရပါတယ္။

ကုိဗစ္ကပ္ေရာဂါကာလမွာ လူစုလူေ၀းေရွာင္ဖုိ႔ သတိေပးထားတဲ့ အခ်ိန္မွာပဲ ဆႏၵျပပဲြေတြ ေပၚေပါက္ေနတာေၾကာင့္ ထုိင္းႏုိင္ငံရဲ႕ ဥပေဒေတြကုိ ေလးစားလုိက္နာဖုိ႔လည္း ထုိင္းရဲခ်ဳပ္ Maj. Gen. Suwat Changyodsuk က ဒီကေန႔ပဲ သတိေပးခဲ့ပါတယ္။

"ထုိင္းအစုိးရက အိမ္နီးခ်င္းႏို္င္ငံမွာျဖစ္ေနတဲ့ ႏိုင္ငံေရးကိစၥေတြမွာ ၀င္ေရာက္စြက္ဖက္တဲ့မူ၀ါဒ မရွိပါဘူး။ မေန႔က အင္အားသံုးေျဖရွင္းရတာက ဆႏၵျပဖို႔ အခ်ိန္သတ္မွတ္ေပးထားတာကို လူစုမခဲြတာေၾကာင့္ ျဖစ္တယ္။ ျပီးေတာ့ ကပ္ေဘးကာလအေရးေပၚ ခ်မွတ္ထားတဲ့ ဥပေဒကို ေလးစားလိုက္နာဖို႔ လိုတယ္။ ထုိင္းႏို္င္ငံသားေတြေရာ၊ ျမန္မာႏို္င္ငံသားေတြပါ လက္ရွိထုိင္းအစုိးရသတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာၾကရလိမ့္မယ္။" ဆိုၿပီး ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

ျမန္မာႏိုင္ငံမွာ အစုိးရထိပ္တန္း ေခါင္းေဆာင္ေတြကို ထိန္းသိမ္းၿပီး စစ္တပ္က အာဏာသိမ္းခဲ့တာေၾကာင့္ ထုိင္းႏုိင္ငံ အပါအ၀င္ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ ေရာက္ေနၾကတဲ့ ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြရဲ႕ ကန္႔ကြက္ဆႏၵျပပဲြေတြ ေပၚေပါက္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်တဲ့ အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အစိုးရ ထိပ်တန်းခေါင်းဆောင်တွေကို ထိန်းသိမ်းထားတဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ မြန်မာအလုပ်သမားတွေ ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့မှာ စုဝေးဆန္ဒပြခဲ့ကြပြီး ပြဿနာကို ကြားဝင်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် AAC အလုပ်သမားကူညီရေးအဖွဲ့ ဒါရိုက်တာဦးခိုင်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံသား အများအပြားရှိရာ မဟာချိုင်အရပ်က ဆန္ဒပြပွဲမှာ ပါဝင်မယ့် သူတွေကိုတော့ ထိုင်းအာဏာပိုင်တွေက တားမြစ်တာခံခဲ့ရတယ်လို့လည်း ပြောပါတယ်။

“ချိန်းထားတာက UNHCR ရုံးရှေ့မှာ ချိန်းထားတာ ထိုင်းဘက်ကတော့ ကျနော်တို့ကို ပုလိပ်ရုံးမှာ ထိန်းသိမ်းထားတယ်။ အခုပဲ ကျနော်တို့ ပြန်ရောက်တယ်။ ကျနော်တို့အိမ်ကနေ မထွက်ရဘူး။ ကျနော်တို့အဖွဲ့ကို မဟာချိုင်ကနေ အပြင်မထွက်ပါနဲ့လို့ တားထားတယ်။ UNHCR ယူအန်ရုံးရှေ့မှာတော့ အယောက် ၁၀၀ လောက်ရှိတယ်။ ထိုင်းမှာ ရှိတဲ့လူငယ်တွေ ချိန်းပြီးသွားကြတယ်။ မြို့နယ်အသီးသီးကပေါ့။ မဟာချိုင်က လူတွေတော့ မပါဘူး။ ဒီလိုအာဏာသိမ်းတဲ့လုပ်ရပ်က ကျနော်တို့ကိုယ်တိုင်လည်း မကြိုက်ဘူး။ မြန်မာအလုပ်သမားတွေလည်း ကြိုက်ကြမှာမဟုတ်ဘူး။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့လုပ်ရပ်ကို ကန့်ကွက်တဲ့ အနေနဲ့ ရာဂဏန်းရှိတဲ့ မြန်မာအလုပ်သမားတွေ၊ ထိုင်းတက်ကြွလှုပ်ရှားသူတွေ မနေ့တုန်းကလည်း ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ စုဝေးဆန္ဒပြခဲ့ကြသလို၊ မဟာချိုင် ပုဇွန်ဈေးရှေ့မှာလည်း မြန်မာအလုပ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကို မနေ့ညပိုင်းက လုံခြုံရေးတပ်ဖွဲ့တွေ လူစုခွဲဖို့ ကြိုးစားရာက ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် တချို့ ဒဏ်ရာရခဲ့သလို ထိုင်းနိုင်ငံသား ဆန္ဒပြသူ ၃ ဦးထက် မနည်းလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ လူစုလူဝေးရှောင်ဖို့ သတိပေးထားတဲ့ အချိန်မှာပဲ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာကြောင့် ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့လည်း ထိုင်းရဲချုပ် Maj. Gen. Suwat Changyodsuk က ဒီကနေ့ပဲ သတိပေးခဲ့ပါတယ်။

"ထိုင်းအစိုးရက အိမ်နီးချင်းနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တဲ့မူဝါဒ မရှိပါဘူး။ မနေ့က အင်အားသုံးဖြေရှင်းရတာက ဆန္ဒပြဖို့ အချိန်သတ်မှတ်ပေးထားတာကို လူစုမခွဲတာကြောင့် ဖြစ်တယ်။ ပြီးတော့ ကပ်ဘေးကာလအရေးပေါ် ချမှတ်ထားတဲ့ ဥပဒေကို လေးစားလိုက်နာဖို့ လိုတယ်။ ထိုင်းနိုင်ငံသားတွေရော၊ မြန်မာနိုင်ငံသားတွေပါ လက်ရှိထိုင်းအစိုးရသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြရလိမ့်မယ်။" ဆိုပြီး ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံမှာ အစိုးရထိပ်တန်း ခေါင်းဆောင်တွေကို ထိန်းသိမ်းပြီး စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများမှာ ရောက်နေကြတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG