သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ ၈ သန်းကျော်ဖိုး မူးယစ်ဆေးဝါး အများအပြား ထိုင်းဖမ်းဆီးမိ


အမေရိကန်ဒေါ်လာ ၈ သန်းကျော် (ထိုင်းဘတ် သန်း ၃၀၀ လောက်) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ထိုင်းရဲက ဖမ်းဆီးရမိခဲ့ကြောင်းပြော (စက်တင်ဘာ ၂၈၊ ၂၀၂၃)
အမေရိကန်ဒေါ်လာ ၈ သန်းကျော် (ထိုင်းဘတ် သန်း ၃၀၀ လောက်) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ထိုင်းရဲက ဖမ်းဆီးရမိခဲ့ကြောင်းပြော (စက်တင်ဘာ ၂၈၊ ၂၀၂၃)

ထိုင်းနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၈ သန်းကျော် ဒါမှမဟုတ် ထိုင်းဘတ် သန်း ၃၀၀ လောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ထိုင်းရဲက ဖမ်းဆီးရမိပါတယ်။ မက်သဖက်တမင်း ယာဘ စိတ်ကြွဆေးပြား အလုံးပေါင်း ၁၅ သန်းလောက် ဖမ်းမိတာ ဖြစ်ပြီး ဒါဟာ တကြိမ်ထဲမှာ ဒီလောက်အများကြီး ဖမ်းမိတဲ့အထဲ အများဆုံးထဲမှာပါကြောင်း ထိုင်းရဲတပ်ဖွဲ့ ရဲချုပ်အသစ် Torsak Sukwimol က ဒီနေ့ ပြောပါတယ်။

မြန်မာ၊ ထိုင်းနဲ့ လာအို ၃ နိုင်ငံဆုံတဲ့ ရွှေတြိဂံဒေသမှာ အထူးသဖြင့် မက်သဖက်တမင်းနဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှုတွေ များတဲ့နေရာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအလယ်ပိုင်း Nakhon Pathom မြို့က အဆောက်အအုံတခုကို မနေ့ညတုန်းက ထိုင်းရဲတွေ ဝင်စီးနင်းခဲ့ပြီး မူးယစ်ဆေးဝါးအများအပြားကို တွေ့ရှိတာကြောင့် အဲဒီမှာ နေတဲ့ လူ ၄ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းမိတဲ့ထဲမှာ ယာဘဆေးပြားတွေအပြင် crystal meth မက်သဖက်တမင်းအခဲ ပေါင် ၉၀၀ နီးပါးနဲ့ ဘိန်းဖြူ တထုပ် ၄၅၀ နီးပါးလည်း ပါဝင်တယ်လို့ ရဲချုပ်က ပြောပါတယ်။

ဒီမူးယစ်ဆေးဝါးတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်ကနေ သွင်းလာတာဖြစ်ပြီး လက်လီရောင်းဖို့ ပြန်မဖြန့်ခင် ဒီနေရာမှာ ခဏလာသိမ်းထားတာဖြစ်ကြောင်းလည်း ထိုင်းရဲတွေကပြောပါတယ်။ ဒီအဖွဲ့ကို စောင့်ကြည့်နေတာ ၂ နှစ်ရှိသွားပြီဖြစ်ပြီး သူတို့ရဲ့ ဂိုထောင်ကို ရှာဖို့ ကြိုးစားနေရာကနေ အခု သူတို့ ဂိုထောင်ပြောင်းတဲ့အချိန်မှာ မိသွားတာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ အရင်နှစ်တုန်းကလည်း ထိုင်းနိုင်ငံမှာ စုစုပေါင်း ယာဘ လို ဆေးပြားအလုံးပေါင်း သန်း ၅၄၀ လောက် ဖမ်းမိတာ ဖြစ်ပြီး ၂၀၁၇ တုန်းကထက်စာရင် ၂ဆလောက် ပိုဖမ်းမိတာဖြစ်ကြောင်း ကုလသမဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG