သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံခြားသတင်းထောက်များအသင်း ရိုဟင်ဂျာအရေးဆွေးနွေးပွဲ ထိုင်းရဲတားဆီးပိတ်ပင်


ထိုင်းနိုင်ငံခြားသတင်းထောက်များအသင်း ရိုဟင်ဂျာအရေးဆွေးနွေးပွဲ ထိုင်းရဲတားဆီးပိတ်ပင်
ထိုင်းနိုင်ငံခြားသတင်းထောက်များအသင်း ရိုဟင်ဂျာအရေးဆွေးနွေးပွဲ ထိုင်းရဲတားဆီးပိတ်ပင်

ရိုဟင်ဂျာတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေ အပေါ် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စစ်တပ် အကြီးတန်း တာဝန်ရှိသူတွေကို တရားရုံးတင်နိုင်မလားဆိုတာကို ဆွေးနွေးကြမယ့် ထိုင်းနိုင်ငံက နိုင်ငံခြား သတင်းထောက်တွေ စီစဉ်တဲ့ ဆွေးနွေးပွဲကို ထိုင်းရဲတပ်ဖွဲ့က ပိတ်ပင်လိုက်ကြောင်း AP သတင်းက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က နိုင်ငံခြား သတင်းထောက်များ ကလပ်မှာ ဒီကနေ့ တနလာၤနေ့ ညနေပိုင်း ဆွေးနွေးပွဲ မစခင်မှာ ရဲတပ်ဖွဲ့ဝင် တဒါဇင်လောက် ရောက်လာပြီး ဦးဆောင် ဆွေးနွေးမယ့်သူတွေကို ဆွေးနွေးပွဲ မလုပ်ဖို့ တားမြစ်ခဲ့ကြောင်း သတင်းက ဖော်ပြပါတယ်။

ဒီဆွေးနွေးပွဲကို ဖျက်ဖို့ FCCT နိုင်ငံခြား သတင်းထောက်များ ကလပ်ကို ညွှန်ကြားတဲ့ စာထဲမှာတော့ နိုင်ငံတော် လုံခြုံရေးကို ထိပါးမှုတွေ၊ မတည်ငြိမ်မှုဖြစ်အောင်ကြားလူ၊ အဖွဲ့အစည်းတွေက အသုံးချသွားနိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က အကြောင်းပြထားတယ်လို့ နိုင်ငံခြားသတင်းထောက်များ ကလပ် FCCT ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ ဒီလို သံသယ ဖြစ်စရာ အကြောင်းမရှိဘူးလို့လည်း FCCT ဘက်က ကြေညာချက်မှာ ချေပထားပါတယ်။ ထိုင်းအာဏာပိုင်တွေ အနေနဲ့ ဒီကိစ္စ အပေါ်မှာ လိုအပ်တာထက် ပိုပြီး ကိုင်တွယ်ခဲ့တယ်လို့နိုင်ငံခြား သတင်းထောက်များ ကလပ် FCCT အဖွဲ့ဝင်တွေက ယူဆကြောင်းလည်း ဖော်ပြထားပါတယ်။

ဒီကနေ့ လုပ်မယ့် ဆွေးနွေးပွဲမှာ ဦးဆောင် ဆွေးနွေးမယ့်သူတွေထဲမှာတော့ ဗြိတိန် အခြေစိုက် ရိုဟင်ဂျာ အရေး လှုပ်ရှားသူ တဦး၊ ထိုင်း သံတမန်ဟောင်း တဦး၊ နောက် အခွင့်အရေးဆောင်ရွက်မှု အဖွဲ့ International Commission of Justic ရဲ့ ကိုယ်စားလှယ် တဦးတို့လည်း ပါဝင်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ရဲ့ မကြာခင်က ထုတ်တဲ့ အစီရင်ခံစာထဲမှာ - ရိုဟင်ဂျာတွေ အပေါ် အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ပြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် စစ်တပ် တာဝန်ရှိသူ တချို့ကို လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ် အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းထားတာပါ။ မြန်မာ အစိုးရဘက်ကတော့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့ကို ပြည်ဝင်ခွင့် မပေးသလို ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုလည်း လက်သင့်မခံပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG