သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းဝန္ႀကီးခ်ဳပ္ ႏုတ္ထြက္ေရး ဘန္ေကာက္ဆႏၵျပပြဲ


ဘန္ေကာက္ၿမိဳ႕မွာ ျပဳလုပ္တဲ့ ထုိင္းအစုိးရဆန္႔က်င္ ဆႏၵျပပြဲ။ (ၾသဂုတ္ ၂၉၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္က လူစည္ကားရာ Asoke လမ္းဆံုမွာ တနဂၤေႏြေန႔က ဆႏၵျပသူ ၁,၀၀၀ ေက်ာ္ စုေဝးၾကၿပီး ဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha ႏုတ္ထြက္ဖို႔နဲ႔ ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

ဆႏၵျပမႈကို ဦးေဆာင္တဲ့ ထိုင္းကက္ဘိနက္ ဒုတိယဝန္ႀကီးေဟာင္းျဖစ္တဲ့ Nattawut Saikua က ဒီလမ္းဆံုမွာ ညေနတိုင္း ဆက္လက္ စုေဝးဆႏၵျပၾကမွာျဖစ္ေၾကာင္း ေျပာပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth အေပၚ အယံုအၾကည္မရွိ အဆိုကို လႊတ္ေတာ္မွာ မဲခြဲခဲ့ေပမယ့္ အဆို႐ႈံးနိမ့္ခဲ့တာေၾကာင့္ မဲခြဲၿပီးေနာက္တေန႔မွာပဲ အခုလို ဆႏၵျပမႈေတြ လုပ္ခဲ့ၾကတာပါ။

ကိုဗစ္ကာကြယ္ေဆးကို အခ်ိန္မီ လံုလံုေလာက္ေလာက္ ထိုးမေပးႏိုင္တဲ့အတြက္ သူ႔အစိုးရအဖြဲ႔ဟာ က်ယ္က်ယ္ျပန္႔ျပန္႔ အေဝဖန္ခံေနရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုလို ကိုဗစ္ကာကြယ္ေဆးျပႆနာ မတိုင္ခင္ကတည္းက Prayuth ႏုတ္ထြက္ေပးဖို႔၊ ဘုရင္စနစ္နဲ႔ ဖဲြ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ဖို႔ ဒီမိုကေရစီေရး လႈပ္ရွားသူေတြက မႏွစ္ ၂၀၂၀ ကတည္းက စၿပီး ဆႏၵျပ ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

သူတို႔ရဲ႕ လႈပ္ရွားမႈဟာ မႏွစ္က ဆႏၵျပသူ ၂၀,၀၀၀ ေလာက္အထိ ရွိေနတတ္တာျဖစ္ၿပီး အခုေတာ့ ဦးေဆာင္သူေတြ အဖမ္းဆီးခံရတာ၊ COVID-19 အတြက္ ကန္႔သတ္တာေတြအျပင္ ထိုင္းစစ္တပ္အပါအဝင္ အုပ္ခ်ဳပ္သူေတြက ဘုရင္စနစ္ကို အကာအကြယ္ေပးေနတာေၾကာင့္ လႈပ္ရွားမႈ အရွိန္ေလ်ာ့ပါးသြားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရေး ဘန်ကောက်ဆန္ဒပြပွဲ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က လူစည်ကားရာ Asoke လမ်းဆုံမှာ တနင်္ဂနွေနေ့က ဆန္ဒပြသူ ၁,၀၀၀ ကျော် စုဝေးကြပြီး ဝန်ကြီးချုပ် Prayuth Chan-ocha နုတ်ထွက်ဖို့နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြမှုကို ဦးဆောင်တဲ့ ထိုင်းကက်ဘိနက် ဒုတိယဝန်ကြီးဟောင်းဖြစ်တဲ့ Nattawut Saikua က ဒီလမ်းဆုံမှာ ညနေတိုင်း ဆက်လက် စုဝေးဆန္ဒပြကြမှာဖြစ်ကြောင်း ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ် Prayuth အပေါ် အယုံအကြည်မရှိ အဆိုကို လွှတ်တော်မှာ မဲခွဲခဲ့ပေမယ့် အဆိုရှုံးနိမ့်ခဲ့တာကြောင့် မဲခွဲပြီးနောက်တနေ့မှာပဲ အခုလို ဆန္ဒပြမှုတွေ လုပ်ခဲ့ကြတာပါ။

ကိုဗစ်ကာကွယ်ဆေးကို အချိန်မီ လုံလုံလောက်လောက် ထိုးမပေးနိုင်တဲ့အတွက် သူ့အစိုးရအဖွဲ့ဟာ ကျယ်ကျယ်ပြန့်ပြန့် အဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ကိုဗစ်ကာကွယ်ဆေးပြဿနာ မတိုင်ခင်ကတည်းက Prayuth နုတ်ထွက်ပေးဖို့၊ ဘုရင်စနစ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက မနှစ် ၂၀၂၀ ကတည်းက စပြီး ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

သူတို့ရဲ့ လှုပ်ရှားမှုဟာ မနှစ်က ဆန္ဒပြသူ ၂၀,၀၀၀ လောက်အထိ ရှိနေတတ်တာဖြစ်ပြီး အခုတော့ ဦးဆောင်သူတွေ အဖမ်းဆီးခံရတာ၊ COVID-19 အတွက် ကန့်သတ်တာတွေအပြင် ထိုင်းစစ်တပ်အပါအဝင် အုပ်ချုပ်သူတွေက ဘုရင်စနစ်ကို အကာအကွယ်ပေးနေတာကြောင့် လှုပ်ရှားမှု အရှိန်လျော့ပါးသွားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG