သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းဝန္ႀကီးခ်ဳပ္ေပၚ အယံုအၾကည္မရွိအဆို လႊတ္ေတာ္မွာ အေရးနိမ့္


ဘန္ေကာက္ၿမိဳ႕ေတာ္က ထုိင္္းအစုိးရ ဆန္႔က်င္ဆႏၵျပေနသူမ်ား။ (စက္တင္ဘာ ၂၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္းဝန္ႀကီးခ်ဳပ္အေနနဲ႔ လႊတ္ေတာ္မွာ မဲခြဲဆံုးျဖတ္ခဲ့တဲ့ သူ႔အေပၚ အယံုအၾကည္မရွိ အဆိုကို အႏိုင္ရခဲ့ေပမယ့္လည္း သူႏုတ္ထြက္ေရး ေတာင္းဆို ဆႏၵျပပြဲေတြကေတာ့ ဆက္ျဖစ္ေနပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း Prayuth Chan-ocha ကို ျဖဳတ္ခ်မယ့္အဆိုကို ေထာက္ခံမဲ ၂၀၈ မဲပဲရခဲ့ၿပီး ကန္႔ကြက္မဲက ၂၆၄ မဲ ရခဲ့တာေၾကာင့္ ဝန္ႀကီးခ်ဳပ္အေနနဲ႔ ရာထူးလက္လြတ္မယ့္အေရး တတိယအႀကိမ္ ေက်ာ္ႏုိင္ခဲ့တာပါ။

ဒါေပမယ့္ လႊတ္ေတာ္ျပင္ပမွာေတာ့ မႏွစ္တည္းကစခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ ႏုတ္ထြက္ေပးေရး ေတာင္းဆို ဆႏၵျပသူေတြအေနနဲ႔ ဒီေန႔ေႏွာင္းပိုင္းမွာလည္း ေနာက္ထပ္ဆႏၵျပပြဲေတြ လုပ္ခဲ့ၾကပါတယ္။

၂၀၁၄ ခုႏွစ္မွာ ဦးေဆာင္အာဏာသိမ္းခဲ့ၿပီး စိတ္ႀကိဳက္ဖြဲ႔စည္းပံုသစ္နဲ႔ ၂၀၁၉ ေရြးေကာက္ပြဲက တက္လာတဲ့ ဝန္ႀကီးခ်ဳပ္ Prayuth အေနနဲ႔ ကိုဗစ္ကာကြယ္ေဆး လံုလံုေလာက္ေလာက္ အခ်ိန္မီ မျပင္ဆင္ႏိုင္ခဲ့တဲ့အေပၚ ေဝဖန္မႈေတြ ျမင့္တက္လာခ်ိန္မွာ ဒီဆႏၵျပပြဲေတြလည္း မၾကာခင္ သီတင္းပတ္ေတြအတြင္း အရွိန္ျမင့္လာေနပါတယ္။

ဝန္ႀကီးခ်ဳပ္ Prayuth ရဲ႕ ကိုဗစ္ကပ္ေရာဂါအေရးအျပင္ စီးပြားေရးကိုင္တြယ္မႈ ညံံ့ဖ်င္းတဲ့အေပၚ လႊတ္ေတာ္အမတ္ေတြက အယံုအၾကည္မရွိအဆို တင္သြင္းခဲ့ခ်ိန္မွာလည္း စစ္တပ္ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ပါတီအေနနဲ႔ သူ႔ကိုျဖဳတ္ခ်ဖို႔ ျပင္ေနတယ္ဆိုၿပီး အတည္မျပဳႏိုင္တဲ့ သတင္းေတြ ႀကီးစိုးခဲ့ပါေသးတယ္။

ဒါေပမယ့္ အာဏာသိမ္းေခါင္းေဆာင္ေဟာင္း Prayuth ကေတာ့ အာဏာကို ေကာင္းေကာင္း ဆက္ထိန္းထားဖို႔ ယံုၾကည္မႈေတြ ေန႔စဥ္ တိုးတိုးလာေနတယ္လို႔သာ လႊတ္ေတာ္တြင္းတိုက္ပြဲ အဆံုးအျဖတ္မတိုင္ခင္ လႊတ္ေတာ္အေရာက္မွာပဲ ေျပာခဲ့ပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ထိုင်းဝန်ကြီးချုပ်ပေါ် အယုံအကြည်မရှိအဆို လွှတ်တော်မှာ အရေးနိမ့်

ထိုင်းဝန်ကြီးချုပ်အနေနဲ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တဲ့ သူ့အပေါ် အယုံအကြည်မရှိ အဆိုကို အနိုင်ရခဲ့ပေမယ့်လည်း သူနုတ်ထွက်ရေး တောင်းဆို ဆန္ဒပြပွဲတွေကတော့ ဆက်ဖြစ်နေပါတယ်။

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း Prayuth Chan-ocha ကို ဖြုတ်ချမယ့်အဆိုကို ထောက်ခံမဲ ၂၀၈ မဲပဲရခဲ့ပြီး ကန့်ကွက်မဲက ၂၆၄ မဲ ရခဲ့တာကြောင့် ဝန်ကြီးချုပ်အနေနဲ့ ရာထူးလက်လွတ်မယ့်အရေး တတိယအကြိမ် ကျော်နိုင်ခဲ့တာပါ။

ဒါပေမယ့် လွှတ်တော်ပြင်ပမှာတော့ မနှစ်တည်းကစခဲ့တဲ့ ဝန်ကြီးချုပ် နုတ်ထွက်ပေးရေး တောင်းဆို ဆန္ဒပြသူတွေအနေနဲ့ ဒီနေ့နှောင်းပိုင်းမှာလည်း နောက်ထပ်ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ်မှာ ဦးဆောင်အာဏာသိမ်းခဲ့ပြီး စိတ်ကြိုက်ဖွဲ့စည်းပုံသစ်နဲ့ ၂၀၁၉ ရွေးကောက်ပွဲက တက်လာတဲ့ ဝန်ကြီးချုပ် Prayuth အနေနဲ့ ကိုဗစ်ကာကွယ်ဆေး လုံလုံလောက်လောက် အချိန်မီ မပြင်ဆင်နိုင်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်လာချိန်မှာ ဒီဆန္ဒပြပွဲတွေလည်း မကြာခင် သီတင်းပတ်တွေအတွင်း အရှိန်မြင့်လာနေပါတယ်။

ဝန်ကြီးချုပ် Prayuth ရဲ့ ကိုဗစ်ကပ်ရောဂါအရေးအပြင် စီးပွားရေးကိုင်တွယ်မှု ညံံ့ဖျင်းတဲ့အပေါ် လွှတ်တော်အမတ်တွေက အယုံအကြည်မရှိအဆို တင်သွင်းခဲ့ချိန်မှာလည်း စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပါတီအနေနဲ့ သူ့ကိုဖြုတ်ချဖို့ ပြင်နေတယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ ကြီးစိုးခဲ့ပါသေးတယ်။

ဒါပေမယ့် အာဏာသိမ်းခေါင်းဆောင်ဟောင်း Prayuth ကတော့ အာဏာကို ကောင်းကောင်း ဆက်ထိန်းထားဖို့ ယုံကြည်မှုတွေ နေ့စဉ် တိုးတိုးလာနေတယ်လို့သာ လွှတ်တော်တွင်းတိုက်ပွဲ အဆုံးအဖြတ်မတိုင်ခင် လွှတ်တော်အရောက်မှာပဲ ပြောခဲ့ပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG