သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ ကိုဗစ်ကန့်သတ်ချက်တွေ ယနေ့စပြီး ဖြေလျော့ပေး


 လုပ်ငန်းများပြန်ဖွင့်လာနတေဲ့ ဘန်ကောက်မြို့ (ဓာတ်ပုံ - Supakit Pattarateranon (voa thai)
လုပ်ငန်းများပြန်ဖွင့်လာနတေဲ့ ဘန်ကောက်မြို့ (ဓာတ်ပုံ - Supakit Pattarateranon (voa thai)

(Zawgyi/Unicode)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဈေးဝယ်ကုန်တိုက်ကြီးတွေ၊ စာသင်ကျောင်းတွေနဲ့ စားသောက်ဆိုင်တွေ ဒီကနေ့ပဲ ပြန်ဖွင့်ပါတယ်။ ဒါကြောင့်လည်း ကပ်ရောဂါဆိုင်ရာ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ၃ လနီးပါးချမှတ်ထားရာက ခုတော့ အခြေအနေတွေ ပုံမှန်လို ပြန်ဖြစ်လာပါတယ်။

"လူအတော်များများ ကာကွယ်ဆေးထိုးနေကြတဲ့အတွက် အခြေအနေတွေ ကောင်းလာပြီလို့ထင်ပါတယ်။ ကပ်ရောဂါဘေးကိုလည်း လူတွေပိုပြီး သတိထားလာကြပါတယ် "လို့ ဈေးဝယ်လာသူ Orrapin Peenanee ကပြောပါတယ်။

ပိုးကူးစက်နိုင်ခြေများတဲ့ ပြည်နယ်၂၉ ခုက အလှပြင်ဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေ နဲ့ အနှိပ်ခန်းတွေအပြင် အားကစားကွင်းတွေကိုပါ ပြန်ဖွင့်ခွင့်ပြုလိုက်တာပါ။ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က သြဂုတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ကြေငြာချက်အရ စားသောက်ဆိုင်တွေမှာလည်း လူအကန့်အသတ်နဲ့ ဝင်ရောက်စားသုံးခွင့်ပြုလိုက်ပါပြီ။

စီးပွါးရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း သူတို့ဝန်ထမ်းတွေကို ကာကွယ်ဆေးအပြည့်ထိုးပေးဖို့နဲ့ ပုံမှန် ပိုးစစ်တာတွေလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ပိုးမရှိကြောင်း ဆေးစစ်ချက်ပြနိုင်သူတွေ ဒါမှမဟုတ် ကာကွယ်ဆေးထိုးပြီးကြောင် းသက်သေပြနိုင်သူတွေကိုပဲ ဆိုင်ဝင်ခွင့်ပြုဖို့လည်း အကြံပေးထားပါတယ်။

ကပ်ရောဂါကြောင့် ထိခိုက်နေရတဲ့ နိုင်ငံ့စီးပွားရေးကို အန္တရာယ်ကင်းစွာ ပြန်စနိုင်ဖို့ ကန့်သတ်ချက်တွေဖြေလေ ျှာ့ပေးတာ၊ ပြင်ဆင်ပြောင်းလဲတာမျိုး လုပ်ဖို့လိုတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ COVID-19 ကပ်ရောဂါဒဏ်နဲ့ အဆိုးဆုံးကြုံနေရတဲ့ ထိုင်းနိုင်ငံမှာ ကာကွယ်ဆေးတွေကိုပါ အရှိန်မြှင့်ထိုးနှံပေးနေပေမယ့် ပြည်သူ ၆၆ သန်းကျော်ထဲက ၁၁% ကိုပဲ ကာကွယ်ဆေးအပြည့်ထိုးပေးနိုင်ပါသေးတယ်။

............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)






XS
SM
MD
LG