သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ ကပ်ဘေးကန့်သတ်ချက် ချိုးဖျက်ပြီး ဒီမိုကရေစီရေး ဆန္ဒပြ


ဘန်ကောက်မြို့တော်မှာ ပြုလုပ်တဲ့ ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြပွဲတခု။ (ဇွန် ၂၆၊ ၂၀၂၁)
ဘန်ကောက်မြို့တော်မှာ ပြုလုပ်တဲ့ ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြပွဲတခု။ (ဇွန် ၂၆၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင်းနိုင်ငံမှာ ဒီကနေ့ တနင်္ဂနွေနေ့ ဘန်ကောက်မြို့ပေါ် စုရုံး ဆန္ဒပြသူတွေကို ထိုင်းရဲတွေက မီးသတ်ပိုက်တွေသုံး လူစုခွဲခဲ့ပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားမှု တနှစ်ပြည့် အထိမ်းအမှတ်နဲ့ ဝန်ကြီးချုပ် Prayut Chan-O-Cha နုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြသူတွေက COVID-19 ရောဂါ ကာကွယ်ဟန့်တားရေး လူစုလူဝေးမလုပ်ရ တားမြစ်ချက်တွေကို ချိုးဖောက်ပြီး ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြတာပါ။

လောလောဆယ် ထိုင်းနိုင်ငံဟာ COVID-19 ရောဂါ တကျော့ပြန်ကူးစက်မှုတွေကို အဆိုးဆုံး ရင်ဆိုင်နေရပါတယ်။ ကူးစက်သူတွေ တိုးလာနေသလို ဆေးရုံတွေမှာလည်း မနိုင်မနင်း ကုသပေးနေရတဲ့ အခြေအေနေ ရင်ဆိုင်နေရပါတယ်။

တနင်္ဂနွေနေ့ ဘန်ကောက်မှာ ဆန္ဒပြသူတွေကတော့ လူ ၅ ယောက်ထက် မစုဝေးရဆိုတဲ့ အမိန့်ကို အာခံပြီး ဒီမိုကရေစီ Monument အထိမ်းအမှတ် ကျောက်တိုင်ကြီးနားကနေ အစိုးရအိမ်တော်အထိ ချီတက်ခဲ့ကြပြီး ဆေးအနီသုတ်ထားတဲ့ ဟန်ပြ အလောင်းအိတ်ပုံစံတွေကို သယ်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် Prayut Chan-O-Cha ချက်ချင်း ချွင်းချက်မရှိ နုတ်ထွက်ပေးပါ။ COVID-19 ကာကွယ်ဆေး အသုံးစရိတ်နဲ့ ထိုင်းတော်ဝင်မိသားစုတွေအတွက် အသုံးစရိတ် လျှော့ချပါ။ ကာကွယ်ဆေးထိုး အစီအစဉ်တွေ လုပ်ဆောင်ပေးပါဆိုပြီး ဆန္ဒပြသူတွေက တောင်းဆို အော်ဟစ်ခဲ့ကြပါတယ်။

ရောဂါကြောင့် အသေအပျောက် များလာတဲ့အတွက် အစိုးရရဲ့ ကာကွယ်ဆေးထိုးရေး အစီအစဉ်တွေ နှောင့်နှေးနေပြီး ဝန်ကြီးချုပ် Prayut Chan-O-Cha အစိုးရအပေါ် ဘက်ပေါင်းစုံက ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ထိုင်းနိုင်ငံတဝန်း လုပ်ငန်းတွေအပေါ် ကန့်သတ်ပိတ်ပင်မှုတွေ တိုးချမှတ်ထားတာကြောင့်လည်း ထိုင်းစီးပွားရေး အထိနာနေရပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)








XS
SM
MD
LG