သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရင်စနစ်ကို ထိပါးလို့ ဖမ်းဆီးခံလူငယ်တွေ လွှတ်ပေးဖို့ ထိုင်းမိခင်တွေ ထောင်ရှေ့မှာ ဆန္ဒပြ


ဖမ်းဆီးခံထားရတဲ့ သားဖြစ်သူ ပြန်လွှတ်ပေးရေး တောင်းဆို ဆန္ဒပြနေတဲ့ ထိုင်းမိခင်တဦး။ (မေ ၁၊ ၂၀၂၁)
ဖမ်းဆီးခံထားရတဲ့ သားဖြစ်သူ ပြန်လွှတ်ပေးရေး တောင်းဆို ဆန္ဒပြနေတဲ့ ထိုင်းမိခင်တဦး။ (မေ ၁၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင်းနိုင်ငံမှာ ဘုရင်နဲ့ တော်ဝင်မိသားစုအပေါ် အသရေဖျက်တယ်ဆိုတဲ့ စွဲချက်နဲ့ အာမခံမရဘဲ သီတင်းပတ်အတော်ကြာ အကျဉ်းထောင်ထဲ ဖမ်းဆီးခံနေရတဲ့ ထိုင်းဒီမိုကရေစီရေး ဆန္ဒပြလှုပ်ရှားသူတွေကို အမြန်ပြန်လွှတ်ပေးဖို့ သူတို့ရဲ့ မိခင်တွေက တောင်းဆိုလိုက်ကြပါတယ်။ သူတို့အနေနဲ့ ဒီအတိုင်း ထိုင်ကြည့်နေနိုင်မှာ မဟုတ်ဘူးလို့ မိခင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ထိုင်းလူငယ်တွေ ဦးဆောင်ပြီး အရင်က ပြည်သူတွေ မတို့မထိရဲခဲ့တဲ့ ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုမှု အပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ထိုင်းနိုင်ငံရေးစနစ်ကိုပါ ပြောင်းလဲရေးဆိုတဲ့ ဆန္ဒပြ တောင်းဆိုပွဲတေ ွကိုဗစ်ကာလအတွင်း ဆက်တိုက် ပေါ်ထွက်ခဲ့တာပါ။

အဲဒီဆန္ဒပြပွဲတွေအတွင်း အဓိကကျတဲ့ ခေါင်းဆာင်တွေ အဖမ်းဆီးခံရပြီး သူတို့ထဲက အများစုဟာ ပုဒ်မ ၁၁၂ လို့ လူသိများတဲ့ ဘုရင်ကိုစော်ကားမှု အပါအဝင် အခြားပုဒ်မတွေနဲ့ပါ တရားစွဲခံခဲ့ရတာပါ။ ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ခဲ့ရင် ထိုင်းရာဇဝတ်ကျင့်ထုံးအရ ထောင်ဒဏ် ၃ နှစ်ကနေ ၁၅ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။

မနှစ်က ဆန္ဒပြပွဲအတွင်း အဓိကကျတဲ့ ခေါင်းဆောင် ၁၀ ဦး ဖမ်းဆီးခံရပြီး ခုထိ အာမခံ မရပါဘူး။ အခြား လှုပ်ရှားသူ ၇၀ ကျော်ကိုတော့ ရာဇဝတ်ပြစ်မှုတွေနဲ့ ဖမ်းဆီးထားပြီး အဲဒီထဲမှာ ၁၆ နှစ်သားအရွယ် လူငယ်တယောက်လည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)






XS
SM
MD
LG