သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တာခ်ီလိတ္ေရာက္ ထိုင္းႏိုင္ငံသားမ်ား အစိုးရအစီအစဥ္နဲ႔ ေနရပ္ျပန္


ဒီဇင္ဘာလ ၁၆ ရက္ေန႔က ေနရပ္ျပန္ထုိင္းလူမ်ိဳးမ်ား။ (ဓာတ္ပံု - CNCMC - ဒီဇင္ဘာ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံနယ္စပ္ တာခ်ီလိတ္ၿမိဳ႕က ေနရပ္ျပန္ၾကတဲ့ ထုိင္းႏုိင္ငံသားေတြမွာ ကုိဗစ္ေရာဂါပုိး ေတြ႔ရွိတဲ့ သတင္းေတြ ဆက္တုိက္ဆုိသလုိ ထြက္ေပၚေနခ်ိန္မွာပဲ ဒီကေန႔ ထုိင္းႏုိင္ငံသား ၁၅ ေယာက္ တရား၀င္အစီအစဥ္နဲ႔ ေနရပ္ျပန္ခဲတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံကေန တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ၿပီး ေနရပ္ျပန္ၾကတဲ့ ထုိင္းႏုိင္ငံသားတခ်ဳိ႕မွာ ကုိဗစ္ေရာဂါကူးစက္မႈေတြ ေတြ႔ရွိခဲ့တာေၾကာင့္ တရား၀င္ေနရပ္ျပန္ဖုိ႔ ၂ ႏုိင္ငံ တာ၀န္ရွိသူေတြ စီစဥ္ခဲ့ၿပီးေနာက္ ထုိင္းႏုိင္ငံသားေတြ ေနရပ္ျပန္ေနၾကတာ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ကေလးသူငယ္ေတြအပါအ၀င္ ထုိင္းႏို္င္ငံသား ၁၅ ဦးေနရပ္ျပန္ခဲ့ေႀကာင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးနဲ႔ ေစ့စပ္ညႇိႏိႈင္းေရးေကာ္မတီ အတြင္းေရးမႉး ဦးစည္သူေမာင္က ေျပာပါတယ္။

“ဒီကေန႔ကေတာ့ ထုိင္းႏို္င္ငံသား ၁၃ ဦး ရင္ခြင္ပုိက္ကေလး ၂ ဦးနဲ႔ဆုိရင္ေတာ့ ၁၅ ဦးေပါ့။ သူတုိ႔ကုိေတာ့ သံရံုးခြင့္ျပဳစာေတြနဲ႔ တရား၀င္လဲႊေပးတာေပါ့။”

ဒီဇင္ဘာလ ၁၆ ရက္ေန႔က ေနရပ္ျပန္ထုိင္းလူမ်ိဳးမ်ား။ (ဓာတ္ပံု - CNCMC - ဒီဇင္ဘာ ၁၆၊ ၂၀၂၀)
ဒီဇင္ဘာလ ၁၆ ရက္ေန႔က ေနရပ္ျပန္ထုိင္းလူမ်ိဳးမ်ား။ (ဓာတ္ပံု - CNCMC - ဒီဇင္ဘာ ၁၆၊ ၂၀၂၀)

ျပီးခဲ့တဲ့ သီတင္းပတ္ထဲ ျမန္မာႏုိင္ငံမွာ တရားမ၀င္ေရာက္ရွိ ေနထုိင္ေနသူေတြ အပါအ၀င္ ထုိင္းႏုိင္ငံသား ၁၀၀ ေက်ာ္ ေနရပ္ျပန္ပုိ႔ရာမွာ ၉ ဦးဟာ ေရာဂါကူးစက္ေနေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း ေရာဂါပုိးစစ္ေဆးမႈေတြကုိ ပုိမုိထိေရာက္ေအာင္ ေဆာင္ရြက္ဖုိ႔ စီစဥ္ထားတယ္လုိ႔ ဦးစည္သူေမာင္က ေျပာပါတယ္။

“ေလာေလာဆယ္ေတာ့ ၿပီးခဲ့တဲ့ အပတ္တုန္းက လဲႊအပ္ေပးတဲ့သူေတြထဲမွာ ဟုိဘက္ထုိင္းဘက္မွာ ကုိဗစ္စစ္ေဆးေတြ ့ရွိတယ္ဆုိေတာ့ က်ေနာ္တို႔ဘက္က ၀န္ထမ္းအင္အားနည္းသြားတယ္။ တခ်ိဳ႕လည္း အိမ္မွာေစာင့္ၾကည့္အေနနဲ႔ ေနရတယ္။ ဟုိဘက္ကုိ ေရာက္ျပီးေတြ ့တာ ၉ ေယာက္ က်ေနာ္တုိ႔ ဒီဘက္က စေတြ႔ထားတာေတာ့ ၅ ေယာက္ဆုိေတာ့ ၁၄ ေယာက္ျဖစ္သြားတယ္။ ဒီဘက္က RTP Test စစ္တာက ၅ ေယာက္ပဲ ေတြ႔ထားတယ္။ RTP Test ဆိုတာ သိပ္မေသခ်ာဘူးဆုိတာ က်န္းမာေရး၀န္ထမ္းေတြက ေျပာျပလို႔ သိရတယ္။ အဲဒီခ်ိန္မွာ သူတုိ႔ကို စစ္ျပီးၿပီ။ အဲဒီအခ်ိန္မွာ လဲႊျပီးျပီ ဟုိဘက္မွာ စစ္ေတာ့ ထပ္ျပီးေတြ ့တယ္။ ဒုတိယအႀကိမ္မွာေတာ့ ေနာက္ဒါမ်ိဳးမျဖစ္ေအာင္ေတာ့ ေဒသခံအာဏာပုိင္ေတြကစစ္ေဆးမယ္။”

ျမန္မာႏုိင္ငံတာခ်ီလိတ္ၿမိဳ႕ကေန တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ျပန္လာသူေတြမွာ ေရာဂါပုိးစတင္ေတြ႔ရွိခဲ့ၿပီးေနာက္ ထုိင္းႏုိင္ငံက နယ္စပ္ေဒသေတြမွာ ပုိမုိတင္းတင္းၾကပ္ၾကပ္ ေစာင့္ၾကည့္စစ္ေဆးေနသလုိ၊ ေနရပ္ျပန္ခ်င္သူေတြကိုလည္း တရား၀င္အစီအစဥ္နဲ႔ ျပန္ၾကဖို့တုိက္တြန္းေနပါတယ္။

တခ်ိန္တည္းမွာပဲ ထုိင္းႏုိင္ငံမွာ ဖမ္းဆီးခံထားရတဲ့ ျမန္မာႏုိင္ငံသားေတြကုိလည္း ထုိင္းအာဏာပုိင္ေတြ ျမန္မာတာ၀န္ရွိသူေတြထံ တရား၀င္ လဲႊေျပာင္းေပးေနပါတယ္။ မေန႔တုန္းကလည္း ထုိင္းႏိုိင္ငံမွာ ဖမ္းဆီးခံထားရတဲ့ ျမန္မာႏုိင္ငံသား လြတ္ရက္ေစ့အက်ဥ္းသား ၁၀၀ ေက်ာ္ကုိ ထုိင္းအာဏာပုိင္ေတြက ျမန္မာႏိုင္ငံတာခ်ီလိတ္ၿမိဳ႕က တာ၀န္ရွိသူေတြထံ လဲႊေျပာင္းေပးခဲ့တာပါ။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ ကူးစက္သူ ၄,၂၀၀ ေက်ာ္ ရွိတဲ့ ထုိင္းႏုိင္ငံမွာ ေရာဂါပုိးကူးစက္မႈေတြ ေလ်ာ့ပါးေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံမွာေတာ့ ေသဆုံးသူ၂၃၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၁၁၀,၀၀၀ ေက်ာ္ ရွိေနတာေၾကာင့္ ေရာဂါကူးစက္မႈေတြ ျပန္႔ပြားမလာေအာင္ ထုိင္းႏုိင္ငံက နယ္စပ္ေဒသ အ၀င္အထြက္ေတြနဲ႔ ကုန္သြယ္မႈေတြ ေတာ္ေတာ္မ်ားမ်ားကုိလည္း ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တုိးျမွင့္ထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တာချီလိတ်ရောက် ထိုင်းနိုင်ငံသားများ အစိုးရအစီအစဉ်နဲ့ နေရပ်ပြန်

မြန်မာနိုင်ငံနယ်စပ် တာချီလိတ်မြို့က နေရပ်ပြန်ကြတဲ့ ထိုင်းနိုင်ငံသားတွေမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေချိန်မှာပဲ ဒီကနေ့ ထိုင်းနိုင်ငံသား ၁၅ ယောက် တရားဝင်အစီအစဉ်နဲ့ နေရပ်ပြန်ခဲတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး နေရပ်ပြန်ကြတဲ့ ထိုင်းနိုင်ငံသားတချို့မှာ ကိုဗစ်ရောဂါကူးစက်မှုတွေ တွေ့ရှိခဲ့တာကြောင့် တရားဝင်နေရပ်ပြန်ဖို့ ၂ နိုင်ငံ တာဝန်ရှိသူတွေ စီစဉ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသားတွေ နေရပ်ပြန်နေကြတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကလေးသူငယ်တွေအပါအဝင် ထိုင်းနိုင်ငံသား ၁၅ ဦးနေရပ်ပြန်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနဲ့ စေ့စပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးစည်သူမောင်က ပြောပါတယ်။

“ဒီကနေ့ကတော့ ထိုင်းနိုင်ငံသား ၁၃ ဦး ရင်ခွင်ပိုက်ကလေး ၂ ဦးနဲ့ဆိုရင်တော့ ၁၅ ဦးပေါ့။ သူတို့ကိုတော့ သံရုံးခွင့်ပြုစာတွေနဲ့ တရားဝင်လွဲှပေးတာပေါ့။”

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ မြန်မာနိုင်ငံမှာ တရားမဝင်ရောက်ရှိ နေထိုင်နေသူတွေ အပါအဝင် ထိုင်းနိုင်ငံသား ၁၀၀ ကျော် နေရပ်ပြန်ပို့ရာမှာ ၉ ဦးဟာ ရောဂါကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ရောဂါပိုးစစ်ဆေးမှုတွေကို ပိုမိုထိရောက်အောင် ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ ဦးစည်သူမောင်က ပြောပါတယ်။

“လောလောဆယ်တော့ ပြီးခဲ့တဲ့ အပတ်တုန်းက လွဲှအပ်ပေးတဲ့သူတွေထဲမှာ ဟိုဘက်ထိုင်းဘက်မှာ ကိုဗစ်စစ်ဆေးတွေ့ရှိတယ်ဆိုတော့ ကျနော်တို့ဘက်က ဝန်ထမ်းအင်အားနည်းသွားတယ်။ တချို့လည်း အိမ်မှာစောင့်ကြည့်အနေနဲ့ နေရတယ်။ ဟိုဘက်ကို ရောက်ပြီးတွေ့တာ ၉ ယောက် ကျနော်တို့ ဒီဘက်က စတွေ့ထားတာတော့ ၅ ယောက်ဆိုတော့ ၁၄ ယောက်ဖြစ်သွားတယ်။ ဒီဘက်က RTP Test စစ်တာက ၅ ယောက်ပဲ တွေ့ထားတယ်။ RTP Test ဆိုတာ သိပ်မသေချာဘူးဆိုတာ ကျန်းမာရေးဝန်ထမ်းတွေက ပြောပြလို့ သိရတယ်။ အဲဒီချိန်မှာ သူတို့ကို စစ်ပြီးပြီ။ အဲဒီအချိန်မှာ လွဲှပြီးပြီ ဟိုဘက်မှာ စစ်တော့ ထပ်ပြီးတွေ့တယ်။ ဒုတိယအကြိမ်မှာတော့ နောက်ဒါမျိုးမဖြစ်အောင်တော့ ဒေသခံအာဏာပိုင်တွေကစစ်ဆေးမယ်။”

မြန်မာနိုင်ငံတာချီလိတ်မြို့ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ပြန်လာသူတွေမှာ ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံက နယ်စပ်ဒေသတွေမှာ ပိုမိုတင်းတင်းကြပ်ကြပ် စောင့်ကြည့်စစ်ဆေးနေသလို၊ နေရပ်ပြန်ချင်သူတွေကိုလည်း တရားဝင်အစီအစဉ်နဲ့ ပြန်ကြဖို့တိုက်တွန်းနေပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ထိုင်းအာဏာပိုင်တွေ မြန်မာတာဝန်ရှိသူတွေထံ တရားဝင် လွဲှပြောင်းပေးနေပါတယ်။ မနေ့တုန်းကလည်း ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား လွတ်ရက်စေ့အကျဉ်းသား ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံတာချီလိတ်မြို့က တာဝန်ရှိသူတွေထံ လွဲှပြောင်းပေးခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၄,၂၀၀ ကျော် ရှိတဲ့ ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်မှုတွေ လျော့ပါးနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ၂၃၀၀ ကျော်နဲ့ ကူးစက်သူ ၁၁၀,၀၀၀ ကျော် ရှိနေတာကြောင့် ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG