သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာနယ္စပ္ ထိုင္းစစ္သားတဦး ေခ်ာက္ထဲျပဳတ္က် ေသဆုံး


ထုိင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕မွာ ကင္းလွည့္ေနတဲ့ ထုိင္းစစ္သားအခ်ဳိ႕။ (မတ္ ၁၈၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ ေတာင္ျမင့္ကမ္းပါးစြန္းတခုေပၚကေန ထုိင္းစစ္သားႏွစ္ဦး ျပဳတ္က်ခဲ့ရာမွာ တဦးေသဆံုးၿပီး တဦးဒဏ္ရာရရွိတယ္လို႔ The Nation သတင္းမွာ ေဖာ္ျပပါတယ္။

ထိုင္းႏုိင္ငံ မဲေဆာက္ တာ့ခ္ခ႐ုိင္ထဲက Doi Monta ေတာင္ေပၚမွာ ကင္းလွည့္ေနစဥ္မွာ ၁ ကီလိုမီတာေက်ာ္ေလာက္နက္တဲ့ ေခ်ာက္ထဲကို ေသာၾကာေန႔ညက ေျခေခ်ာ္ၿပီး ျပဳတ္က်သြားခဲ့တာ ျဖစ္ပါတယ္။

စစ္သားတဦးကေတာ့ ပြဲခ်င္းၿပီး ေသဆံုးသြားခဲ့ၿပီး ေနာက္တဦးကေတာ့ ေျခေထာက္မွာ ျပင္းျပင္းထန္ထန္ ဒဏ္ရာရသြားခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ စစ္ဗိုလ္တဦးျဖစ္တဲ့ Capt Chakkrit Pinprayoon နဲ႔ အသက္ ၃၁ ႏွစ္အရြယ္ အရာခံဗိုလ္ Watchara Muangmee တို႔ကို ေခ်ာက္အနက္ ၁,၀၅၇ မီတာမွာ စေနေန႔ညေနက ေတြ႔ရွိခဲ့ၿပီး သူတို႔ကို ကယ္ဆယ္ဖို႔ တရက္နီးပါး အခ်ိန္ယူခဲ့ရပါတယ္။

ေျခေထာက္ဒဏ္ရာရထားတဲ့ ဗိုလ္ႀကီး Chakkrit ကိုေတာ့ မဲေဆာက္ေဆး႐ုံကို ပို႔ေဆာင္ကုသထားပါတယ္။

ျမန္မာဘက္က တရားမဝင္ပစၥည္းေတြ ဝင္လာမယ္လို႔ သတင္းရၿပီးေနာက္ပိုင္း မဲေဆာက္ တာ့ခ္ခ႐ုိင္အတြင္း ကင္းလွည့္ေနစဥ္မွာ အခုလို ေခ်ာက္ထဲျပဳက္က်ခဲ့တာ ျဖစ္ပါတယ္။

တာဝန္ထမ္းေဆာင္စဥ္မွာ ျဖစ္ပ်က္ခဲ့တာမို႔ စစ္သားႏွစ္ဦးရဲ႕ မိသားစုေတြကို အာဏာပိုင္ေတြက ေထာက္ပံ့ကူညီေပးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

ထိုင်း-မြန်မာနယ်စပ် ထိုင်းစစ်သားတဦး ချောက်ထဲပြုတ်ကျ သေဆုံး

ထိုင်း-မြန်မာနယ်စပ် တောင်မြင့်ကမ်းပါးစွန်းတခုပေါ်ကနေ ထိုင်းစစ်သားနှစ်ဦး ပြုတ်ကျခဲ့ရာမှာ တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိတယ်လို့ The Nation သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ မဲဆောက် တာ့ခ်ခရိုင်ထဲက Doi Monta တောင်ပေါ်မှာ ကင်းလှည့်နေစဉ်မှာ ၁ ကီလိုမီတာကျော်လောက်နက်တဲ့ ချောက်ထဲကို သောကြာနေ့ညက ခြေချော်ပြီး ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။

စစ်သားတဦးကတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး နောက်တဦးကတော့ ခြေထောက်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် စစ်ဗိုလ်တဦးဖြစ်တဲ့ Capt Chakkrit Pinprayoon နဲ့ အသက် ၃၁ နှစ်အရွယ် အရာခံဗိုလ် Watchara Muangmee တို့ကို ချောက်အနက် ၁,၀၅၇ မီတာမှာ စနေနေ့ညနေက တွေ့ရှိခဲ့ပြီး သူတို့ကို ကယ်ဆယ်ဖို့ တရက်နီးပါး အချိန်ယူခဲ့ရပါတယ်။

ခြေထောက်ဒဏ်ရာရထားတဲ့ ဗိုလ်ကြီး Chakkrit ကိုတော့ မဲဆောက်ဆေးရုံကို ပို့ဆောင်ကုသထားပါတယ်။

မြန်မာဘက်က တရားမဝင်ပစ္စည်းတွေ ဝင်လာမယ်လို့ သတင်းရပြီးနောက်ပိုင်း မဲဆောက် တာ့ခ်ခရိုင်အတွင်း ကင်းလှည့်နေစဉ်မှာ အခုလို ချောက်ထဲပြုက်ကျခဲ့တာ ဖြစ်ပါတယ်။

တာဝန်ထမ်းဆောင်စဉ်မှာ ဖြစ်ပျက်ခဲ့တာမို့ စစ်သားနှစ်ဦးရဲ့ မိသားစုတွေကို အာဏာပိုင်တွေက ထောက်ပံ့ကူညီပေးနေပါတယ်။

XS
SM
MD
LG