သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်မိနေဆဲ ထိုင်းကျောင်းသားလေးတွေအတွက် အစာနဲ့ဆေးဝါးပို့ပေး


 စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို ရေငုပ်သမားတွေနဲ့ ပို့ဆောင်
စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို ရေငုပ်သမားတွေနဲ့ ပို့ဆောင်

ထိုင်းနိုင်ငံက လိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ ဆယ်ကျော်သက် ဘောလုံး သမား ၁၂ ဦးနဲ့ ဘောလုံးနည်းပြတို့ ဘယ်လို ကယ်ထုတ်မလဲဆိုတာကို နည်းလမ်းရှာနေချိန်မှာ ဂူထဲမှာ ပိတ်မိနေကြသူတွေ ဆက်ပြီး ကြံ့ကြံ့ခိုင်နိုင်ရေး အတွက် စွမ်းအားမြှင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို ရေငုပ်သမားတွေက ပို့ဆောင်ပေးထားပါတယ်။

၁၃ ယောက် စလုံးကို တွေ့ထားပြီး သူတို့ကို ကယ်မထုတ်နိုင်ခင် အထိ စောင့်ရှောက်ထားမယ်လို့ ချင်းရိုင် အုပ်ချုပ်ရေးမှူး Narongsak Osottanakorn က မနေ့ တနလာၤနေ့မှာ ပြောပါတယ်။ ၉ ရက်ကြာ အစာရေစာ မရှိဘဲ လိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့သူတွေထဲက တဦးကတော့ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိထားပြီး အားနည်းချိနဲ့နေကြပေမယ့် အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။

အသက် ၁၁ နှစ်နဲ့ ၁၆ နှစ်ကြား ယောကျာ်းလေးတွေနဲ့ သူတို့ရဲ့ ဘောလုံးနည်းပြတို့ကို မနေ့ တနလာၤနေ့မှာ ထိုင်းရေတပ် အထူးတပ်ဖွဲ့က ရှာတွေ့ခဲ့တာပါ။ ကူညီကယ်ဆယ်သူတွေ ရိုက်ကူးလာပြီး မီဒီယာတွေကို ဖြန့်ဝေခဲ့တဲ့ ၅ မိနစ်ကြာ ဗွီဒီယိုထဲမှာတော့ ဘောလုံးအိကျီ ၤတွေ ဝတ်ထားတဲ့ ယောက်ျားလေးတွေနဲ့ သူတို့ရဲ့ နည်းပြက ရေစပ်အနီး ကုန်ကမူပေါ်မှာ တချို့ ထိုင်နေပြီး တချို့ကတော့ မတ်တပ်ရပ်နေတာကို တွေ့ရပါတယ်။ ကယ်ဆယ်ရေး သမားတွေထံက အလင်းရောင်ကြောင့် ရက်ပေါင်းများစွာ ဂူထဲမှာ ပိတ်မိနေသူတွေ မျက်စိ ကျိန်းစပ်နေတဲ့ပုံကိုလည်း တွေ့ရပါတယ်။

ယောက်ျားလေး တဦးကတော့ သူ ထမင်းဆာတယ်လို့ ပြောခဲ့ပြီး တခြားသူတွေကတော့ လာပြီး ကယ်တဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့ကြပါတယ်။ ဂူထဲမှာ ပိတ်မိနေဆဲ ဘောလုံးအသင်းကို အကောင်းဆုံး ဘယ်လို ကယ်ထုတ်နိုင်မလဲ ဆိုတာကိုလည်း ကယ်ဆယ်ရေး အဖွဲ့တွေ သုံးသပ်နေကြဆဲပါ။ ဇွန်လ ၂၃ ရက်နေ့ကစလို့ ပျောက်ဆုံးသွားခဲ့တဲ့ ဘောလုံးအသင်း ကို ရှာဖွေရေးမှာတော့ အမေရိကန်၊ သြစတေးလျ၊ တရုတ် နဲ့ ဗြိတိန်နိုင်ငံတို့က ကျွမ်းကျင်သူတွေ ပါဝင်ကူညီခဲ့ကြပြီး ထိုင်းဝန်ကြီးချုပ်ကလည်း နိုင်ငံတကာရဲ့ ကူညီမှုကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG