သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး ထိုင်းလူငယ်တစုကို အမေရိကန် ကူညီရှာဖွေ 


ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က Tham Luang ဂူထဲမှာ ပျောက်ဆုံးနေတဲ့ ယောကျာ်း ကလေး ၁၂ ဦးနဲ့ သူတို့ရဲ့ ဘောလုံး နည်းပြ အမျိုးသား တဦးတို့ကို ဒီကနေ့ ၉ ရက်မြောက်နေ့ အဖြစ် ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။ အမေရိကန် စစ်တပ်ဘက်ကလည်း ကူညီရှာဖွေရေးကို ပံ့ပိုးဆောင်ရွက်ပေးနေတာပါ။ အမေရိကန် ကူညီကယ်ဆယ်ရေး အဖွဲ့ရဲ့ ပြောခွင့်ရ လေတပ် ဗိုလ်ကြီး Jessica Tait က အခုလို ပြောပါတယ်။

"ရာသီဥတု အခြေအနေ ကောင်းမွန်လာတာနဲ့ အတူ သွားရေး လာရေးမှာရော ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာပါ ပိုပြီး လွယ်ကူလာမယ်လို့ မျှော်လင့်ရပါတယ်။ မိုးရွာနေတဲ့ အနေအထား မျိုးမှာ မြေပြင် အခြေအနေကို ထောက်လှမ်းနိုင်ဖို့ရော ရေငုပ်ဖို့ရော သိပ်ကို ခက်ခဲ့နေပေမယ့် အခြေအနေ ကောင်းတယ်လို့ ပြောချင်ပါတယ်။ ပျောက်ဆုံးနေတဲ့ ကလေးငယ်တွေနဲ့ သူတို့ရဲ့ နည်းပြ အတွက် ကယ်ဆယ်ရေး လုပ်နေသူတွေ အားလုံး စိတ်မကောင်း ဖြစ်ကြရပါတယ်။

ဘောလုံးကစား လေ့ကျင့် အပြီး ဇွန်လ ၂၃ ရက်နေ့ စနေနေ့က Tham Luang ဂူထဲ သွားရောက်ခဲ့ကြပြီးနောက်ပိုင်းမှာ လူငယ် ဘောလုံးသမားတွေနဲ့ နည်းပြတို့နဲ့ အဆက်အသွယ် ပြတ်တောက်သွားတာ ဖြစ်ပါတယ်။ ပျောက်ဆုံး ကလေးငယ်တွေနဲ့ သူတို့ နည်းပြကို ရှာဖွေရေးကိုတော့ ထိုင်းအာဏာပိုင်တွေနဲ့ အတူ နိုင်ငံတကာကလည်း ဝိုင်းဝန်းဆောင်ရွက်နေကြပါတယ်။

ဒီကနေ့ စိန့်ပီတာ ရင်ပြင်မှာ လုပ်တဲ့ လူထု ဆုတောင်း ဝတ်ပြုပွဲ အတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း ပျောက်ဆုံးနေတဲ့ လူငယ် အားကစား သမားတွေ အတွက် ဆုမွန်တောင်းပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG