သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို ဒုက္ခသည်အဖြစ် စိစစ်ခွင့်ပြုဖို့ ထိုင်းအစိုးရကို HRW တိုက်တွန်း


(Zawgyi / Unicode)
ထိုင်းနိုင်ငံမှာ ဒီရက်ပိုင်း အတွင်း ကယ်တင်ခဲ့ရတဲ့ ရိုဟင်ဂျာတွေကို ဒုက္ခသည် အဖြစ် စိစစ်ဆောင်ရွက်ရေး ထိုင်းအစိုးရဘက်က ချက်ချင်း ကူညီဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဇွန်လ ၄ ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း Satun ပြည်နယ် Koh Dong ကျွန်းအနီးမှာ သောင်တင်နေတဲ့ ရိုဟင်ဂျာ ၅၉ ဦးကို ထိုင်း ရေတပ်က တွေ့ရှိခဲ့တာပါ။ ဒီထဲမှာ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၂၃ ဦးနဲ့ ကလေးငယ် ၅ ဦး ပါဝင်တဲ့ ဒီ ရိုဟင်ဂျာတွေကို ထိုင်းရေတပ်က ကမ်းကို ခေါ်ဆောင်လာပြီး ထိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

မလေးရှားကို သွားဖို့ အတွက် တဦးကို အမေရိကန် ဒေါ်လာ ၁,၇၅၀ လောက်နှုန်း ရယူပြီး လူမှောင်ခို ကူးသူတွေက ခေါ်လာတာ ဖြစ်ပြီး စွန့်ပစ်ခံခဲ့ရတာ ဖြစ်ကြောင်း ရိုဟင်ဂျာတွေကို စစ်မေးခဲ့တဲ့ ထိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံကို ရောက်လာတဲ့ ရိုဟင်ဂျာတွေကိုလည်း ခိုလှုံခွင့်အကူအညီပေးရမယ့်သူတွေ ဟုတ်မဟုတ်ဆိုတာကို စိစစ် အတည်ပြု ဆောင်ရွက်နိုင်ရေး အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ရုံး (UNHCR) ကို ထိုင်း အစိုးရဘက်က ခွင့်ပြုပေးဖို့ HRW ရဲ့ အာရှ ဆိုင်ရာ ယာယီ ညွှန်ကြားရေးမှူး Elaine Pearson က ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။ ထိုင်းအစိုးရကတော့ ရိုဟင်ဂျာတွေကိုလည်း တရားမဝင် နိုင်ငံတွင်း ဝင်လာတဲ့ တခြားလူတွေနည်းတူ သဘောထားပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေတွေနဲ့ ဖမ်းဆီးအရေးယူလေ့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG