သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Amnesty International ကို ႏိုင္ငံကႏွင္ထုတ္ဖို႔ ထိုင္းျပင္ဆင္


AMNESTY INTERNATIONAL logo

(Zawgyi / Unicode)

Amnesty International ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႔ကို ထိုင္းႏိုင္ငံကေန ႏွင္ထုတ္ဖို႔ရွိတယ္လို႔ ဝန္ႀကီးခ်ဳပ္႐ုံးက ဆိုပါတယ္။

AI ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႔ဟာ ထိုင္းႏိုင္ငံလုံၿခဳံေရးကို ထိပါးေနၿပီလို႔ ထိုင္းဘုရင္စနစ္ ေထာက္ခံသူေတြက စြပ္စြဲခဲ့တဲ့ေနာက္ ဒီအဖြဲ႔ကို ေရွ႕အပတ္ထဲ အခုလို ႏွင္ထုတ္ဖြယ္ရွိတယ္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္႐ုံး ဒုဝန္ႀကီး Seksako Atthawong က ေျပာလိုက္တာပါ။

AI လူ႔အခြင့္အေရးအဖြဲ႔ကို တိုင္းျပည္ကႏွင္ထုတ္ဖို႔ ဆန႔္က်င္ေတာင္းဆိုစာထဲမွာ လူေပါင္း ၁ ဒသမ ၂ သန္းအထိ လက္မွတ္ထိုးထားၿပီး ႏိုင္ငံေတာ္လုံၿခဳံေရးေကာင္စီနဲ႔ ျပည္ထဲေရးဝန္ႀကီးဌာနကို တပတ္အတြင္း ဆက္တင္ျပသြားမယ္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha ရဲ႕႐ုံး ဒုဝန္ႀကီး Seksako က ဆိုပါတယ္။

ထိုင္းႏိုင္ငံမွာ အထြတ္အျမတ္ထားတဲ့ ဘုရင္စနစ္ကို ျပဳျပင္ေျပာင္းလဲဖို႔ ေတာင္းဆိုသူေတြကို ရာဇဝတ္မႈနဲ႔ တရားစြဲတာေတြ ရပ္တန႔္ေပးဖို႔ AI လို႔ အတိုေကာက္ေခၚတဲ့ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးအဖြဲ႔က ေတာင္းဆိုေနတယ္လို႔ ထိုင္းဘုရင္စနစ္ကို ျပင္းျပင္းထန္ထန္ ေထာက္ခံသူေတြက အေၾကာင္းျပပါတယ္။

AI အဖြဲ႔အေနနဲ႔ ထိုင္းဘုရင္စနစ္ ဖ်က္လုိဖ်က္ဆီး လုပ္သူေတြဘက္ကို ေထာက္ခံတာေၾကာင့္ ႏိုင္ငံေတာ္လုံၿခဳံေရးကို ထိခိုက္ေစတယ္လို႔ ဒုဝန္ႀကီး Seksako ကလည္း ေျပာပါတယ္။

ဒါ့အျပင္ ဒီ ႏုိင္ငံတကာ အဖြဲ႔အစည္း အေနနဲ႔ သမာသမတ္ ၾကားက မေနေတာ့ဘဲ အစိုးရဆန႔္က်င္ေရးဘက္ကို ပါသြားတာေၾကာင့္လည္း ထိုင္းဖြဲ႔စည္းအုပ္ခ်ဳပ္ပုံကို ဆန႔္က်င္ရာ ေရာက္တယ္လို႔ပါ သူက ဆက္ စြပ္စြဲခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

Amnesty International ကို နိုင်ငံကနှင်ထုတ်ဖို့ ထိုင်းပြင်ဆင်

Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကို ထိုင်းနိုင်ငံကနေ နှင်ထုတ်ဖို့ရှိတယ်လို့ ဝန်ကြီးချုပ်ရုံးက ဆိုပါတယ်။

AI နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ဟာ ထိုင်းနိုင်ငံလုံခြုံရေးကို ထိပါးနေပြီလို့ ထိုင်းဘုရင်စနစ် ထောက်ခံသူတွေက စွပ်စွဲခဲ့တဲ့နောက် ဒီအဖွဲ့ကို ရှေ့အပတ်ထဲ အခုလို နှင်ထုတ်ဖွယ်ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံး ဒုဝန်ကြီး Seksako Atthawong က ပြောလိုက်တာပါ။

AI လူ့အခွင့်အရေးအဖွဲ့ကို တိုင်းပြည်ကနှင်ထုတ်ဖို့ ဆန့်ကျင်တောင်းဆိုစာထဲမှာ လူပေါင်း ၁ ဒသမ ၂ သန်းအထိ လက်မှတ်ထိုးထားပြီး နိုင်ငံတော်လုံခြုံရေးကောင်စီနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို တပတ်အတွင်း ဆက်တင်ပြသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha ရဲ့ရုံး ဒုဝန်ကြီး Seksako က ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အထွတ်အမြတ်ထားတဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုသူတွေကို ရာဇဝတ်မှုနဲ့ တရားစွဲတာတွေ ရပ်တန့်ပေးဖို့ AI လို့ အတိုကောက်ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုနေတယ်လို့ ထိုင်းဘုရင်စနစ်ကို ပြင်းပြင်းထန်ထန် ထောက်ခံသူတွေက အကြောင်းပြပါတယ်။

AI အဖွဲ့အနေနဲ့ ထိုင်းဘုရင်စနစ် ဖျက်လိုဖျက်ဆီး လုပ်သူတွေဘက်ကို ထောက်ခံတာကြောင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတယ်လို့ ဒုဝန်ကြီး Seksako ကလည်း ပြောပါတယ်။

ဒါ့အပြင် ဒီ နိုင်ငံတကာ အဖွဲ့အစည်း အနေနဲ့ သမာသမတ် ကြားက မနေတော့ဘဲ အစိုးရဆန့်ကျင်ရေးဘက်ကို ပါသွားတာကြောင့်လည်း ထိုင်းဖွဲ့စည်းအုပ်ချုပ်ပုံကို ဆန့်ကျင်ရာ ရောက်တယ်လို့ပါ သူက ဆက် စွပ်စွဲခဲ့ပါတယ်။

XS
SM
MD
LG