သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး ျပည္ပတင္ပို႔မႈ ကန္႔သတ္ဖို႔ ထိုင္းႏိုင္ငံစဥ္းစား


(Zawgyi/Unicode)

ကိုဗစ္ကပ္ေရာဂါ စတင္ကတည္းက အဆိုးဆုံးအေျခအေနနဲ႔ ရင္ဆိုင္ေနရတဲ့ ထုိင္းႏုိင္ငံမွာ ကာကြယ္ေဆး လုံေလာက္မႈရွိေအာင္ ႀကိဳးစားေနရတဲ့အတြက္ ျပည္တြင္းထုတ္ Covid-19 ေရာဂါကာကြယ္ေဆးေတြ ျပည္ပတင္ပို႔မႈေတြ ကန္႔သတ္ထားဖို႔ ထုိင္းတာ၀န္ရွိသူေတြစဥ္းစားေနပါတယ္။

အိမ္နီးခ်င္းႏုိင္ငံတခ်ိဳ ႔မွာ ပိုးကူးစက္မႈျမင့္တက္ေနတဲ့အခ်ိန္မွာပဲ ကာကြယ္ေဆး တင္ပို႔မႈရပ္ထားဖို႔ ေျပာဆိုသံေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ၿဗိတိန္နဲ႔ ဆြီဒင္ႏုိင္ငံ ကေဆးကုမၸဏီႀကီးေတြ ပူးတဲြထုတ္လုပ္တဲ့ AstraZeneca ကာကြယ္ေဆးေတြကို ထုိင္းႏုိင္ငံမွာထုတ္လုပ္ေပးဖို႔ မႏွစ္ကသေဘာတူညီမႈရခဲ့တာျဖစ္ပါတယ္။ ဒီႏွစ္လယ္ပိုင္းကေန လာမယ့္ ၂၀၂၂ ႏွစ္လယ္ပိုင္းထိ ထုိင္း Siam Bioscience ေဆးကုမၸဏီရဲ ႔အကူအညီနဲ႔ AstraZeneca ကိုဗစ္ကာကြယ္ေဆး သန္း ၂၀၀ ေလာက္ ထုတ္လုပ္ဖို႔ ရည္မွန္းထားတာျဖစ္ပါတယ္။

အဲဒီထဲက ၇၅ ရာခုိင္ႏႈန္းကို ထုိင္းအစိုးရက ၀ယ္ယူမွာျဖစ္ၿပီး က်န္ ၂၅ ရာခုိင္ႏႈန္းကိုေတာ့ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ ဗီယက္နမ္နဲ႔ အျခားအိမ္နီးခ်င္းႏုိင္ငံေတြကို ေရာင္းခ်ေပးဖို႔စီစဥ္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္လည္းထုိင္းလူဦးေရ သန္း ၇၀ ထဲက ၆ ရာခုိင္ႏႈန္းနီးပါးကိုသာ ကာကြယ္ေဆးထိုးႏွံေပးႏုိင္ေသးသလို ကုူူးစက္ျမန္ မ်ိဳးဗီဇေျပာင္း Delta ပိုးေတြ အလ ွ်င္အျမန္ကူးစက္ ျပန္႔ႏွံ႔ေနတဲ့အတြက္ ထုိင္းႏုိင္ငံမွာ ေန႔စဥ္ပိုးကူးသူေတြတိုးလာေနတာပါ။

ဒါေၾကာင့္လည္း ျပည္တြင္းမွာ AztraZeneca ကာကြယ္ေဆးအလုံအေလာက္ရဖို႔ ထုိင္းတာ၀န္ရွိသူေတြ လိုလားေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

ကိုဗစ်ကာကွယ်ဆေး ပြည်ပတင်ပို့မှု ကန့်သတ်ဖို့ ထိုင်းနိုင်ငံစဉ်းစား

ကိုဗစ်ကပ်ရောဂါ စတင်ကတည်းက အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံမှာ ကာကွယ်ဆေး လုံလောက်မှုရှိအောင် ကြိုးစားနေရတဲ့အတွက် ပြည်တွင်းထုတ် Covid-19 ရောဂါကာကွယ်ဆေးတွေ ပြည်ပတင်ပို့မှုတွေ ကန့်သတ်ထားဖို့ ထိုင်းတာဝန်ရှိသူတွေစဉ်းစားနေပါတယ်။

အိမ်နီးချင်းနိုင်ငံတချို့မှာ ပိုးကူးစက်မှုမြင့်တက်နေတဲ့အချိန်မှာပဲ ကာကွယ်ဆေး တင်ပို့မှုရပ်ထားဖို့ ပြောဆိုသံတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဗြိတိန်နဲ့ ဆွီဒင်နိုင်ငံ ကဆေးကုမ္ပဏီကြီးတွေ ပူးတွဲထုတ်လုပ်တဲ့ AstraZeneca ကာကွယ်ဆေးတွေကို ထိုင်းနိုင်ငံမှာထုတ်လုပ်ပေးဖို့ မနှစ်ကသဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။ ဒီနှစ်လယ်ပိုင်းကနေ လာမယ့် ၂၀၂၂ နှစ်လယ်ပိုင်းထိ ထိုင်း Siam Bioscience ဆေးကုမ္ပဏီရဲ့အကူအညီနဲ့ AstraZeneca ကိုဗစ်ကာကွယ်ဆေး သန်း ၂၀၀ လောက် ထုတ်လုပ်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။

အဲဒီထဲက ၇၅ ရာခိုင်နှုန်းကို ထိုင်းအစိုးရက ဝယ်ယူမှာဖြစ်ပြီး ကျန် ၂၅ ရာခိုင်နှုန်းကိုတော့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေကို ရောင်းချပေးဖို့စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်းထိုင်းလူဦးရေ သန်း ၇၀ ထဲက ၆ ရာခိုင်နှုန်းနီးပါးကိုသာ ကာကွယ်ဆေးထိုးနှံပေးနိုင်သေးသလို ကုူူးစက်မြန် မျိုးဗီဇပြောင်း Delta ပိုးတွေ အလ ျှင်အမြန်ကူးစက် ပြန့်နှံ့နေတဲ့အတွက် ထိုင်းနိုင်ငံမှာ နေ့စဉ်ပိုးကူးသူတွေတိုးလာနေတာပါ။ ဒါကြောင့်လည်း ပြည်တွင်းမှာ AztraZeneca ကာကွယ်ဆေးအလုံအလောက်ရဖို့ ထိုင်းတာဝန်ရှိသူတွေ လိုလားနေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG