သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံက ထိုင္းႏုိင္ငံသားေတြျပန္ေခၚဖို႔ ထိုင္းအစိုးရစီစဥ္ေန


၂၀၀၈ အေျခခံဥပေဒစာအုပ္ကို မီး႐ိႈ႕ဆႏၵျပသူမ်ား။ ဧၿပီ ၁၊ ၂၀၂၁

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အေျခအေန မတည္မၿငိမ္ ျဖစ္ေနတာေၾကာင့္ ထိုင္းနိုင္ငံသားေတြကို ထိုင္းစစ္တပ္ပိုင္ ေလယာဥ္ေတြနဲ ့ ျပန္ေခၚနိုင္ဖို့ စီစဥ္ေဆာင္ရြက္ေနေၾကာင္း နိုင္ငံျခားေရးဌာနေျပာခြင့္ရက ဧျပီလ ၁ရက္ ေန႔ သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ ျမန္မာႏိုင္ငံက အေျခအေနအေပၚ ထုိင္းႏုိင္ငံက ဘယ္ေလာက္စိုးရိမ္ေနသလဲ။ သူ႕ႏိုင္ငံသားေတြကို ဘယ္ေတာ့ စတင္ေခၚထုတ္မွာလဲဆိုတာကို ထိုင္းအေျခစိုက္ ဗြီအုိေအျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံမွာ မတည္မၿငိမ္ျဖစ္ၿပီး အေျခအေန ယိုယြင္းေနတာေၾကာင့္ ျမန္မာႏို္င္ငံမွာ ေရာက္ရွိေနၾကတဲ့ ထုိင္းႏိုင္ငံသားေတြ ေနရပ္ျပန္ႏိုင္ေအာင္ ထုိင္းအစိုးရက စီစဥ္ေဆာင္ရြက္ေပးေနျပီျဖစ္ေၾကာင္း နိုင္ငံျခားေရးဌာန ေျပာေရးဆိုခြင့္ရွိသူ နိုင္ထာနီ စံကရက္ (Tanee Sangrat) က ဧျပီလ ၁ ရက္ေန့ သတင္းစာရွင္းလင္းပဲြမွာ အခုလုိေျပာဆုိသြားပါတယ္။

"ျမန္မာႏို္င္ငံမွာရွိတဲ့ ထုိင္းႏို္င္ငံသားေတြရဲ ့လံုျခံုေရးအတြက္ ျမန္မာႏိုင္ငံမွာရွိတဲ့ ထုိင္းသံရံုးနဲ့ ဆက္သြယ္ေဆာင္ရြက္ေနပါတယ္။ တကယ္လို့ အေျခအေနပုိဆုိးလာမယ္ဆုိရင္ ထုိင္းႏို္င္ငံသားေတြကိုျပန္ေခၚဖိုိ့အတြက္အဆင္သင့္ပါပဲ" ဆိုျပီး ထုိင္းဘာသာနဲ့ေျပာသြားပါတယ္။

ထုိင္းအေျခစိုက္ ပညာေရးနဲ့ဖြံျဖိဳးေရး ေဖာင္ေဒးရွင္းက အလုပ္သမားေရးလွဳပ္ရွားသူ ဦးမင္းဦးကေတာ့ ထိုင္းႏို္င္ငံအေနနဲ႔ ျမန္မာ့ႏိုင္ငံေရးအေျခအေနေတြ ဒီထက္ပိုျပီးဆိုး၀ါးလာမွာကို စုိးရိမ္လာတဲ့အတြက္ သူ့ႏိုင္ငံသားေတြ ေနရပ္ျပန္ႏိုင္ေရးႏိွုးေဆာ္ခဲ့တာျဖစ္ေႀကာင္း အခုလိုေျပာျပပါတယ္။

"ျမန္မာႏိုင္ငံျဖစ္ပ်က္ေနတဲ့ လက္ရွိအေျခအေနအရေပါ့ေနာ္ အေျခအေနေတြ ဒီထက္ ဆိုး၀ါးလာရင္ သူ့ႏိုင္ငံသားေတြ ျပသနာေတြျဖစ္မွ ာထိခိုက္မႈျဖစ္မွာစုိးလို့ အေျခအေနကုိလည္း သူတို့အေနနဲ့ အနီးကပ္ေစာင့္ႀကည့္ေနတယ္၊ မလိုလားအပ္တာေတြျဖစ္မွာစိုးလို့ ျမန္မာျပည္ထဲကေန ထြက္ဖို့ ႏွိဳးေဆာ္တာေပါ့ ။

"တကယ္လို့ ျပန္မယ္ဆုိရင္ အေရးေပၚ သေဘာမ်ိဳးနဲ့ စစ္ေလယာဥ္နဲ့ျဖစ္ျဖစ္ ျပန္လည္ကယ္ထုတ္ဖိုိ့စီစဥ္ေနတဲ့အေႀကာင္းေပါ့။ အေမရိကန္တို့ ဂ်ာမန္တို့က ေနာက္ဆက္တဲြအေနနဲ့ ထုိင္းဘက္က သူ႔ႏုိင္ငံသားေတြကုိေခၚထုတ္ေနျပီး ေနာက္ဆက္တဲြအေနနဲ့ သတိေပးတာ။ ထုိင္းစစ္တပ္က ေလတပ္ကေန သူႏုိင္ငံသားေတြျပန္ဖိုိ့သယ္ေဆာင္ဖို့ သူတို့အေနနဲ့စီစဥ္ထားတဲ့ အေႀကာင္းေပ့ါေျပာတယ္။"

ျမန္မာႏိုင္ငံထဲမွာ အေရးေပၚလိုအပ္တဲ့ ဝန္ထမ္းေတြကလြဲလို႔ က်န္တဲ့သူအားလံုး ႏိုင္ငံထဲကေနထြက္ၾကဖို႔ အေမရိကန္အစိုးရက ညႊန္ၾကားထားပါတယ္။ ႏိုင္ငံျခားသား သတင္းသမားတခ်ဳိ႕ဖမ္းဆီးခံခဲ့ရတာ႐ွိသလို ႏိုင္ငံျခားကုမၸဏီမွာ အလုပ္လုပ္တဲ့ဝန္ထမ္း ေသနတ္နဲ႔ ပစ္ခတ္ခံရတာေတြေၾကာင့္ ထိုင္းဖက္က စိုးရိမ္ေနတာျဖစ္တယ္လို႔ ဦးမင္းဦးကေျပာျပပါတယ္။

"အေျခအေနကလည္း တျဖည္းျဖည္းဆုိးလာတဲ့အေျခအေနျဖစ္လာတယ္။ ကုိရီးယားဘဏ္၀န္ထမ္းဆုိလည္း အပစ္ခံရတာရွိတယ္။ အဲဒီလိုမ်ိဳးေတြျဖစ္လာေတာ့ သူတို့ႏို္င္ငံသားေတြလည္း မေတာ္တဆ ထိခုိက္တာျဖစ္မွာ အသက္အုိးအိမ္စည္းစိမ္ကို ထိခိုက္မွာစုိးလို့ ျပန္ေခၚတယ္လို့ပဲက်ေနာ္ထင္တယ္။"

ရန္ကုန္ၿမိဳ႕မွာ႐ွိတဲ့ ထုိင္းသံ႐ံုးက ျမန္မာႏိုင္ငံက အေျခအေနေတြကို ေန႔ည မျပတ္ေစာင့္ၾကည့္ေနၿပီး ထုိင္းသံ႐ံုးနဲ႔ ညိွႏိွုင္းလုပ္ေဆာင္သြားမယ္လို့ ထုိင္းအစုိးရကေျပာပါတယ္။

မိမိသေဘာဆႏၵအေရ ကုိယ့္ဖာသာ မလံုျခံဳဘူးဆိုျပီး ျမန္မာႏိုင္ငံကေန ျပန္လည္ထြက္ခြါခ်င္သူေတြ ေနရပ္ျပန္ခ်င္သူေတြအတြက္ ထုိင္းသံရံုးက စီစဥ္ေဆာင္ရြက္ေပးမွာျဖစ္ျပီး ဧျပီ လ ၆ ရက္နဲ့ ၉ ရက္ေန ့မွာ ေလယာဥ္စီစဥ္ေပးမွာျဖစ္ေႀကာင္းကိုလည္း ထုိင္းအာဏာပုိင္ေတြကို ကုိးကားျပီး ထုိင္းသတင္းေတြမွာေဖာ္ျပႀကပါတယ္။

တိုက္႐ိုက္ လင့္ခ္


--------------------

(Unicode)

မြန်မာနိုင်ငံက ထိုင်းနိုင်ငံသားတွေပြန်ခေါ်ဖို့ အစိုးရစီစဉ်နေ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေ မတည်မငြိမ် ဖြစ်နေတာကြောင့် ထိုင်းနိုင်ငံသားတွေကို ထိုင်းစစ်တပ်ပိုင် လေယာဉ်တွေနဲ့ ပြန်ခေါ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဌာနပြောခွင့်ရက ဧပြီလ ၁ရက် နေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက အခြေအနေအပေါ် ထိုင်းနိုင်ငံက ဘယ်လောက်စိုးရိမ်နေသလဲ။ သူ့နိုင်ငံသားတွေကို ဘယ်တော့ စတင်ခေါ်ထုတ်မှာလဲဆိုတာကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်ပြီး အခြေအနေ ယိုယွင်းနေတာကြောင့် မြန်မာနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ထိုင်းနိုင်ငံသားတွေ နေရပ်ပြန်နိုင်အောင် ထိုင်းအစိုးရက စီစဉ်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်ထာနီ စံကရက် (Tanee Sangrat) က ဧပြီလ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုသွားပါတယ်။

"မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းနိုင်ငံသားတွေရဲ့လုံခြုံရေးအတွက် မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။ တကယ်လို့ အခြေအနေပိုဆိုးလာမယ်ဆိုရင် ထိုင်းနိုင်ငံသားတွေကိုပြန်ခေါ်ဖို့အတွက်အဆင်သင့်ပါပဲ" ဆိုပြီး ထိုင်းဘာသာနဲ့ပြောသွားပါတယ်။

ထိုင်းအခြေစိုက် ပညာရေးနဲ့ဖွံဖြိုးရေး ဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးကတော့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေ ဒီထက်ပိုပြီးဆိုးဝါးလာမှာကို စိုးရိမ်လာတဲ့အတွက် သူ့နိုင်ငံသားတွေ နေရပ်ပြန်နိုင်ရေးနှိုးဆော်ခဲ့တာဖြစ်ကြောင်း အခုလိုပြောပြပါတယ်။

"မြန်မာနိုင်ငံဖြစ်ပျက်နေတဲ့ လက်ရှိအခြေအနေအရပေါ့နော် အခြေအနေတွေ ဒီထက် ဆိုးဝါးလာရင် သူ့နိုင်ငံသားတွေ ပြသနာတွေဖြစ်မှ ာထိခိုက်မှုဖြစ်မှာစိုးလို့ အခြေအနေကိုလည်း သူတို့အနေနဲ့ အနီးကပ်စောင့်ကြည့်နေတယ်၊ မလိုလားအပ်တာတွေဖြစ်မှာစိုးလို့ မြန်မာပြည်ထဲကနေ ထွက်ဖို့ နှိုးဆော်တာပေါ့ ။

"တကယ်လို့ ပြန်မယ်ဆိုရင် အရေးပေါ် သဘောမျိုးနဲ့ စစ်လေယာဉ်နဲ့ဖြစ်ဖြစ် ပြန်လည်ကယ်ထုတ်ဖို့စီစဉ်နေတဲ့အကြောင်းပေါ့။ အမေရိကန်တို့ ဂျာမန်တို့က နောက်ဆက်တွဲအနေနဲ့ ထိုင်းဘက်က သူ့နိုင်ငံသားတွေကိုခေါ်ထုတ်နေပြီး နောက်ဆက်တွဲအနေနဲ့ သတိပေးတာ။ ထိုင်းစစ်တပ်က လေတပ်ကနေ သူနိုင်ငံသားတွေပြန်ဖို့သယ်ဆောင်ဖို့ သူတို့အနေနဲ့စီစဉ်ထားတဲ့အကြောင်းပေ့ါပြောတယ်။"

မြန်မာနိုင်ငံထဲမှာ အရေးပေါ်လိုအပ်တဲ့ ဝန်ထမ်းတွေကလွဲလို့ ကျန်တဲ့သူအားလုံး နိုင်ငံထဲကနေထွက်ကြဖို့ အမေရိကန်အစိုးရက ညွှန်ကြားထားပါတယ်။ နိုင်ငံခြားသား သတင်းသမားတချို့ဖမ်းဆီးခံခဲ့ရတာရှိသလို နိုင်ငံခြားကုမ္ပဏီမှာ အလုပ်လုပ်တဲ့ဝန်ထမ်း သေနတ်နဲ့ ပစ်ခတ်ခံရတာတွေကြောင့် ထိုင်းဖက်က စိုးရိမ်နေတာဖြစ်တယ်လို့ ဦးမင်းဦးကပြောပြပါတယ်။

"အခြေအနေကလည်း တဖြည်းဖြည်းဆိုးလာတဲ့အခြေအနေဖြစ်လာတယ်။ ကိုရီးယားဘဏ်ဝန်ထမ်းဆိုလည်း အပစ်ခံရတာရှိတယ်။ အဲဒီလိုမျိုးတွေဖြစ်လာတော့ သူတို့နိုင်ငံသားတွေလည်း မတော်တဆ ထိခိုက်တာဖြစ်မှာ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်မှာစိုးလို့ ပြန်ခေါ်တယ်လို့ပဲကျနော်ထင်တယ်။"

ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးက မြန်မာနိုင်ငံက အခြေအနေတွေကို နေ့ည မပြတ်စောင့်ကြည့်နေပြီး ထိုင်းသံရုံးနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ ထိုင်းအစိုးရကပြောပါတယ်။

မိမိသဘောဆန္ဒအရေ ကိုယ့်ဖာသာ မလုံခြုံဘူးဆိုပြီး မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွါချင်သူတွေ နေရပ်ပြန်ချင်သူတွေအတွက် ထိုင်းသံရုံးက စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပြီး ဧပြီ လ ၆ ရက်နဲ့ ၉ ရက်နေ့မှာ လေယာဉ်စီစဉ်ပေးမှာဖြစ်ကြောင်းကိုလည်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG