သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လွှတ်တော်မှာ ဆွေးနွေး


မူးယစ်မှောင်ခို သံသယရှိသူ ဖမ်းဆီးခံရစဉ် သေဆုံးခဲ့မှုအတွက် ဖမ်းဆီးခံရတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်အချို့။ (သြဂုတ် ၂၆၊ ၂၀၂၁)
မူးယစ်မှောင်ခို သံသယရှိသူ ဖမ်းဆီးခံရစဉ် သေဆုံးခဲ့မှုအတွက် ဖမ်းဆီးခံရတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်အချို့။ (သြဂုတ် ၂၆၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင်းနိုင်ငံမှာ မူးယစ်မှောင်ခိုအဖြစ် သံသယရှိသူတဦးကို သတ်ဖြတ်မှု စွဲချက်နဲ့ စစ်ဆေးခံနေရတဲ့ ထိုင်းရဲအရာရှိရဲ့ အမှုကြောင့် အကျင့်ပျက် ခြစားမှုတွေကြောင့် နာမည်ပျက်နေတဲ့ ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲရေး လက်တွေ့ အကောင်အထည် မဖော်နိုင်သေးတဲ့ အစိုးရရဲ့ ကတိကဝတ်နဲ့ လွှတ်တော်မှာ ကြန့်ကြာနေတဲ့ ဥပဒေကြမ်းအပေါ်မှာ ပိုပြီး အာရုံစိုက်လာနေကြပါတယ်။

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် အခြေခံဥပဒေမှာ ၁၂ လတာအတွင်း ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ကတိပြုထားတာပါ။ ဒါပေမယ့်လည်း ၄ နှစ်ကျော်လာတဲ့ အချိန်ထိ လွှတ်တော်အမတ်တွေကြား အသေးစိတ် အချက်တွေကို ဆွေးနွေး ငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အများအပြားပါတဲ့ အစိုးရ အတည်ပြုထားတဲ့ ဥပဒေကြမ်းက လွှတ်တော်လုပ်ငန်းစဉ် ၃ ခုမှာ ပထမဆုံးအဆင့်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပြီးစီးခဲ့ပေမယ့်လည်း နောက်နှစ်မတိုင်ခင် အပြီးသတ် မဲခွဲနိုင်ဖွယ် မရှိဘူးလို့ တာဝန်ရှိသူတွေက ယူဆထားပါတယ်။

ဒီဥပဒေကို ကျင့်သုံးနိုင်ရေးအတွက်ကလည်း ထိုင်းရဲ့ စည်းမျဉ်းခံဘုရင် Maha Vajiralongkorn ဘက်က အတည်ပြုပေးဖို့ လိုအပ်ပါတယ်။

ထိုင်းနိုင်ငံ Nakhon Sawan ပြည်နယ်မှာ သြဂုတ်လ ၆ ရက်နေ့က မူးယစ်မှောင်ခို သံသယရှိသူ Jeerapong Thanapat ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားမှုအတွင်း သေဆုံးခဲ့ရပြီးနောက် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားတွေ ပေါ်ပေါက်နေတာပါ။

စခန်းမှူး Thitisant Utthanaphon က လက်ထိပ်ခတ်ထားတဲ့ မူးယစ်မှောင်ခို သံသယရှိသူရဲ့ ဦးခေါင်းကို ပလတ်စတစ်အိတ်တွေနဲ့ စွပ်ပြီး အသက်ရှူကျပ်အောင် လုပ်ခဲ့ပုံရတဲ့ လုံခြုံရေးကင်မရာမှတ်တမ်း ထွက်ပေါ်လာပြီးနောက်မှာ နိုင်ငံတဝန်းက အာရုံစိုက်လာတာ ဖြစ်ပါတယ်။ စခန်းမှူး Thitisant နဲ့ ဗွီဒီယိုထဲမှာ တွေ့ရတဲ့ ကူညီပေးသူ ရဲတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးခဲ့ပါတယ်။ မူးယစ်မှောင်ခို သံသယရှိသူကို နှိပ်စက်ခဲ့ကြောင်း စခန်းမှူးက ဝန်ခံပေမယ့် ငွေညှစ်ဖို့လုပ်တယ် ဆိုတာကိုတော့ ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)








XS
SM
MD
LG