သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာ နယ်စပ်က အာရှလမ်းမကြီးပြင်ဖို့ ထိုင်းစီစဉ်နေ


ကော့ကရိတ်မြို့နယ်ထဲက ရန်ကုန်-မြဝတီအပိုင်း အာရှလမ်းမကြီးတနေရာကိုတွေ့ရစဉ် (စက်တင်ဘာ ၂၄၊ ၂၀၂၃)
ကော့ကရိတ်မြို့နယ်ထဲက ရန်ကုန်-မြဝတီအပိုင်း အာရှလမ်းမကြီးတနေရာကိုတွေ့ရစဉ် (စက်တင်ဘာ ၂၄၊ ၂၀၂၃)

ထိုင်းနဲ့ မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ အမှတ် ၁ အာရှအဝေးပြေးလမ်းမကြီးကို ပြန်လည်ပြင်ဆင်နိုင်ဖို့ လိုလားတယ်လို့ ထိုင်းနိုင်ငံက ပြောကြားလိုက်ပါတယ်။ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပွင့်နေအောင်နဲ့ ထိုင်း မြန်မာနယ်စပ် တည်ငြိမ်ရေးကို လိုလားတဲ့ ထိုင်းနိုင်ငံအနေနဲ့ အာရှလမ်းမကြီး ပြန်လည်ပြင်ဆင်နိုင်အောင် မြန်မာနိုင်ငံထဲက စစ်ပွဲတွေဖြစ်နေတဲ့ ဘက်အားလုံးနဲ့ အတူတွဲဆောင်ရွက်လိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂရန်ဖုန် (Maris Sangiampongsa ) က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ထိခိုက် ပျက်စီးနေတဲ့ အာရှလမ်းမကြီး ပြန်လည်တည်ဆောက်ရေးအတွက် အာဆီယံရဲ့ထောက်ခံမှု ထိုင်းနိုင်ငံရထားသလို အိန္ဒိယကလည်း အဝေးပြေးလမ်းမကြီးရဲ့ တချို့နေရာတွေ ပြန်ဆောင်ဖို့ တိုက်တွန်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris မာရစ်က ဒီနေ့ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ထိုင်းနဲ့နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ကနေ အိန္ဒိယနယ်စပ်နားက တမူးမြို့အထိ လမ်းပေါက်တဲ့ အာရှအဝေးပြေးလမ်းမကြီးဟာ ထိုင်းအတွက်ရော၊ မြန်မာနိုင်ငံအတွက်ပါ ကုန်သွယ်ရေးအတွက် အင်မတန်အရေးပါပါတယ်။

အာရှလမ်းမကြီးရဲ့ထိုင်းနယ်စပ်ဘက်မှာ စစ်တပ်နဲ့ ကရင် KNLA/ PDF ပူးပေါင်းတပ်တွေတိုက်ပွဲတွေဖြစ်လို့ လမ်းထိခိုက်ပျက်စီးနေသလို၊ စစ်ကိုင်းတိုင်း ခမ်းပတ်ဘက်မှာလည်း တိုက်ပွဲတွေကြောင့် ဆက်သွယ်ရေး ပြတ်တောက် ထိခိုက်နေပါတယ်။ မြန်မာပြဿနာဟာ စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းလို့ မရဘဲ ထိရောက်တဲ့ ဆွေးနွေးမှုတွေကနေပဲ ဖြေရှင်းနိုင်မယ်လို့ ထင်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG