သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

F-35 ဂ်က္ တိုက္ေလယာဥ္ေတြဝယ္ယူဖို႔ ထိုင္းစိတ္ဝင္စားေန


F 35 အမ်ဳိးအစား တုိက္ေလယာဥ္ 

[[Zawgyi/Unicode]]

အေမရိကန္ ေလေၾကာင္းဆိုင္ရာ ကုမၸဏီ Lockheed Martin ထုတ္ LMT.N F-35 ဂ်က္တိုက္ေလယာဥ္ေတြကို ထိုင္းႏိုင္ငံရဲ႕ စိတ္ဝင္စားမႈဟာ အမွန္တကယ္ျဖစ္ေပမဲ့ ဒီေလယာဥ္ေတြကို ဝယ္ယူဖို႔ဆိုတာက အေမရိကန္အစိုးရတြက္ အေရးပါမႈတခုျဖစ္တယ္လို႔ ကာကြယ္ေရးကုမၸဏီရဲ႕ အႀကီးတန္းအမႈေဆာင္တဦးက ဗုဒၶဟူးေန႔မွာ ေျပာခဲ့ပါတယ္။ F35 ေလယာဥ္ဟာ ကမာၻ႔အဆင့္အျမင့္ဆုံး ဂ်က္တိုက္ေလယာဥ္တခုျဖစ္ၿပီး ဒီဂ်က္ေလယာဥ္ေတြကို အေမရိကန္ရဲ႕ မဟာမိတ္ေတြကိုပဲ ေရာင္းခ်တာပါ။

ဒီဂ်က္တိုက္ေလယာဥ္ေတြကို ထိုင္းႏိုင္ငံက စိတ္ဝင္စားတယ္ဆိုတာကို Lockheed Martin ကုမၸဏီရဲ႕ အႀကီးတန္း ဒုတိယဥကၠဌ Tim Cahill က Singapore မွာ လုပ္တဲ့ ေလယာဥ္ျပပြဲမွာအတည္ျပဳ ေျပာဆိုပါတယ္။ ဒါေပမဲ့လည္း ဒါနဲ႔ပတ္သက္ရင္ တရားဝင္ က်ေနာ္သိထားတာ ဘာမွရွိဘူးလို႔ သူက ဆိုပါတယ္။
အေရွ႕ေတာင္အာရွႏိုင္ငံရဲ႕ ေလတပ္ဟာ တိုက္ေလယာဥ္ ၄ စင္း ဝယ္ယူဖို႔ အေမရိကန္ေဒၚလာ ၄၁၃ သန္းကို သုံးဖို႔ ဇန္နဝါရီလမွာ လ်ာထားခဲ့တာပါ။

ထိုင္းႏိုင္ငံက ဂ်က္တိုက္ ေလယာဥ္ F 35 ကို ၈ စင္းအထိဝယ္ခ်င္တယ္လို႔ ထိုင္းႏိုင္ငံရဲ႕ ေလတပ္ဦးစီးခ်ဳပ္ Naadej Dhupatemiya က အေစာပိုင္းမွာ ေျပာခဲ့ပါတယ္။

"ဒါက အေမရိကန္အစိုးရရဲ႕ မူဝါဒ ဆုံးျဖတ္ခ်က္ပါ၊ ဂတိတခ်ိဳ႕ ရွိမယ္လို႔လည္း က်ေနာ္ထင္တယ္ ဒါေပမဲ့ အေမရိကန္အစိုးရက ဒီေလယာဥ္ေတြကို (ထိုင္းႏိုင္ငံ)ကို ေရာင္းမလားဆိုတာကေတာ့ က်ေနာ္ေသခ်ာမသိဘူး" လို႔ Mr Cahill က ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

F-35 ဂျက် တိုက်လေယာဉ်တွေဝယ်ယူဖို့ ထိုင်းစိတ်ဝင်စားနေ

အမေရိကန် လေကြောင်းဆိုင်ရာ ကုမ္ပဏီ Lockheed Martin ထုတ် LMT.N F-35 ဂျက်တိုက်လေယာဉ်တွေကို ထိုင်းနိုင်ငံရဲ့ စိတ်ဝင်စားမှုဟာ အမှန်တကယ်ဖြစ်ပေမဲ့ ဒီလေယာဉ်တွေကို ဝယ်ယူဖို့ဆိုတာက အမေရိကန်အစိုးရတွက် အရေးပါမှုတခုဖြစ်တယ်လို့ ကာကွယ်ရေးကုမ္ပဏီရဲ့ အကြီးတန်းအမှုဆောင်တဦးက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။ F35 လေယာဉ်ဟာ ကမ္ဘာ့အဆင့်အမြင့်ဆုံး ဂျက်တိုက်လေယာဉ်တခုဖြစ်ပြီး ဒီဂျက်လေယာဉ်တွေကို အမေရိကန်ရဲ့ မဟာမိတ်တွေကိုပဲ ရောင်းချတာပါ။

ဒီဂျက်တိုက်လေယာဉ်တွေကို ထိုင်းနိုင်ငံက စိတ်ဝင်စားတယ်ဆိုတာကို Lockheed Martin ကုမ္ပဏီရဲ့ အကြီးတန်း ဒုတိယဥက္ကဌ Tim Cahill က Singapore မှာ လုပ်တဲ့ လေယာဉ်ပြပွဲမှာအတည်ပြု ပြောဆိုပါတယ်။ ဒါပေမဲ့လဲ ဒါနဲ့ပတ်သက်ရင် တရားဝင် ကျနော်သိထားတာ ဘာမှရှိဘူးလို့ သူက ဆိုပါတယ်။
အရှေ့တောင်အာရှနိုင်ငံရဲ့ လေတပ်ဟာ တိုက်လေယာဉ် ၄ စင်း ဝယ်ယူဖို့ အမေရိကန်ဒေါ်လာ ၄၁၃ သန်းကို သုံးဖို့ ဇန်နဝါရီလမှာ လျာထားခဲ့တာပါ။

ထိုင်းနိုင်ငံက ဂျက်တိုက် လေယာဉ် F 35 ကို ၈ စင်းအထိဝယ်ချင်တယ်လို့ ထိုင်းနိုင်ငံရဲ့ လေတပ်ဦးစီးချုပ် Naadej Dhupatemiya က အစောပိုင်းမှာ ပြောခဲ့ပါတယ်။

"ဒါက အမေရိကန်အစိုးရရဲ့ မူဝါဒ ဆုံးဖြတ်ချက်ပါ၊ ဂတိတချို့ ရှိမယ်လို့လည်း ကျနော်ထင်တယ် ဒါပေမဲ့ အမေရိကန်အစိုးရက ဒီလေယာဉ်တွေကို (ထိုင်းနိုင်ငံ)ကို ရောင်းမလားဆိုတာကတော့ ကျနော်သေချာမသိဘူး" လို့ Mr Cahill က ဆိုပါတယ်။

============

XS
SM
MD
LG