သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး ၃ ဦးကို PDF ထောက်ပံ့စွဲချက်နဲ့ သံတွဲတရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ် 


ရခိုင်ပြည်နယ်၊ သံတွဲမြို့က ရဲတပ်ဖွဲ့ဝင်များ။ (ယခင်ပုံဟောင်း)
ရခိုင်ပြည်နယ်၊ သံတွဲမြို့က ရဲတပ်ဖွဲ့ဝင်များ။ (ယခင်ပုံဟောင်း)


[[Zawgyi/Unicode]]

ရခိုင်ပြည်နယ် သံတွဲမြို့ သံတွဲခရိုင်တရားရုံးက အမျိုးသမီး ၃ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ငွေကြေး ထောက်ပံ့တယ်ဆိုပြီး ထောက်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲပြီး ခုလို ထောင်ဒဏ်ချလိုက်တဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့က အမျိုးသမီး ၃ ဦးကို သံတွဲခရိုင် တရားရုံးက မတ်လ ၃၁ ရက်နဲ့ ထောင်ဒဏ် ၁၀ နှစ်အမိန့်ချ လိုက်ပါတယ်။ အနိမ့်ဆုံးပြစ်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်တကျွန်းချနိုင်တဲ့ ပုဒ်မနဲ့ တရားစွဲပြီး ထောင်ချလိုက်တာလို့ သူတို့အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ သဇင် ဥပဒေဆိုင်ရာ အဖွဲ့အစည်းက တရားလွှတ်တော်ရှေ့နေ ဦးထွန်းဝင်းမောင်က ပြောပြပါတယ်။

“အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ စွဲတာပေါ့။ အကြမ်းဖက်အဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီးတော့ စွပ်စွဲချက်ပေါ့နော်၊ အဲဒါကို တရားသူကြီးက စွပ်စွဲခံရတဲ့ ဒေါ်မြင့်မြင့်ဖြိုးကျော်၊ ဒေါ်တင်စန္ဒာဝင်း၊ နောက်ပြီးတော့ ဒေါ်စန်းချိုသိုက်တို့ကို အဲဒီစွဲဆိုထားတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) အရ အပြစ်ရှိတယ်လို့ ကောက်ယူပြီးတော့ သူက ထောက်ဒဏ် ၁၀ နှစ် ကျခံစေရန်အမိန့်ချပါတယ်။”

အဲဒီအမျိုးသမီး ၃ ဦးကို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလအကုန်ပိုင်းလောက်က သံတွဲမြို့မရဲစခန်းက ဒုရဲမှူးဝင်းနိုင်စိုးက တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲဆိုခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ငွေကြေး ထောက်ပံ့တယ်ဆိုတဲ့စွပ်စဲချက်နဲ့ ဖမ်းဆီးခံထားရသူ ရခိုင်ပြည်နယ်မှာ ၁၀ ဦးထက်မနည်း ရှိနေပြီး အခု ၃ ယောက်နဲ့ဆိုရင် ထောင်ဒဏ်ပြစ်ဒဏ်ချခံရသူ ၄ ယောက်ရှိသွားပါပြီ။ ၂၀၂၂ ခုနှစ် ဖေဖော်ရီလ ၂၅ ရက်နေ့ကလည်း PDF တွေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာက လူငယ်တဦးကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)နဲ့ မြောက်ဦး ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံတချို့ဒေသတွေမှာ ပြည်သူူ့ကာကွယ်ရေး PDF အဖွဲ့တွေ ဖွဲ့စည်းပြီး လက်နက်စွဲကိုင် တိုက်ခိုက်မှုတွေ ရှိနေပေမယ့် ရခိုင်ပြည်နယ်မှာတော့ အဲဒီလို PDF အဖွဲ့တွေ မရှိပါဘူး။ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသတွေဖြစ်တဲ့ သံတွဲ၊ တောင်ကုတ်၊ ဂွ စတဲ့မြို့တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ထောက်ခံသူ ရခိုင်ပြည်နယ်မှာ အများဆုံးရှိခဲ့တဲ့ မြို့တွေဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]







============

XS
SM
MD
LG