သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းငါးဖမ်းသမားတွေ မကြာခင် လွှတ်ပေးမယ်လို့ စစ်ကောင်စီ ကတိပေး


စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ။

မြန်မာနိုင်ငံမှာ ဖမ်းဆီးထားတဲ့ ထိုင်းငါးဖမ်းသမား လေးယောက်ကို မကြာခင် လွှတ်ပေးမယ့်အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ပြောခဲ့တာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ပြန်လည်ပြောဆိုပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မနေ့က မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အလွတ်သဘော ညှိနှိုင်း ဆွေးနွေးပွဲအပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို သီးခြားတွေ့ဆုံပါတယ်။ ထိုင်းငါးဖမ်းသမား လေးယောက်ထဲက ငါးဖမ်းလှေပိုင်ရှင်ကို ထောင်ဒဏ် ၆ နှစ်နဲ့ ဒဏ်ငွေ ကျပ် နှစ်သိန်း ပြစ်ဒဏ်ချမှတ်ထားပြီး ကျန်သုံးယောက်ကို ထောင်ဒဏ် လေးနှစ်ဆီနဲ့ ဒဏ်ငွေ ကျပ်နှစ်သောင်းဆီ ပြစ်ဒဏ်ချမှတ်ထားပါတယ်။

ရနောင်းနဲ့ မျက်နှာချင်းဆိုင် ကော့သောင်းဘက် မြန်မာရေပိုင်နက်ထဲ ဝင်လာတဲ့ ထိုင်းငါးဖမ်းလှေတွေကို ပစ်ခတ်ပြီး မြန်မာစစ်တပ်က နိုဝင်ဘာလ ၃၀ ရက်နေ့ကငါးဖမ်းသမားတွေကို ဖမ်းဆီးခဲ့တာပါ။ ထိုင်းစစ်တပ်ကတော့ မြန်မာနိုင်ငံဘက်က ပစ်ခတ်ဖမ်းဆီးတာဟာ လိုအပ်တာထက် လွန်လွန်ကျုးကျုး အရေးယူတာလို့ ဝေဖန်ပြောဆိုထားပါတယ်။ နှစ်နိုင်ငံအကြား နောက်နောင် အလားတူ ဖြစ်ရပ်တွေ မဖြစ်အောင် ဟန့်တားဖို့ လုပ်ထုံးလုပ်နည်းတွေ သတ်မှတ်ဖို့ လိုအပ်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။

ထိုင်းငါးဖမ်းသမားတွေနဲ့အတူ ဖမ်းဆီးခဲခဲ့ရတဲ့ တခြား မြန်မာနိုင်ငံသား ၂၇ ယောက်ရဲ့ အခြေအနေကတော့ မသိရသေးပါဘူး။ ဖမ်းမိသူထားသူတွေမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်မှုတွေ့ရတဲ့အတွက် စုံစမ်းစစ်ဆေးနေဆဲပဲလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG