သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

AA လက္ထဲက လြတ္ေျမာက္လာသူတဦး အေတြ႕အႀကဳံ


ရခိုင္ျပည္နယ္က ျမန္မာလံုၿခံဳေရးတပ္စခန္းတခု

(Zawgyi/Unicode)

ရခိုင္လက္နက္ကိုင္ AAအ ဖြဲ႕က ဖမ္းဆီးေခၚေဆာင္ထားစဥ္ တစ္ခါမွမႀကဳံဖူးေသးတဲ့ အျဖစ္မ်ိဳးနဲ႔ ႀကဳံေတြ႕ ခဲ့ရတာေၾကာင့္ အခုအခ်ိန္ထိ ေၾကာက္လန႔္ေနတုန္းပဲလို႔ႏိုဝင္ဘာ ၅ ရက္ေန႔က ျပန္လႊတ္လာတဲ့ အရပ္သား ၂၅ ဦးထဲက တဦးျဖစ္သူ ကိုေ႐ႊဇံေအာင္က ေျပာပါတယ္။

ျပန္လြတ္လာသူ ၂၅ ေယာက္စလုံးကို လုံၿခဳံေရးတပ္ဖြဲ႕ေတြက ဘူးသီးေတာင္ၿမိဳ႕နယ္ နယ္ျခားေစာင့္ ၃မွာ စစ္ေဆးတာကို ခံခဲ့ၾကရၿပီး မေန႔ႏိုဝင္ဘာ ၆ ရက္ေန႔၊ ညေန ၆နာရီေလာက္မွာ အာဏာပိုင္ေတြက သူတို႔ကို ျပန္လည္လႊတ္ေပးလိုက္တာပါ။ ဒီအေၾကာင္း အျပည့္အစုံကိုေတာ့ ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏိုင္က ဆက္လက္တင္ျပေပးမွာပါ။

ေ႐ြနဒီအျမန္ယာဥ္ေပၚမွာ လိုက္ပါလာတဲ့ ခရီးသည္ေတြကို ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၆ရက္ေန႔မွာAA အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခဲ့တုန္းက ႀကဳံေတြ႕ခဲ့ရတဲ့ ျဖစ္စဥ္ေတြကို ျပန္လႊတ္လာသူတဦးျဖစ္တဲ့ ကိုေ႐ႊဇံေအာင္က ဗြီအိုေအကို ျပန္ေျပာျပတာခဲ့တာပါ။

“က်ေနာ္တို႔ကေတာ့ ဘယ္လိုပဲ ျဖစ္ျဖစ္ ဘယ္သူ႔လက္ထဲမွာပဲ ျဖစ္ျဖစ္ စိုးရိမ္စိတ္ကေတာ့ မ်ားတယ္။ ေသနတ္သံေတြ ၾကားရတဲ့ ေနာက္ပိုင္းမွာ၊ဒီလိုအျဖစ္မ်ိဳးႀကဳံရတဲ့ ေနာက္ပိုင္းမွာ စိုးရိမ္စိတ္ေတာ့ ရွိေနတာေပါ့ဗ်ာ စကားအေကာင္းလာေျပာမယ္ ဆိုရင္ေတာင္ က်ေနာ္တို႔က ေၾကာက္ေနတဲ့ ပုံစံေတာင္ ျဖစ္ေနတယ္ အခုက။”

သေဘၤာေပၚမွာကတည္းက သူတို႔အားလုံးကို မျမင္ရေအာင္ မ်က္လုံးေတြကို ပိတ္လိုက္ျခင္း ခံရတယ္လို႔ သူက ဆက္ေျပာပါတယ္။

“ ကြၽန္ေတာ္တို႔ကို သေဘၤာေပၚကေန ခ်တဲ့အခ်ိန္မွာေတာ့ ေအာက္ကို ေရာက္တာနဲ႔ မ်က္လုံးပိတ္လိုက္တယ္။ ႀကိဳးခ်ည္ၿပီးေတာ့ ေခၚသြားတယ္။ ကြၽန္ေတာ္တို႔ု သေဘၤာေပၚက ၾကည့္တဲ့အခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔ နည္းနည္းပဲျမင္တယ္ ေအာက္ေရာက္ေတာ့ မ်ားမယ္ထင္တယ္ ၾကည့္ခ်ိန္လည္း မရလိုက္ပါဘူး ၾကည့္ဖို႔လည္း ေၾကာက္တယ္။ ရွင္းရွင္းေျပာရရင္ လူတစ္ေယာက္ကို ေခါင္ေဖာ္ၿပီးၾကည့္ဖို႔လည္းေၾကာက္ေနၿပီး က်ေနာ္တို႔က အဲလိုႀကဳံေတြ႕ခဲ့ရတယ္။ ”

အဲဒီေနာက္မွာေတာ့ အျပန္အလွန္ ပစ္ခတ္မႈေတြ ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

“အဲဒီေနာက္ပိုင္းမွာ ေသနတ္သံေတြၾကားရတယ္။ ေသနတ္သံေတြၾကားၿပီးေတာ့ ရဟတ္ယာဥ္ ျပန္သြားတဲ့ အခ်ိန္မွာ ကြၽန္ေတာ္တို႔ကို ႀကိဳးေတြ ဘာေတြေျဖေပးတယ္။ အဲဒီအ ခ်ိန္မွာ ေတာ့ ေမွာင္သြားၿပီဗ်ာ။ ၇နာရီ ၈နာရီ ေလာက္ေတာ့ရွိမွာေပါ့။ အဲဒီထက္ေက်ာ္ရင္လည္း ေက်ာ္မယ္ ၿပီးေတာ့ က်ေနာ္တို႔ကို ေတာထဲကိုေခၚသြားတယ္။ ”

တညလုံး ခရီးဆက္ခဲ့ၿပီး မနက္မိုးလင္းမွ သူတို႔ေနရမယ့္ေနရာကို ေရာက္သြားတယ္လို႔ ကိုေ႐ႊဇံေအာင္ က ေျပာပါတယ္။

“ေတာထဲေခၚသြားၿပီးေတာ့ မနက္မိုးလင္းေလာက္ေတာ့ ေရာက္သြားတယ္။ ေရာက္သြားေတာ့ ထမင္းေတြ ဘာေတြေကြၽးတယ္။ အဲမွာ တဲမွာထားထားတယ္ က်ေနာ္တို႔ကို ထမင္းေတာ့ ပုံမွန္ေကြၽးတယ္ဗ်ာ။ အဲမွာက်ေနာ္တို႔ ဘယ္လိုေျပာမလဲ နားလိုက္ ၊ထိုင္လိုက္အိပ္လိုက္ အလုပ္မရွိေတာ့ အေတြးေတြ ေတြးလိုက္ေပါ့။ သူတို႔ကေတာ့နည္းနည္းပါးပါးစစ္မယ္ ၿပီးရင္ ျပန္လြတ္မယ္လို႔ ေျပာတယ္ ”

ကိုေ႐ႊဇံေအာင္နဲ႔အတူ ေ႐ႊနဒီေရယာဥ္ေပၚ ပါလာသူ ခရီးသည္ ၅၀ ေလာက္ကို AA အဖြဲ႕က ဖမ္းဆီး ေခၚေဆာင္ သြားခဲ့တာမွာ သာမန္ျပည္သူေတြအျပင္ အရပ္ဝတ္နဲ႔ လိုက္လာတဲ့ တပ္မေတာ္သားနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြလည္း ပါဝင္ပါတယ္။

အဖမ္းခံရ သူေတြထဲက စစ္သားနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြကလြဲလို႔ က်န္တဲ့ အရပ္သား ၂၅ ဦးကို ႏိုဝင္ဘာလ ၅ရက္ေန႔ မွာ AA အဖြဲ႕ ျပန္လည္လႊတ္ေပးခဲ့ပါတယ္။ သူတို႔တေတြ ျမန္မာအာဏာပိုင္ေတြလက္ထဲ ေရာက္ေရာက္ခ်င္းမွာပဲ ဘူးသီးေတာင္ၿမိဳ႕နယ္ နယ္ျခားခံေစာင့္ ၃မွာ ထိန္းသိမ္း စစ္ေဆးျခင္း ခံခဲ့ရပါတယ္။

နယ္ျခားေစာင့္ ၃မွာ ေမးျမန္းခံရတဲ့ အေျခအေနကိုေတာ့ ကိုေ႐ြဇံေအာင္က အခုလိုေျပာျပပါတယ္။

“ ေမးတဲ့ သူေတြကေတာ့ ရဲလို႔ထင္ပါတယ္။ၿပီးေတာ့က်ေနာ္တို႔ကိုေမးတယ္ ဘယ္လိုအခက္အခဲမ်ိဳးနဲ႔ ဘယ္လိုႀကဳံေတြ႕ခဲ့ရလဲ ၊ ဘယ္လိုျပန္လာလဲ အဲတာကို ေမးတာ။ ဘယ္ကိုဖမ္းသြားလဲ ဘယ္လို ျပန္ပို႔လဲ ဘာေတြျဖစ္ခဲ့လဲ အဲတာေတြ ေမးတယ္။ ”

သူတို႔အေနနဲ႔ အဲဒီလို ျမန္မာအစိုးရ အာဏာပိုင္ေတြရဲ႕ စစ္ေဆး ေမးျမန္းျခင္း ခံရမယ္ဆိုတာ ႀကိဳတင္ ခန႔္မွန္းထားေပမယ့္ တကယ္ လက္ေတြ႕ အေမးခံရတဲ့အခ်ိန္မွာ ေၾကာက္လန႔္ေနၾကတယ္လို႔ ဆိုပါတယ္။

“ က်ေနာ္တို႔ျပန္လြတ္လာေတာ့ ဒီဘက္ကလည္း နည္းနည္းပါးပါး ေမးမယ္ဆိုတာကို သိတယ္။ မေမးပဲေတာ့ မေနပါဘူးလို႔ ေတြးၿပီးေတာ့ ေၾကာက္စိတ္ေတြ ရွိတာေပါ့ဗ်ာ ။ ဟိုမွာလည္းေမး ၊ ဒီမွာလည္း ေမးဆိုေတာ့ အဲေတာ့ ေမးရင္လည္း ေမးလို႔ က်ေတာ္တို႔လည္း ေျဖၿပီးသြားၿပီး။ ျပီးၿပီးသြားေတာ့ သူတို႔မွာအခ်က္အလက္မျပည့္စုံဘူးထင္တယ္။ အဲေတာ့ ေနာက္ထက္ ဆက္လက္ၿပီး ေမးျမန္းတာေတြ ရွိတယ္။ တစ္ေယာက္ၿပီး တစ္ေယာက္ေမးေတာ့ လူးမ်ားေတာ့ ၾကာပါတယ္။"

ေ႐ြနဒီအျမန္ယာဥ္ေပၚက ဖမ္းသြားတဲ့ အရပ္သားေတြကို ျပန္လြတ္ေပးလိုက္ေပမယ့္ စစ္ဖက္နဲ႔ ပတ္သတ္တဲ့ သူေတြကိုေတာ့ လုံၿခဳံေရးအရ စစ္ေဆးေမးျမန္စရာေတြ ရွိေသးတာေၾကာင့္ မလြတ္ေပးေသးဘူးလို႔ AA အဖြဲ႕ ေျပာခြင့္ရ ခိုင္သုခက ႏိုဝင္ဘာ ၅ ရက္ေန႔မွာဘဲ ဗြီအိုေအကို ေျပာထားပါတယ္။

ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ေတြက ျပန္လြတ္လာသူေတြကို စစ္ေဆးေမးျမန္းၿပီး ၂၄ ေယာက္ကို မေန႔က လြတ္ေပးလိုက္ေပမယ့္ ရေသ့ေတာင္ၿမိဳ႕နယ္က ကိုေက်ာ္ေဌးကိုေတာ့ စစ္ေတြၿမိဳ႕မွာ ဆက္လက္ စစ္ေဆးေနတယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

လက္ရွိ ျပန္လြတ္လာတဲ့ သူေတြဟာမိသားစုဝင္ေတြနဲ႔ ေတြ႕ခြင့္ရေနေပမယ့္လည္း သူတို႔ရဲ႕ စိတ္ထဲမွာသူ တို႔ႀကဳံေတြ႕ခဲ့ရတာနဲ႔ ပတ္သတ္ၿပီး မိမိကိုကိုယ္ လုံၿခဳံမႈမရွိသလို ခံစားေနရၿပီး ေၾကာက္လန႔္ ေနၾကရတယ္လို႔ ေျပာဆိုၾကပါတယ္။

..................

AA လက်ထဲက လွတ်မြောက်လာသူတဦး အတွေ့အကြုံ

(Unicode)

ရခိုင်လက်နက်ကိုင် AAအ ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ထားစဉ် တစ်ခါမှမကြုံဖူးသေးတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ ခဲ့ရတာကြောင့် အခုအချိန်ထိ ကြောက်လန့်နေတုန်းပဲလို့နိုဝင်ဘာ ၅ ရက်နေ့က ပြန်လွှတ်လာတဲ့ အရပ်သား ၂၅ ဦးထဲက တဦးဖြစ်သူ ကိုရွှေဇံအောင်က ပြောပါတယ်။

ပြန်လွတ်လာသူ ၂၅ ယောက်စလုံးကို လုံခြုံရေးတပ်ဖွဲ့တွေက ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့် ၃မှာ စစ်ဆေးတာကို ခံခဲ့ကြရပြီး မနေ့နိုဝင်ဘာ ၆ ရက်နေ့၊ ညနေ ၆နာရီလောက်မှာ အာဏာပိုင်တွေက သူတို့ကို ပြန်လည်လွှတ်ပေးလိုက်တာပါ။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က ဆက်လက်တင်ပြပေးမှာပါ။

ရွေနဒီအမြန်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ရက်နေ့မှာAA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တုန်းက ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေကို ပြန်လွှတ်လာသူတဦးဖြစ်တဲ့ ကိုရွှေဇံအောင်က ဗွီအိုအေကို ပြန်ပြောပြတာခဲ့တာပါ။

“ကျနော်တို့ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်သူ့လက်ထဲမှာပဲ ဖြစ်ဖြစ် စိုးရိမ်စိတ်ကတော့ များတယ်။ သေနတ်သံတွေ ကြားရတဲ့ နောက်ပိုင်းမှာ၊ဒီလိုအဖြစ်မျိုးကြုံရတဲ့ နောက်ပိုင်းမှာ စိုးရိမ်စိတ်တော့ ရှိနေတာပေါ့ဗျာ စကားအကောင်းလာပြောမယ် ဆိုရင်တောင် ကျနော်တို့က ကြောက်နေတဲ့ ပုံစံတောင် ဖြစ်နေတယ် အခုက။”

သင်္ဘောပေါ်မှာကတည်းက သူတို့အားလုံးကို မမြင်ရအောင် မျက်လုံးတွေကို ပိတ်လိုက်ခြင်း ခံရတယ်လို့ သူက ဆက်ပြောပါတယ်။

“ ကျွန်တော်တို့ကို သင်္ဘောပေါ်ကနေ ချတဲ့အချိန်မှာတော့ အောက်ကို ရောက်တာနဲ့ မျက်လုံးပိတ်လိုက်တယ်။ ကြိုးချည်ပြီးတော့ ခေါ်သွားတယ်။ ကျွန်တော်တို့ သင်္ဘောပေါ်က ကြည့်တဲ့အချိန်မှာတော့ ကျွန်တော်တို့ နည်းနည်းပဲမြင်တယ် အောက်ရောက်တော့ များမယ်ထင်တယ် ကြည့်ချိန်လည်း မရလိုက်ပါဘူး ကြည့်ဖို့လည်း ကြောက်တယ်။ ရှင်းရှင်းပြောရရင် လူတစ်ယောက်ကို ခေါင်ဖော်ပြီးကြည့်ဖို့လည်းကြောက်နေပြီး ကျနော်တို့က အဲလိုကြုံတွေ့ခဲ့ရတယ်။ ”

အဲဒီနောက်မှာတော့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီနောက်ပိုင်းမှာ သေနတ်သံတွေကြားရတယ်။ သေနတ်သံတွေကြားပြီးတော့ ရဟတ်ယာဉ် ပြန်သွားတဲ့ အချိန်မှာ ကျွန်တော်တို့ကို ကြိုးတွေ ဘာတွေဖြေပေးတယ်။ အဲဒီအ ချိန်မှာ တော့ မှောင်သွားပြီဗျာ။ ၇နာရီ ၈နာရီ လောက်တော့ရှိမှာပေါ့။ အဲဒီထက်ကျော်ရင်လည်း ကျော်မယ် ပြီးတော့ ကျနော်တို့ကို တောထဲကိုခေါ်သွားတယ်။ ”

တညလုံး ခရီးဆက်ခဲ့ပြီး မနက်မိုးလင်းမှ သူတို့နေရမယ့်နေရာကို ရောက်သွားတယ်လို့ ကိုရွှေဇံအောင် က ပြောပါတယ်။

“တောထဲခေါ်သွားပြီးတော့ မနက်မိုးလင်းလောက်တော့ ရောက်သွားတယ်။ ရောက်သွားတော့ ထမင်းတွေ ဘာတွေကျွေးတယ်။ အဲမှာ တဲမှာထားထားတယ် ကျနော်တို့ကို ထမင်းတော့ ပုံမှန်ကျွေးတယ်ဗျာ။ အဲမှာကျနော်တို့ ဘယ်လိုပြောမလဲ နားလိုက် ၊ထိုင်လိုက်အိပ်လိုက် အလုပ်မရှိတော့ အတွေးတွေ တွေးလိုက်ပေါ့။ သူတို့ကတော့နည်းနည်းပါးပါးစစ်မယ် ပြီးရင် ပြန်လွတ်မယ်လို့ ပြောတယ် ”

ကိုရွှေဇံအောင်နဲ့အတူ ရွှေနဒီရေယာဉ်ပေါ် ပါလာသူ ခရီးသည် ၅၀ လောက်ကို AA အဖွဲ့က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တာမှာ သာမန်ပြည်သူတွေအပြင် အရပ်ဝတ်နဲ့ လိုက်လာတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။

အဖမ်းခံရ သူတွေထဲက စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကလွဲလို့ ကျန်တဲ့ အရပ်သား ၂၅ ဦးကို နိုဝင်ဘာလ ၅ရက်နေ့ မှာ AA အဖွဲ့ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ သူတို့တတွေ မြန်မာအာဏာပိုင်တွေလက်ထဲ ရောက်ရောက်ချင်းမှာပဲ ဘူးသီးတောင်မြို့နယ် နယ်ခြားခံစောင့် ၃မှာ ထိန်းသိမ်း စစ်ဆေးခြင်း ခံခဲ့ရပါတယ်။

နယ်ခြားစောင့် ၃မှာ မေးမြန်းခံရတဲ့ အခြေအနေကိုတော့ ကိုရွေဇံအောင်က အခုလိုပြောပြပါတယ်။

“ မေးတဲ့ သူတွေကတော့ ရဲလို့ထင်ပါတယ်။ပြီးတော့ကျနော်တို့ကိုမေးတယ် ဘယ်လိုအခက်အခဲမျိုးနဲ့ ဘယ်လိုကြုံတွေ့ခဲ့ရလဲ ၊ ဘယ်လိုပြန်လာလဲ အဲတာကို မေးတာ။ ဘယ်ကိုဖမ်းသွားလဲ ဘယ်လို ပြန်ပို့လဲ ဘာတွေဖြစ်ခဲ့လဲ အဲတာတွေ မေးတယ်။ ”

သူတို့အနေနဲ့ အဲဒီလို မြန်မာအစိုးရ အာဏာပိုင်တွေရဲ့ စစ်ဆေး မေးမြန်းခြင်း ခံရမယ်ဆိုတာ ကြိုတင် ခန့်မှန်းထားပေမယ့် တကယ် လက်တွေ့ အမေးခံရတဲ့အချိန်မှာ ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ပြန်လွတ်လာတော့ ဒီဘက်ကလည်း နည်းနည်းပါးပါး မေးမယ်ဆိုတာကို သိတယ်။ မမေးပဲတော့ မနေပါဘူးလို့ တွေးပြီးတော့ ကြောက်စိတ်တွေ ရှိတာပေါ့ဗျာ ။ ဟိုမှာလည်းမေး ၊ ဒီမှာလည်း မေးဆိုတော့ အဲတော့ မေးရင်လည်း မေးလို့ ကျတော်တို့လည်း ဖြေပြီးသွားပြီး။ ပြီးပြီးသွားတော့ သူတို့မှာအချက်အလက်မပြည့်စုံဘူးထင်တယ်။ အဲတော့ နောက်ထက် ဆက်လက်ပြီး မေးမြန်းတာတွေ ရှိတယ်။ တစ်ယောက်ပြီး တစ်ယောက်မေးတော့ လူးများတော့ ကြာပါတယ်။"

ရွေနဒီအမြန်ယာဉ်ပေါ်က ဖမ်းသွားတဲ့ အရပ်သားတွေကို ပြန်လွတ်ပေးလိုက်ပေမယ့် စစ်ဖက်နဲ့ ပတ်သတ်တဲ့ သူတွေကိုတော့ လုံခြုံရေးအရ စစ်ဆေးမေးမြန်စရာတွေ ရှိသေးတာကြောင့် မလွတ်ပေးသေးဘူးလို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက နိုဝင်ဘာ ၅ ရက်နေ့မှာဘဲ ဗွီအိုအေကို ပြောထားပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ပြန်လွတ်လာသူတွေကို စစ်ဆေးမေးမြန်းပြီး ၂၄ ယောက်ကို မနေ့က လွတ်ပေးလိုက်ပေမယ့် ရသေ့တောင်မြို့နယ်က ကိုကျော်ဌေးကိုတော့ စစ်တွေမြို့မှာ ဆက်လက် စစ်ဆေးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

လက်ရှိ ပြန်လွတ်လာတဲ့ သူတွေဟာမိသားစုဝင်တွေနဲ့ တွေ့ခွင့်ရနေပေမယ့်လည်း သူတို့ရဲ့ စိတ်ထဲမှာသူ တို့ကြုံတွေ့ခဲ့ရတာနဲ့ ပတ်သတ်ပြီး မိမိကိုကိုယ် လုံခြုံမှုမရှိသလို ခံစားနေရပြီး ကြောက်လန့် နေကြရတယ်လို့ ပြောဆိုကြပါတယ်။

XS
SM
MD
LG