သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းက ထိုင်းနိုင်ငံသား ၁၆၀ ကျော် တရုတ်နိုင်ငံကတဆင့် ပြန်ခေါ်ဖို့ ထိုင်းအစိုးရစီစဉ်

ထိုင်းအစိုးရသစ်မိတ်ဆက်ပွဲအတွင်းတွေ့ရတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara
ထိုင်းအစိုးရသစ်မိတ်ဆက်ပွဲအတွင်းတွေ့ရတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara

မြန်မာနိုင်ငံက အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ ခိုင်းစေခံခဲ့ရတယ်လို့ဆိုတဲ့ ထိုင်းနိုင်ငံသား ၁၆၀ ကျော်ကို တရုတ်နိုင်ငံ ကူမင်းမြို့ကတဆင့် နေရပ်ပြန်ခေါ်နိုင်ဖို့ စီစဉ်နေတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ကိုးကန့်ဒေသ လောက်ကိုင်မြို့က ဆိုက်ဘာရာဇဝတ်လုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ သွေးဆောင်ဖြားယောင်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ယောက်ကို ကယ်ဆယ်ထားပြီး နေရပ်ပြန်ခေါ်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ကို ကိုးကားပြီး Bangkok Post သတင်းမှာ ဒီကနေ့ပဲ ဖော်ပြခဲ့တာပါ။

ထိုင်းနိုင်ငံသားတွေကို စိစစ်ပြီးတဲ့အခါ တရုတ်နိုင်ငံ ယူနန်ပြည်နယ် Lincang မြို့ကတဆင့် ထိုင်းနိုင်ငံကို ပြန်လာနိုင်အောင် စီစဉ်နေတယ်လို့လည်း ပြောပါတယ်။ ထိုင်းနိုင်ငံသားတွေ နေရပ်ပြန်ရေးအတွက် ထိုင်းဒုရဲချုပ် Surachate Hakparn က ကြီးကြပ်စီစဉ်နေပြီး မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးက နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးထားတယ်လို့လည်း သတင်းက ဖော်ပြပါတယ်။ ကိုယ်ဝန်သည် အမျိုးသမီး တချို့ အပါအဝင် နေရပ်ပြန်မယ့် ထိုင်းနိုင်ငံသားတွေ မြန်မာနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနဲ့ အရေးယူမခံရအောင် အာဏာပိုင်တွေနဲ့ ညှိနှိုင်းထားတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အခြေစိုက်ထားတဲ့ အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့နဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ဆိုပြီး အောက်တိုဘာလ ၂၇ ရက်နေ့ကစ TNLA တအောင်းတပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ AA ရက္ခိုင်တပ်ဖွဲ့တွေ ပူးပေါင်း စစ်ဆင်ခဲ့ရာက ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေလည်း ပြင်းထန်လာနေတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG