သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးဝါး ထုတ်လုပ်၊ တင်ပို့မှု အဓိကနိုင်ငံစာရင်းမှာ မြန်မာကို အမေရိကန်ထည့်သွင်း


ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့မှာတွေ့ရတဲ့ တရားမဝင် ဘိန်းစိုက်ခင်းတခု (ဖေဖော်ဝါရီ ၃၊ ၂၀၁၉)
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့မှာတွေ့ရတဲ့ တရားမဝင် ဘိန်းစိုက်ခင်းတခု (ဖေဖော်ဝါရီ ၃၊ ၂၀၁၉)

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ တဆင့်ခံတင်ပို့မှု အဓိကနိုင်ငံတွေမှာ အပါအဝင်အဖြစ် သတ်မှတ်ကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။ မြန်မာ၊ ဘိုလီးဗီးယားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေဟာ လွန်ခဲ့တဲ့ ၁၂ လ အတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီချက်နဲ့အညီ မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဒီစာရင်းထဲမှာ ထည့်သွင်း ဖော်ပြရခြင်းဖြစ်ကြောင်းအမေရိကန်သမ္မတ Joe Biden က မနေ့ စက်တင်ဘာ ၁၅ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီနိုင်ငံတွေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အမေရိကန်အစိုးရရဲ့ ထောက်ပံ့ ကူညီပေးမှုဟာလည်း အရေးပါတယ်လို့ ပြောပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ကူးသန်း ရောင်းဝယ်မှု အဓိကနိုင်ငံတွေအဖြစ် သတ်မှတ်ခံရတဲ့ နိုင်ငံတွေထဲမှာ၊ အမေရိကန်ပြည်ထောင်စုကို တိုက်ရိုက် ထိခိုက်စေတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာမှာအသုံးပြုတဲ့ ဓါတုဆေးဝါးတွေ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေကိုလည်း ထည့်သွင်းထားတာပါ။

ဒီကြေညာချက်မှာ မြန်မာနဲ့အတူ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား ၊ တရုတ် ၊ အိန္ဒိယ ၊ လာအို ၊ မက္ကဆီကို ၊ ကိုလံဘီယာ၊ အီကွေဒါ၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်ဒူရပ်စ်၊ ဂျာမကော၊ နီကွာရာဂွာ၊ ပနားမား၊ ပီရူးနဲ့ ဗင်နီဇွဲလား၊ အယ်ဆာဗေဒေါ၊ ဘာဟားမား၊ ဘေလိစ်ဇ်၊ ကော်စကာရီကာ၊ ဒိုမီနီကမ် ရီပတ်ဘလစ် နိုင်ငံတွေလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ တိုးလာတာ တွေ့ရကြောင်းလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG