သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့တွေ့


ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet (ဧပြီ ၁၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet (ဧပြီ ၁၊ ၂၀၂၂)

မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် ရွပ်ရွပ်ချွန်ချွန် ကြိုးစားဆောင်ရွက်နေကြတဲ့ K3C လို့ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) စတဲ့ အဖွဲ့ ၄ ဖွဲ့နဲ့ မနေ့ မတ်လ ၂၈ ရက်နေ့မှာ တွေ့ဆုံခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က အရင် Twitter လို့ခေါ်တဲ့ X လူမှုကွန်ရက်မှာ ရေးပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် လုံခြုံစိတ်ချရပြီး ကောင်းမွန်တဲ့ အနာဂတ် တည်ဆောက်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်း အကူအညီတွေ ဘယ်လို တိုးချဲ့ ပေးနိုင်မလဲဆိုတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖြစ်ခဲ့တယ်လို့လည်း Derek Chollet က ရေးပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင် ၃ ဖွဲ့က စစ်ရေးအရ အောင်မြင်မှုတွေ ရရှိခဲ့သလိုဘဲ အခု ဒီ K3C လို့ခေါ်တဲ့ ကချင်၊ ကရင်၊ ကရင်နီနဲ့ ချင်းတိုင်းရင်းသား ဒေသတွေမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီအပေါ် စစ်ရေးအရ အသာစီးရရှိနေတာပါ။ ဒီဒေသတွေက စစ်စခန်းအတော်များများကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG