သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့တွေ့

ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet (ဧပြီ ၁၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet (ဧပြီ ၁၊ ၂၀၂၂)

မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် ရွပ်ရွပ်ချွန်ချွန် ကြိုးစားဆောင်ရွက်နေကြတဲ့ K3C လို့ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) စတဲ့ အဖွဲ့ ၄ ဖွဲ့နဲ့ မနေ့ မတ်လ ၂၈ ရက်နေ့မှာ တွေ့ဆုံခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က အရင် Twitter လို့ခေါ်တဲ့ X လူမှုကွန်ရက်မှာ ရေးပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် လုံခြုံစိတ်ချရပြီး ကောင်းမွန်တဲ့ အနာဂတ် တည်ဆောက်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်း အကူအညီတွေ ဘယ်လို တိုးချဲ့ ပေးနိုင်မလဲဆိုတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖြစ်ခဲ့တယ်လို့လည်း Derek Chollet က ရေးပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင် ၃ ဖွဲ့က စစ်ရေးအရ အောင်မြင်မှုတွေ ရရှိခဲ့သလိုဘဲ အခု ဒီ K3C လို့ခေါ်တဲ့ ကချင်၊ ကရင်၊ ကရင်နီနဲ့ ချင်းတိုင်းရင်းသား ဒေသတွေမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီအပေါ် စစ်ရေးအရ အသာစီးရရှိနေတာပါ။ ဒီဒေသတွေက စစ်စခန်းအတော်များများကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG