သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာစစ်ကောင်စီကိုရုရှားပံ့ပိုးမှု တည်ငြိမ်မှုထိခိုက်" ကန်နိုင်ငံခြားရေးအတိုင်ပင်ခံ


FILE - Derek Chollet, counselor of the U.S. State Department, speaks in Washington, July 14, 2022. He said Feb. 16, 2023, in Islamabad that the United States was prepared to work with Pakistan as the country assesses the renewed threat of terrorism.
FILE - Derek Chollet, counselor of the U.S. State Department, speaks in Washington, July 14, 2022. He said Feb. 16, 2023, in Islamabad that the United States was prepared to work with Pakistan as the country assesses the renewed threat of terrorism.

=== [[ ZAWGYI ]] ===

"မြန်မာစစ်ကောင်စီကိုရုရှားပံ့ပိုးမှု တည်ငြိမ်မှုထိခိုက်" ကန်နိုင်ငံခြားရေးအတိုင်ပင်ခံ


မြန်မာစစ်ကောင်စီကို ရုရှားက ပံ့ပိုးရပ်တည်ပေးနေတာ လက်ခံနိုင်စရာ မရှိကြောင်းနဲ့ ရုရှားရဲ့ လက်နက်ပံ့ပိုးမှုက မြန်မာနိုင်ငံတွင်း ပဋိပက္ခကို တိုးလာစေပြီး ကြီးမားတဲ့ဆိုးကျိုး ဖြစ်စေတယ်လို့ အရှေ့တောင်အာရှဒေသ ခရီးစဉ်သွားရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ကြာသပတေးနေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ် အာဏာသိမ်းချိန်ကစပြီး ကြုံလာရတဲ့ အကျပ်အတည်းတွေ ပိုကျယ်ပြန့် တိုးမြင့်လာနေသလို မြန်မာနိုင်ငံမှာ စစ်အခြေစိုက်စခန်း ထူထောင်ဖို့ ကြိုးစားနေတဲ့ ရုရှားရဲ့ မြန်မာစစ်ကောင်စီနဲ့ တိုးမြှင့် ဆက်ဆံလာမှုအတွက် အမေရိကန်အစိုးရက စိုးရိမ်ကြောင်းလည်း အတိုင်ပင်ခံ Derek Chollet က ပြောပါတယ်။ ဒါ့အပြင် ရုရှားက မြန်မာစစ်ကောင်စီကို စစ်ရေးထောက်ပံမှု ဆက်ပေးနေတာဟာ လက်ခံနိုင်စရာ မရှိကြောင်းနဲ့ ဒါဟာ မြန်မာနိုင်ငံတွင်းမှာရော ဒေသတွင်းအတွက်ပါ မတည်မငြိမ် ဖြစ်စေတယ်ဆိုတာကို ရုရှားအစိုးရနဲ့ တွေ့ဆုံသူတိုင်းက ပြောဖို့လိုတယ်လို့လည်း ရိုက်တာ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့တာပါ။

ရုရှားနဲ့ မြန်မာကြား မကြာခင် နှစ်တွေအတွင်း စစ်ရေးဆက်ဆံမှု တိုးလာတာတွေ့နေရပြီး လက်ရှိမှာ ရုရှားက မြန်မာအတွက် လက်နက်တင်ပို့တဲ့ အဓိကနိုင်ငံဖြစ်နေတာကို ပိုစိတ်ပူကြောင်း ပြောပါတယ်။ အနောက်နိုင်ငံတွေရဲ့ တိုးမြှင့် ဒဏ်ခတ်အရေးယူမှုကို ၂ နိုင်ငံစလုံး ခံနေရချိန်မှာပဲ မြန်မာစစ်တပ် အာဏာသိမ်းခဲ့ချိန်ကစပြီး ရုရှားကိုအနီးကပ် မိတ်ဆွေအဖြစ် မြင်လာရသလို ရုရှားကာကွယ်ရေးဝန်ကြီးရော နိုင်ငံခြားရေးဝန်ကြီးပါ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာနဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်တွေပါ တွေ့လာရတာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာဟာ အရှေ့တောင်အာရှဒေသ တည်ငြိမ်မှုကိုရော နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးရောင်းဝယ်မှုနဲ့ ရာဇဝတ်မှုတွေအတွက်ပါ အန္တရာယ်အကြီးဆုံး နိုင်ငံအဖြစ် ရှုမြင်လာကြောင်းလည်း အတိုင်ပင်ခံ Chollet ကပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ မြန်မာအတွက် အာဆီယံရဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေကို ကူညီ ပံ့ပိုးပေးတဲ့အပြင် ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေနဲ့ အာဆီယံနိုင်ငံတွေ ထိတွေ့ဆက်ဆံရာမှာပါ လက်တွဲဆောင်ရွက်နေသလို တခြားနိုင်ငံတွေကလည်း အလားတူ လုပ်ဆောင်သင့်တယ်လို့လည်း ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ မြန်မာစစ်ကောင်စီအနေနဲ့ လက်နက်ဝယ်ယူဖို့ ဝင်ငွေနည်းသွားအောင် ရည်ရွယ်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ မကြာခင်မှာ ထပ်မံ ချမှတ်မှာဖြစ်ကြောင်း Derek Chollet က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===








XS
SM
MD
LG