သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ထိုင္း- ျမန္မာနယ္စပ္ကုန္သြယ္ေရး ျပန္စႏိုင္မယ့္ အေျခအေနမရွိေသးဟု ကုန္သည္ေတြခန႔္မွန္း


ထိုင္း-ျမန္မာနယ္စပ္ ေရႊႀတိဂံေဒသ ခ်စ္ၾကည္ေရးတံတား အမွတ္ (၂) 

[[Zawgyi/Unicode]]

ထိုင္းနဲ႔ ျမန္မာနယ္စပ္အပါအဝင္ ပိတ္ထားတဲ့နယ္စပ္ဂိတ္ေတြ ျပန္ဖြင့္ဖုိ႔ ႀကိဳးစားေနတယ္လို႔ ထိုင္းဘက္ က ေၾကညာထားေပမယ့္ ဒီေန႔အထိေတာ့ ႏွစ္ႏိုင္ငံ နယ္စပ္ကုန္သြယ္ေရးက အကန႔္အသတ္နဲ႔ရွိေနတုန္း ျဖစ္ပါတယ္။ ရွမ္းျပည္နယ္ တာခ်ီလိတ္ၿမိဳ႕နဲ႔ ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕နယ္ကို ဆက္သြယ္ထားတဲ့ ကုန္သြယ္ေရးဂိတ္ဆိုရင္ ရပ္ထားတာ၂ ႏွစ္ေလာက္ရွိၿပီး အေရးႀကီး ကုန္စည္တခ်ိဳ႕ကိုပဲ အကန႔္အသတ္နဲ႔ ကုန္ သြယ္ေနရတဲ့အတြက္ ျမန္မာဘက္က ကုန္သြယ္ေရးမွာ ထိခိုက္နစ္နာမႈေတြ ရွိေနတယ္လို႔ ကုန္သည္ေတြနဲ႔ ေဒသခံေတြက ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ထိုင္း- ျမန္မာ နယ္စပ္ကုန္သြယ္ေရး အေျခအေနကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နဲ႔ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ကို ဆက္သြယ္ထားတဲ့ တာခ်ီလိတ္- မယ္ဆိုင္ အမွတ္(၁) တံတားကို ထိုင္းဘက္က ၂ ႏွစ္ေလာက္ ပိတ္ထားတဲ့အတြက္ ကူးသန္းေရာင္းဝယ္ေရး အပါအဝင္ အလုပ္အကိုင္ အခြင့္အလမ္းေတြပါ ျမန္မာဘက္က ထိခိုက္ေနတယ္လို႔ ကုန္သည္ေတြနဲ႔ ေဒသခံေတြက ဗြီအိုေအကို ေျပာပါတယ္။ ဒီအမွတ္(၁) ခ်စ္ၾကည္ေရးတံတားကို တရက္ကို လူအေယာက္ ၅၀၀ ဝင္ထြက္ခြင့္အပါအဝင္က ကုန္တင္တာကိုလည္း အကန႔္အသတ္နဲ႔ ထိုင္းဘက္က အဂၤါေန႔က ျပန္ဖြင့္လိုက္ၿပီလို႔ သတင္းေတြ ထြက္ေနေပမယ့္ အမွန္တကယ္ မဖြင့္ေသးေၾကာင္း ျမန္မာကုန္သည္ေတြက ေျပာပါတယ္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္နဲ႔ ထိုင္ႏိုင္ငံ မယ္ဆိုင္ၿမိဳ႕နယ္ကို ဆက္သြယ္ထားတဲ့ ခ်စ္ၾကည္ေရးတံတား အမွတ္ (၁) နဲ႔ (၂) ကို ထိုင္းဘက္က ၂၀၂၀ မတ္လကုန္ပိုင္းမွာ ပိတ္လိုက္ၿပီးတဲ့ေနာက္ အမွတ္(၂) တံတားကို စားေသာက္ကုန္ကားေတြ ျဖတ္သန္းဖို႔အတြက္ ရက္ပိုင္းအတြင္းမွာ ျပန္ဖြင့္ေပးခဲ့ပါတယ္။ ဒီလိုျပန္ဖြင့္ေပးတာမွာလည္း တႏိုင္တပိုင္ ကုန္သြယ္ဖို႔အတြက္ပဲ ခြင့္ျပဳေပးခဲ့တာျဖစ္လို႔ ဒီတံတားမွာ တခါတေလ ယာဥ္ေၾကာပိတ္ဆို႔တာေတြ မၾကာခဏျဖစ္တဲ့အတြက္ ျမန္မာဘက္က အမွတ္(၁) တံတားကို ျပန္ဖြင့္ေပးဖို႔ ထိုင္းဘက္ကို ျမန္မာကုန္သည္ေတြ ေတာင္းဆိုထားပါတယ္။

အမွတ္ ၂ တံတားကေန အခြန္ ၃% ေပးေဆာင္တင္ပို႔ႏိုင္သလို အမွတ္ ၁ တံတားကေနလည္း တင္ပို႔ခြင့္ရေအာင္ ႏွစ္ဘက္အစည္းအေဝးပြဲေတြမွာ ေတာင္းဆိုထားေၾကာင္း က်ိဳင္းတုံ- တာခ်ီလိတ္ နယ္စပ္ကုန္သည္မ်ားအသင္းရဲ႕ အတြင္းေရးမွဴး ေဒၚနန္းစင္က ဗြီအိုေအကို ေျပာပါတယ္။

"အမွတ္(၂) တံတားမွာက တကယ့္တင္သြင္းတဲ့ လိုင္စင္ပါတဲ့ဟာေတြနဲ႔ ၃ ရာခိုင္ႏႈန္း စစ္ေဆးတဲ့ေနရာမွာ က်ပ္ေနၿပီ အဆင္မေျပလို႔ အမွတ္(၁) တံတားမွာက် သူတို႔က ၃ ရာခိုင္ႏႈန္းသယ္တဲ့ကုန္ တႏိုင္တပိုင္ ေဒသသုံးအေနနဲ႔ သယ္တဲ့ပစၥည္းကို သယ္ခြင့္ျပဳပါပဲ၊ အဲလိုပဲေတာင္းဆိုတယ္ ယိုးဒယားကိုေလ။"

နယ္စပ္ဂိတ္ျပန္ဖြင့္ဖို႔အတြက္ ျမန္မာဘက္က ကုန္သည္ေတြ၊ ဌာနဆိုင္ရာ တာဝန္ရွိသူေတြနဲ႔ ထိုင္းဘက္ က ဆိုင္ရာအဖြဲ႕အစည္းေတြပါတဲ့ ေဆြးေႏြးပြဲကို ဧၿပီလ ၂၂ ရက္မွာတႀကိမ္၊ ၂၅ ရက္ တနလၤာေန႔က တႀကိမ္ စုစုေပါင္း၂ ႀကိမ္ လုပ္ခဲ့ၾကပါတယ္။ အမွတ္ (၂) တံတားကလည္း တႏိုင္တပိုင္ ကုန္သြယ္ခြင့္ရတာကလြဲၿပီး လူဝင္ထြက္ခြင့္ကေတာ့ လုံးဝပိတ္ထားစဲျဖစ္ပါတယ္။ ဒါေၾကာင့္ ကုန္သြယ္ေရးအပါအဝင္ တျခား အလုပ္အကိုင္ အခြင့္အလမ္းေတြပါ ျမန္မာဘက္က ထိခိုက္မႈရွိတယ္လို႔ တာခ်ီလိတ္ေဒသခံ လုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

"ေတာ္ေတာ္ထိခိုက္တာေပါ့ေနာ္။ က်ေနာ္တို႔ ဗမာလူမ်ိဳးေတြဆိုရင္လည္း ဒီဘက္မွာ ပစၥည္းလိုတယ္ဆို တဆင့္ဝယ္ခိုင္းရတယ္။ ဒီကလူေတြက ျပန္ပို႔ေပးရတယ္ဆိုေတာ့ ေဈးႀကီးႀကီးဝယ္ရတာေပါ့ တိုက္႐ိုက္ လာဝယ္လို႔ မရေတာ့ဘူးေပါ့။ ျမန္မာဘက္ကေတာ့ ကုန္ေဈးႏႈန္းေတြ တက္သြားတာေပါ့။ က်န္းမာေရးဆိုလည္း ဒီဘက္ကမွာ ေဆးကုေနတဲ့သူေတြလည္း လာကုလို႔ မရေတာ့ဘူး။ ခါတိုင္းဆိုရင္ ဝန္ေဆာင္မႈေပးေနတဲ့ ကုမၸဏီေတြလည္း အလုပ္အကိုင္ အခြင့္အလမ္းလည္း ထိခိုက္တာေပါ့ အဲလိုမ်ိဳးေတြေပါ့။"

မယ္ဆိုင္- တာခ်ီလိတ္ တံတားထိပ္က အေကာက္ခြန္႐ုံးကို ထိုင္းဘက္က တနလၤာေန႔မွာ သန႔္ရွင္းေရးလုပ္ခဲ့ၾကတဲ့အတြက္ မၾကာခင္မွာ တံတားျပန္ဖြင့္ဖို႔ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းခဲ့ၾကပါတယ္။ ဒါေပမယ့္ ထုိင္းႏိုင္ငံ စည္ပင္သာယာေန႔ အထိမ္းအမွတ္အေနနဲ႔ ထိုင္းဘက္က သန႔္ရွင္းေရးလုပ္ခဲ့တာလို႔ ထိုင္းဘက္မွာ ေနထိုင္သူတခ်ဳိ႕က ေျပာပါတယ္။

ထိုင္း- ျမန္မာ နယ္စပ္ဂိတ္ ေနာက္တခုျဖစ္တဲ့ ျမဝတီ- မဲေဆာက္ အမွတ္(၁) ခ်စ္ၾကည္ေရးတံတားေပၚမွာ ဧၿပီ ၂၄ ရက္ေန႔ ကူးၿပီး မၾကာခင္မွာပဲ ဗုံးေပါက္ကြဲမႈ ျဖစ္ခဲ့တာေၾကာင့္ ထိုင္းဘက္က ဒီေန႔အထိ လုံၿခဳံေရးကို တင္းတင္းက်ပ္က်ပ္ ခ်ထားပါတယ္။ ျမန္မာျပည္တြင္းက လုံၿခဳံေရး အေျခအေနေတြေၾကာင့္ ထိုင္းဘက္က ျမဝတီ နယ္စပ္ဂိတ္ကို အခုလို ျမန္ျမန္ဆန္ဆန္ ျပန္ဖြင့္ႏိုင္လိမ့္မယ္လို႔ မထင္ေၾကာင္း ျမဝတီၿမိဳ႕နယ္က ကုန္သည္တဦးက ဗြီအိုေအကို ေျပာပါတယ္။

"အခုေလာေလာဆယ္ေတာင္မွပဲ ပစ္ခတ္ေနတာႀကီးဟာ အဆင္မေျပဘူးထင္တယ္။ သူတို႔ဖြင့္မယ့္ အေျခအေနကေလ လုံးဝႀကီးကို သိပ္ကိုမထူးျခားဘူးေပါ့ေနာ္။ အခုက သြားေနတဲ့ ပစၥည္းလမ္းေၾကာင္းက ပစၥည္းေတာ့ သြားေပးေနတာပဲ အကန႔္အသတ္ေလးနဲ႔ တႏိုင္တပိုင္ စီးပြားေရးသမားေတြ ေလာက္ေပါ့။"

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ထုိင္းႏိုင္ငံက ျမန္မာအပါအဝင္ နယ္စပ္ေတြကို ၂၀၂၀ ဇူလိုင္လေလာက္ကစၿပီး ပိတ္ထားခဲ့တာပါ။ ၂၀၂၁ ခုႏွစ္မွာေတာ့ ျမန္မာႏိုင္ငံထဲကို ေဆးဝါးနဲ႔ အေရးႀကီးကုန္စည္ တင္သြင္းခြင့္ကို အကန္႔အသတ္နဲ႔ ျပန္လည္ခြင့္ျပဳခဲ့ပါတယ္။ ထုိင္းျမန္မာ ကုန္သြယ္ေရး နယ္စပ္ဂိတ္ေတြကို ပိတ္ထားတဲ့အတြက္ ျမန္မာဘက္ကကုန္သည္ေတြတင္မဟုတ္ဘဲ ထိုင္းဘက္က ကုန္သည္ေတြလည္း ဆံုး႐ႈံုးနစ္နာေနတယ္လုိ႔ ထိုင္းဘက္ကသတင္းေတြမွာ ေဖာ္ျပပါတယ္။ ျမန္မာဘက္ကေတာ့ ပိတ္ထားတဲ့ နယ္စပ္ကုန္ သြယ္ေရးေတြကို အျမန္ဆံုး ျပန္ဖြင့္ေစခ်င္ပံုရေနၿပီး ကုန္သြယ္ေရး ေခ်ာ့ေမြ႔လြယ္ကူေအာင္လို႔ဆုိၿပီး ထိုင္းဘတ္ေငြနဲ႔ က်ပ္ေငြ တိုက္႐ိုက္ အသုံးျပဳ ေပးေခ်ႏိုင္တယ္လို႔ ျမန္မာႏိုင္ငံ ဗဟိုဘဏ္က မတ္လ ၃ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]


ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်မယ့် အခြေအနေမရှိသေးဟု ကုန်သည်တွေခန့်မှန်း

ထိုင်းနဲ့ မြန်မာနယ်စပ်အပါအဝင် ပိတ်ထားတဲ့နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ ကြိုးစားနေတယ်လို့ ထိုင်းဘက် က ကြေညာထားပေမယ့် ဒီနေ့အထိတော့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးက အကန့်အသတ်နဲ့ရှိနေတုန်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ် တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးဂိတ်ဆိုရင် ရပ်ထားတာ၂ နှစ်လောက်ရှိပြီး အရေးကြီး ကုန်စည်တချို့ကိုပဲ အကန့်အသတ်နဲ့ ကုန် သွယ်နေရတဲ့အတွက် မြန်မာဘက်က ကုန်သွယ်ရေးမှာ ထိခိုက်နစ်နာမှုတွေ ရှိနေတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေး အခြေအနေကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ တာချီလိတ်- မယ်ဆိုင် အမှတ်(၁) တံတားကို ထိုင်းဘက်က ၂ နှစ်လောက် ပိတ်ထားတဲ့အတွက် ကူးသန်းရောင်းဝယ်ရေး အပါအဝင် အလုပ်အကိုင် အခွင့်အလမ်းတွေပါ မြန်မာဘက်က ထိခိုက်နေတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီအမှတ်(၁) ချစ်ကြည်ရေးတံတားကို တရက်ကို လူအယောက် ၅၀၀ ဝင်ထွက်ခွင့်အပါအဝင်က ကုန်တင်တာကိုလည်း အကန့်အသတ်နဲ့ ထိုင်းဘက်က အင်္ဂါနေ့က ပြန်ဖွင့်လိုက်ပြီလို့ သတင်းတွေ ထွက်နေပေမယ့် အမှန်တကယ် မဖွင့်သေးကြောင်း မြန်မာကုန်သည်တွေက ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်နဲ့ ထိုင်နိုင်ငံ မယ်ဆိုင်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတား အမှတ် (၁) နဲ့ (၂) ကို ထိုင်းဘက်က ၂၀၂၀ မတ်လကုန်ပိုင်းမှာ ပိတ်လိုက်ပြီးတဲ့နောက် အမှတ်(၂) တံတားကို စားသောက်ကုန်ကားတွေ ဖြတ်သန်းဖို့အတွက် ရက်ပိုင်းအတွင်းမှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒီလိုပြန်ဖွင့်ပေးတာမှာလည်း တနိုင်တပိုင် ကုန်သွယ်ဖို့အတွက်ပဲ ခွင့်ပြုပေးခဲ့တာဖြစ်လို့ ဒီတံတားမှာ တခါတလေ ယာဉ်ကြောပိတ်ဆို့တာတွေ မကြာခဏဖြစ်တဲ့အတွက် မြန်မာဘက်က အမှတ်(၁) တံတားကို ပြန်ဖွင့်ပေးဖို့ ထိုင်းဘက်ကို မြန်မာကုန်သည်တွေ တောင်းဆိုထားပါတယ်။

အမှတ် ၂ တံတားကနေ အခွန် ၃% ပေးဆောင်တင်ပို့နိုင်သလို အမှတ် ၁ တံတားကနေလည်း တင်ပို့ခွင့်ရအောင် နှစ်ဘက်အစည်းအဝေးပွဲတွေမှာ တောင်းဆိုထားကြောင်း ကျိုင်းတုံ- တာချီလိတ် နယ်စပ်ကုန်သည်များအသင်းရဲ့ အတွင်းရေးမှူး ဒေါ်နန်းစင်က ဗွီအိုအေကို ပြောပါတယ်။

"အမှတ်(၂) တံတားမှာက တကယ့်တင်သွင်းတဲ့ လိုင်စင်ပါတဲ့ဟာတွေနဲ့ ၃ ရာခိုင်နှုန်း စစ်ဆေးတဲ့နေရာမှာ ကျပ်နေပြီ အဆင်မပြေလို့ အမှတ်(၁) တံတားမှာကျ သူတို့က ၃ ရာခိုင်နှုန်းသယ်တဲ့ကုန် တနိုင်တပိုင် ဒေသသုံးအနေနဲ့ သယ်တဲ့ပစ္စည်းကို သယ်ခွင့်ပြုပါပဲ၊ အဲလိုပဲတောင်းဆိုတယ် ယိုးဒယားကိုလေ။"

နယ်စပ်ဂိတ်ပြန်ဖွင့်ဖို့အတွက် မြန်မာဘက်က ကုန်သည်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ထိုင်းဘက် က ဆိုင်ရာအဖွဲ့အစည်းတွေပါတဲ့ ဆွေးနွေးပွဲကို ဧပြီလ ၂၂ ရက်မှာတကြိမ်၊ ၂၅ ရက် တနင်္လာနေ့က တကြိမ် စုစုပေါင်း၂ ကြိမ် လုပ်ခဲ့ကြပါတယ်။ အမှတ် (၂) တံတားကလည်း တနိုင်တပိုင် ကုန်သွယ်ခွင့်ရတာကလွဲပြီး လူဝင်ထွက်ခွင့်ကတော့ လုံးဝပိတ်ထားစဲဖြစ်ပါတယ်။ ဒါကြောင့် ကုန်သွယ်ရေးအပါအဝင် တခြား အလုပ်အကိုင် အခွင့်အလမ်းတွေပါ မြန်မာဘက်က ထိခိုက်မှုရှိတယ်လို့ တာချီလိတ်ဒေသခံ လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"တော်တော်ထိခိုက်တာပေါ့နော်။ ကျနော်တို့ ဗမာလူမျိုးတွေဆိုရင်လည်း ဒီဘက်မှာ ပစ္စည်းလိုတယ်ဆို တဆင့်ဝယ်ခိုင်းရတယ်။ ဒီကလူတွေက ပြန်ပို့ပေးရတယ်ဆိုတော့ ဈေးကြီးကြီးဝယ်ရတာပေါ့ တိုက်ရိုက် လာဝယ်လို့ မရတော့ဘူးပေါ့။ မြန်မာဘက်ကတော့ ကုန်ဈေးနှုန်းတွေ တက်သွားတာပေါ့။ ကျန်းမာရေးဆိုလည်း ဒီဘက်ကမှာ ဆေးကုနေတဲ့သူတွေလည်း လာကုလို့ မရတော့ဘူး။ ခါတိုင်းဆိုရင် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေလည်း အလုပ်အကိုင် အခွင့်အလမ်းလည်း ထိခိုက်တာပေါ့ အဲလိုမျိုးတွေပေါ့။"

မယ်ဆိုင်- တာချီလိတ် တံတားထိပ်က အကောက်ခွန်ရုံးကို ထိုင်းဘက်က တနင်္လာနေ့မှာ သန့်ရှင်းရေးလုပ်ခဲ့ကြတဲ့အတွက် မကြာခင်မှာ တံတားပြန်ဖွင့်ဖို့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံ စည်ပင်သာယာနေ့ အထိမ်းအမှတ်အနေနဲ့ ထိုင်းဘက်က သန့်ရှင်းရေးလုပ်ခဲ့တာလို့ ထိုင်းဘက်မှာ နေထိုင်သူတချို့က ပြောပါတယ်။

ထိုင်း- မြန်မာ နယ်စပ်ဂိတ် နောက်တခုဖြစ်တဲ့ မြဝတီ- မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်မှာ ဧပြီ ၂၄ ရက်နေ့ ကူးပြီး မကြာခင်မှာပဲ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် ထိုင်းဘက်က ဒီနေ့အထိ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားပါတယ်။ မြန်မာပြည်တွင်းက လုံခြုံရေး အခြေအနေတွေကြောင့် ထိုင်းဘက်က မြဝတီ နယ်စပ်ဂိတ်ကို အခုလို မြန်မြန်ဆန်ဆန် ပြန်ဖွင့်နိုင်လိမ့်မယ်လို့ မထင်ကြောင်း မြဝတီမြို့နယ်က ကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။

"အခုလောလောဆယ်တောင်မှပဲ ပစ်ခတ်နေတာကြီးဟာ အဆင်မပြေဘူးထင်တယ်။ သူတို့ဖွင့်မယ့် အခြေအနေကလေ လုံးဝကြီးကို သိပ်ကိုမထူးခြားဘူးပေါ့နော်။ အခုက သွားနေတဲ့ ပစ္စည်းလမ်းကြောင်းက ပစ္စည်းတော့ သွားပေးနေတာပဲ အကန့်အသတ်လေးနဲ့ တနိုင်တပိုင် စီးပွားရေးသမားတွေ လောက်ပေါ့။"

ကိုဗစ်ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံက မြန်မာအပါအဝင် နယ်စပ်တွေကို ၂၀၂၀ ဇူလိုင်လလောက်ကစပြီး ပိတ်ထားခဲ့တာပါ။ ၂၀၂၁ ခုနှစ်မှာတော့ မြန်မာနိုင်ငံထဲကို ဆေးဝါးနဲ့ အရေးကြီးကုန်စည် တင်သွင်းခွင့်ကို အကန့်အသတ်နဲ့ ပြန်လည်ခွင့်ပြုခဲ့ပါတယ်။ ထိုင်းမြန်မာ ကုန်သွယ်ရေး နယ်စပ်ဂိတ်တွေကို ပိတ်ထားတဲ့အတွက် မြန်မာဘက်ကကုန်သည်တွေတင်မဟုတ်ဘဲ ထိုင်းဘက်က ကုန်သည်တွေလည်း ဆုံးရှုံးနစ်နာနေတယ်လို့ ထိုင်းဘက်ကသတင်းတွေမှာ ဖော်ပြပါတယ်။ မြန်မာဘက်ကတော့ ပိတ်ထားတဲ့ နယ်စပ်ကုန် သွယ်ရေးတွေကို အမြန်ဆုံး ပြန်ဖွင့်စေချင်ပုံရနေပြီး ကုန်သွယ်ရေး ချော့မွေ့လွယ်ကူအောင်လို့ဆိုပြီး ထိုင်းဘတ်ငွေနဲ့ ကျပ်ငွေ တိုက်ရိုက် အသုံးပြု ပေးချေနိုင်တယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က မတ်လ ၃ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
=============

XS
SM
MD
LG