သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိဘက္ေဒသ ျမစ္ေပၚတည္ေဆာက္မယ္႔ တာတမံ ျမစ္၀ွမ္းႏိုင္ငံေတြကို အက်ိဳးွရွိေစဖို႔ တရုတ္စဥ္းစား


 ျဗဟၼပုတၱရျမစ္

(Zawgyi/Unicode)

တိဘက္ေဒသမွာ ျမစ္ဖ်ားခံၿပီး အိႏၵိယနဲ ့ဘဂၤလားေဒ့ရွ္နိုင္ငံကို ျဖတ္သန္းစီးဆင္းေနတဲ့ ျဗဟၼပုတၱရရဲ႕ ျမစ္ညာ Yarlung Tsangbo ျမစ္ေပၚမွာ တရုတ္ႏုိင္ငံက တည္ေဆာက္မယ့္ ဘယ္လို ဆည္ေျမာင္းတာတမံ စီမံကိန္းမ်ိဳးမဆို မစတင္ခင္မွာ တျခားတိုင္းျပည္ေတြရဲ့ အက်ိဳးစီးပြားကို ထည့္သြင္းစဥ္းစားသြားမယ္လို႔ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က နယူးေဒလီၿမိဳ႕မွာ တရုတ္အရာရွိေတြရဲ့ေျပာၾကားခ်က္ကို ကိုးကားၿပီး ရုိက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

အိႏိၵယက ျဗဟၼပုတၱရလုိ႔ေခၚတဲ့ အထက္ပိုင္းမွာ တည္ေဆာက္မယ့္ ၆၀ ဂစ္ဂါ၀ပ္ ထြက္ရွိမယ့္ ေရအားလွ်ပ္စစ္စီမံကိန္းကို တရုတ္နုိင္ငံက တည္ေဆာက္သြားမယ္လို႔ ၿပီးခဲ့တဲ့ တနလၤာေနက တရုတ္ႏုိင္ငံပိုင္ မီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။

တရုတ္နဲ ့ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြကေတာ့ တရုတ္နိုင္ငံရဲ့ ဒီစီမံကိန္းေၾကာင့္ ရုတ္တရက္ ေရႀကီးမွုေတြ၊ ဒါမွမဟုတ္ ေရျပတ္လပ္မွုေတြ ျဖစ္ေပၚလာနိုင္တယ္ဆိုၿပီး စိုးရိမ္မွုေတြ ျမင့္တက္လာေနတာပါ။

အိႏၵိယနိုင္ငံ နယူးေဒလီမွာရွိတဲ့ တရုတ္သံအရာရွိ Ji Rong ကေတာ့ ျမစ္ေအာက္ပိုင္းဖြံ ့ၿဖိဴးေရးတရပ္အေနနဲ ့ဒါဟာ အႀကိဳ စီမံကိန္းတရပ္ျဖစ္ျပီး သရုပ္ျပအဆင့္သာ ရွိေသးေၾကာင္း ေျပာပါတယ္။

“ ဘယ္လိုစီမံကိန္းမ်ိဳးမဆို သိပၸံနည္းက်က ်စီမံေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း၊ ဒီသရုပ္ျပမႈထဲမွာ ျမစ္ရဲ့ အထက္ေရာ ေအာက္ပိုင္းေရာ ႏွစ္ခုစလံုးမွာ တည္ရွိေနတဲ့ တိုင္းျပည္ေတြရဲ့ အက်ိဴးစီးပြားနဲ ့ ျမစ္ေအာက္ပိုင္းေဒသေတြအေပၚ သက္ေရာက္လာနိုင္တဲ့ အက်ိဴးဆက္ေတြကိုပါ ျပည့္ျပည့္စံုစံု ထည့္သြင္းေဖာ္ျပသြားမွာျဖစ္တယ္” လုိ႔ တရုတ္သံအရာရွိ Ji Rong ရဲ႕ ထုတ္ျပန္ခ်က္တရပ္ထဲမွာ ေျပာဆိုသြားတာပါ။

ဘဂၤလားေဒ့ရွ္နိုင္ငံထဲ မ၀င္ေရာက္ခင္ ႏုိင္ငံရဲ့ အေရွ ့ေျမာက္ဘက္ေဒသတခုလံုးကို ျဖတ္သန္းစီးဆင္းေနတဲ့ ျဗဟၼပုတၱရျမစ္ဟာ အိႏိၵယနိုင္ငံအတြက္ အႀကီးဆံုးနဲ ့အေရးပါတဲ့ျမစ္ေတြထဲက တခုအပါအ၀င္ ျဖစ္ပါတယ္။

ျမစ္အထက္ပိုင္းမွာ တရုတ္နိုင္ငံက ဒီလိုတည္ေဆာက္တာကို ျပန္ျပီး ကာမိေစဖို႔ တိုင္းျပည္ရဲ့ အေရွ႕ပိုင္း ေ၀းလံေခါင္သီတဲ့ Arunachal Pradesh ျပည္နယ္ထဲမွာ ၁၀ ဂစ္ဂါ၀ပ္ ဓာတ္အားထြက္ရွိမယ့္ ေရအားလွွ်ပ္စစ္စီမံကိန္းတခုကို စဥ္းစားေနေၾကာင္း အိႏိၵယ အရာရွိတဦးက အဂၤါေန ့က ထုတ္ေဖာ္ေျပာၾကားပါတယ္။

ျပီးခဲ့တဲ့ ေႏြက ဟိမ၀ႏၱာ နယ္စပ္မွာ ထိေတြ ့ျဖစ္ပြားခဲ့တဲ့ ပဋိပကၡေတြေၾကာင့္ ျႏဴကလီးယားပုိင္ဆိုင္ၾကတဲ့ အိမ္နီးခ်င္းနွစ္နိုင္ငံအၾကား သံတမန္ေရးအရ တင္းမာမႈေတြျဖစ္ပြားခဲ့ၿပီး ဒီေဒသမွာ ေထာင္နဲ႔ခ်ီတဲ့ တပ္ဖြဲ႔ေတြကုိ ခ်ထားဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

တိဘက်ဒေသ မြစ်ပေါ်တည်ဆောက်မယ့် တာတမံ မြစ်ဝှမ်းနိုင်ငံတွေကို အကျိုးှရှိစေဖို့ တရုတ်စဉ်းစား

(Unicode)

တိဘက်ဒေသမှာ မြစ်ဖျားခံပြီး အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သန်းစီးဆင်းနေတဲ့ ဗြဟ္မပုတ္တရရဲ့ မြစ်ညာ Yarlung Tsangbo မြစ်ပေါ်မှာ တရုတ်နိုင်ငံက တည်ဆောက်မယ့် ဘယ်လို ဆည်မြောင်းတာတမံ စီမံကိန်းမျိုးမဆို မစတင်ခင်မှာ တခြားတိုင်းပြည်တွေရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားသွားမယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နယူးဒေလီမြို့မှာ တရုတ်အရာရှိတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အိန္ဒိယက ဗြဟ္မပုတ္တရလို့ခေါ်တဲ့ အထက်ပိုင်းမှာ တည်ဆောက်မယ့် ၆၀ ဂစ်ဂါဝပ် ထွက်ရှိမယ့် ရေအားလျှပ်စစ်စီမံကိန်းကို တရုတ်နိုင်ငံက တည်ဆောက်သွားမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေက တရုတ်နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

တရုတ်နဲ့ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကတော့ တရုတ်နိုင်ငံရဲ့ ဒီစီမံကိန်းကြောင့် ရုတ်တရက် ရေကြီးမှုတွေ၊ ဒါမှမဟုတ် ရေပြတ်လပ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေ မြင့်တက်လာနေတာပါ။

အိန္ဒိယနိုင်ငံ နယူးဒေလီမှာရှိတဲ့ တရုတ်သံအရာရှိ Ji Rong ကတော့ မြစ်အောက်ပိုင်းဖွံ့ဖြိူးရေးတရပ်အနေနဲ့ဒါဟာ အကြို စီမံကိန်းတရပ်ဖြစ်ပြီး သရုပ်ပြအဆင့်သာ ရှိသေးကြောင်း ပြောပါတယ်။

“ ဘယ်လိုစီမံကိန်းမျိုးမဆို သိပ္ပံနည်းကျက ျစီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒီသရုပ်ပြမှုထဲမှာ မြစ်ရဲ့ အထက်ရော အောက်ပိုင်းရော နှစ်ခုစလုံးမှာ တည်ရှိနေတဲ့ တိုင်းပြည်တွေရဲ့ အကျိူးစီးပွားနဲ့ မြစ်အောက်ပိုင်းဒေသတွေအပေါ် သက်ရောက်လာနိုင်တဲ့ အကျိူးဆက်တွေကိုပါ ပြည့်ပြည့်စုံစုံ ထည့်သွင်းဖော်ပြသွားမှာဖြစ်တယ်” လို့ တရုတ်သံအရာရှိ Ji Rong ရဲ့ ထုတ်ပြန်ချက်တရပ်ထဲမှာ ပြောဆိုသွားတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ မဝင်ရောက်ခင် နိုင်ငံရဲ့ အရှေ ့မြောက်ဘက်ဒေသတခုလုံးကို ဖြတ်သန်းစီးဆင်းနေတဲ့ ဗြဟ္မပုတ္တရမြစ်ဟာ အိန္ဒိယနိုင်ငံအတွက် အကြီးဆုံးနဲ့အရေးပါတဲ့မြစ်တွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

မြစ်အထက်ပိုင်းမှာ တရုတ်နိုင်ငံက ဒီလိုတည်ဆောက်တာကို ပြန်ပြီး ကာမိစေဖို့ တိုင်းပြည်ရဲ့ အရှေ့ပိုင်း ဝေးလံခေါင်သီတဲ့ Arunachal Pradesh ပြည်နယ်ထဲမှာ ၁၀ ဂစ်ဂါဝပ် ဓာတ်အားထွက်ရှိမယ့် ရေအားလျှပ်စစ်စီမံကိန်းတခုကို စဉ်းစားနေကြောင်း အိန္ဒိယ အရာရှိတဦးက အင်္ဂါနေ့က ထုတ်ဖော်ပြောကြားပါတယ်။

ပြီးခဲ့တဲ့ နွေက ဟိမဝန္တာ နယ်စပ်မှာ ထိတွေ့ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နြူကလီးယားပိုင်ဆိုင်ကြတဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား သံတမန်ရေးအရ တင်းမာမှုတွေဖြစ်ပွားခဲ့ပြီး ဒီဒေသမှာ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့တွေကို ချထားဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG