သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဝန်ကြီး Tillerson ဥရောပခရီး၊ လန်ဒန် ကိုအရင်ဆုံးသွားမည်


ကန်ဝန်ကြီး Tillerson
ကန်ဝန်ကြီး Tillerson

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က အမေရိကန်သံရုံးသစ် ဖွင့်ပွဲကို မတက်ရောက်ဖို့ သမ္မတ Donald Trump က ကြေညာလိုက်ပြီး သီတင်းတပတ် အကြာမှာပဲ၊ သံရုံးကို သွားရောက်လည်ပတ်ဖို့ မျှော်လင့်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောဆိုလိုက်ပါတယ်။ ၈ ရက်ကြာ ဥရောပခရီးစဉ်အစအဖြစ် ဝန်ကြီး Tillerson တနင်္ဂနွေနေ့ လန်ဒန်ကို သွားရောက်မှာပါ။

ဒါပေမဲ့လည်း သံရုံးသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်တာမျိုးလို တရားဝင် အခမ်းအနားကျင်းပမှာ မဟုတ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောဆိုထားပါတယ်။ လန်ဒန်မှာရောက်နေစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဗြိတိန်နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး၊ ၂ နိုင်ငံ စလုံးအတွက် ကမ္ဘာတဝန်းက စိုးရိမ်စရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ သမ္မတ Trump ကတော့ လန်ဒန်ကိုသွားမယ့် အစီအစဉ်ကို ဖျက်လိုက်ကြောင်း ပြီးခဲ့တဲ့သောကြာနေ့ကပဲ ကြေညာခဲ့တာပါ။

လန်ဒန်မှာ အကောင်းဆုံး နေရာ၊ အကောင်းဆုံးသံရုံးတောင် ဖြစ်ကောင်း ဖြစ်နိုင်တဲ့ အမေရိကန်သံရုံးကို သမ္မတဟောင်း Barack Obama လက်ထက်တုန်းက ဈေးပေါပေါနဲ့ ချရောင်းပြီး၊ နေရာသစ်မှာ ဒေါ်လာ ၁.၂ ဘီလီယံ အကုန်ခံပြီး ဆောက်ထားတဲ့ သံရုံးသစ်ကိုလည်း ဖဲကြိုးဖြတ် ဖွင့်လှစ်မပေးချင်တာကြောင့် အစီအစဉ်ကို ဖျက်လိုက်ရတာ ဖြစ်ကြောင်းလည်း သမ္မတ Trump ကပြောဆိုခဲ့ပါတယ်။

တကယ်တော့ သံရုံးဟောင်းကို ရောင်းချဖို့ သမ္မတဟောင်း အိုဘားမား မတိုင်ခင်မှာ သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ George W. Bush လက်ထက်မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ လုံခြုံရေးအတွက် စိုးရိမ်မှုတွေကြောင့် ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့တာလို့လည်း သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

ဥရောပခရီးစဉ် တစိတ်တပိုင်းအဖြစ် ဝန်ကြီး Tillerson ရှေ့သီတင်းပတ် အင်္ဂါနေ့ ပြင်သစ်နိုင်ငံကို သွားရောက်ပြီး၊ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို၊ ဓာတုလက်နက် အသုံးပြုသူတွေ အပြစ်ပေးခံရမှုက ကင်းလွတ်နေတာတွေကို နိုင်ငံတကာက လက်တွဲတိုက်ဖျက်ရေး ဆွေးနွေးပွဲကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ဆွစ်ဇာလန်နိုင်ငံကို ခရီးဆက်ပြီး Davos မြို့မှာ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲကို တက်ရောက်ဖို့လည်း စီစဉ်ထားပါတယ်။

ကန်ဝန်ကြီး Tillerson ဥရောပခရီး၊ လန်ဒန် ကိုအရင်ဆုံးသွားမည်
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG