သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးမိတဲ့ ၅ နှစ်စာ မူးယစ်ဆေးဝါးတွေ TNLA မီးရှို့ဖျက်ဆီး


ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA က ဖမ်းဆီးသိမ်းဆည်းထားတဲ့ မူးယစ်ဆေးဝါးတွေကို ဇွန်လ ၂၆ ရက်နေ့က မီးရှို့ဖျက်ဆီး
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA က ဖမ်းဆီးသိမ်းဆည်းထားတဲ့ မူးယစ်ဆေးဝါးတွေကို ဇွန်လ ၂၆ ရက်နေ့က မီးရှို့ဖျက်ဆီး

နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အဖြစ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA က ဖမ်းဆီးသိမ်းဆည်းထားတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ပဲ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။ ၅ နှစ်အတွင်း ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးခဲ့တာလို့လည်း TNLA ပြောခွင့်ရ ဗိုလ်မှူးကြီး တာ့အိုက်ကျော်က ပြောပါတယ်။

" မူးယစ်ဆေးဝါး တိုက်ဖျက်ရတာက ကျနော်တို့တပ်ဖွဲ့တည်ထောင်တဲ့ ၂၀၁၂လောက်ကတည်းက တောက်လျှောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်လာတယ်။ ပြန်ကြည့်မယ်ဆို ကြားမှာတော့ ၂၀၁၇ကနေ ဒီနေ့အထိ ငါးနှစ်ကာလအတွင်းမှာ မီးရှို့ဖျက်ဆီးနိုင်တာတော့ မရှိဘူး။ ဘာကြောင့်လဲဆို တဖက်က စကစရဲ့ ထိုးစစ်အခြေအနေကြောင့် သမိုင်းအရှည်ဆုံး အပျက်ပျက်နဲ့ တိုက်ပွဲဖြစ်နေတယ်။ အဲဒါမို့ မူးယစ်ဆေးဝါး ဖျက်ဆီးတဲ့ အခမ်းအနားကို ကျနော်တို့က မလုပ်နိုင်ခဲ့ဘူး။ ဒီနှစ်မှာတော့ ပြန်ပြီး ဖျက်ဆီးဖို့တော့ ပြန်စီစဉ်ဦးမှ ဆိုပြီး ဖျက်ဆီးရတာဖြစ်တယ်။"

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA က ဖမ်းဆီးသိမ်းဆည်းထားတဲ့ မူးယစ်ဆေးဝါးတွေကို ဇွန်လ ၂၆ ရက်နေ့က မီးရှို့ဖျက်ဆီး
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA က ဖမ်းဆီးသိမ်းဆည်းထားတဲ့ မူးယစ်ဆေးဝါးတွေကို ဇွန်လ ၂၆ ရက်နေ့က မီးရှို့ဖျက်ဆီး

ဘိန်းဖြူ ၅၆ ကီလိုဂရမ်ကျော်၊ ဘိန်းစိမ်း ၉၃.၇ ပိဿာ၊ စိတ်ကြွဆေးပြား ၃သန်းကျော်ကို TNLA ထိန်းချုပ်ရာဒေသမှာ ဖျက်ဆီးခဲ့တာဖြစ်ပြီး တန်ဖိုးအားဖြင့် သိန်း ၉၀၀၀နီးပါးရှိတယ်လို့လည်း ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီကလည်း သိမ်းဆည်းရမိထားတဲ့၊ ဒေါ်လာ သန်း ၅၀၀ နီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖျက်ဆီးခဲ့တဲ့ အကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာ ကုန်တင်ကားဝန်းအတွင်း ဒီကနေ့ ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေ ထဲမှာ ဘိန်း၊ ဘိန်းဖြူ၊ မက်သာဖက်တမင်း၊ ဆေးခြောက်၊ ကက်တမင်းနဲ့ ice လို့ လူသိများတဲ့ မူးယစ်ဆေးပြားတွေ ပါပါတယ်လို့ ပြောပါတယ်။ ဒီနေ့ တရက်တည်းမှာပဲ မန္တလေးနဲ့ တောင်ကြီး မြို့တွေမှာလည်း သိမ်းဆည်းရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG