သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မဟောင်း Park Geun-hye ပြန်လွတ်ရေး ထောက်ခံသူတွေဆန္ဒပြ

သမ္မတဟောင်း Park Geun-hye လွှတ်ပေးဖို့ဆန္ဒပြကြ
သမ္မတဟောင်း Park Geun-hye လွှတ်ပေးဖို့ဆန္ဒပြကြ

အဖမ်းဆီးခံထားရတဲ့ တောင်ကိုရီးယားသမ္မဟောင်း Park Geun-hye ကိုထောက်ခံသူ ထောင်ပေါင်းများစွာဟာ စနေနေ့က ဆိုးလ်မြို့တော်မှာ စုဝေးခဲ့ကြပြီး သူမကို အကျဉ်းထောင်က ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေကြား ခိုက်ရန်ဖြစ်မှာကို စိုးရိမ်တဲ့အတွက် ဆန္ဒပြပွဲကိုထိန်းသိမ်းဖို့ ဆိုးလ်မြို့တော်ခမ်းမနားမှာ ရဲအင်အား တသောင်းကျော် ဖြန့်ချထားပါတယ်။ ဆိုးလ်မြို့လမ်းမကြီးတွေပေါ်မှာ Ms. Park ကို ထောက်ခံသူတွေရော ဆန့်ကျင်သူတွေပါ စုဝေးခဲ့ကြပြီး၊ ပြီးခဲ့တဲ့ လတွေကစလို့ နှစ်ဖက်အင်အားကြား အပြိုင်အဆိုင် ဆန္ဒပြခဲ့ကြတာပါ။

Ms. Park ကို လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှု၊ အာဏာ အလွဲသုံးစားလုပ်မှု၊ အစိုးရလျှို့ဝှက်ချက်တွေ ပေါက်ကြားစေမှု စတာတွေနဲ့ စွဲချက်တင်ပြီး သောကြာနေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ Ms. Park ကို သမ္မတရုံးကနေ ဖယ်ရှားဖို့ တောင်ကိုရီးယား ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် မတ်လ ၁၀ ရက်နေ့တုန်းက ရဲနဲ့ သူ့ကိုထောက်ခံသူတွေကြား ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုအတွင်း လူ ၃ ဦးသေဆုံးခဲ့ရပါတယ်။

သမ္မဟောင်း Park Geun-hye ပြန်လွတ်ရေး ထောက်ခံသူတွေဆန္ဒပြ
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG