သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံျခားသားေက်ာင္းသားေတြအေပၚ ဗီဇာကန္႔သတ္တဲ့ဥပေဒ ကန္ အစုိးရ ျပန္ရုပ္သိမ္း


Harvard တကၠသိုလ္ (၂၀၁၉ ဇူလိုင္ ၁၆ ရက္ေန႔)

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ အေမရိကန္ေကာလိပ္ေတြက ဒီႏွစ္ေဆာင္းရာသီစာသင္ႏွစ္အတြက္ အတန္းေတြကို အြန္လိုင္းကေနပဲ သင္ၾကားမယ္ ဆိုရင္ ႏိုင္ငံျခားေက်ာင္းသားေတြ အေနနဲ႔ ေက်ာင္းေျပာင္းတာ ဒါမွမဟုတ္ အေမရိကန္ႏိုင္ငံကေန ထြက္သြားရမယ့္ ဥပေဒကို သမၼတထရမ့္ အစိုးရအဖြဲ႔က အဂၤါေန႔မွာ ျပန္ရုပ္သိမ္းလိုက္ပါၿပီ။ ဒီဥပေဒအတြက္ ဗဟိုအစိုးရအဆင့္ တရားစြဲဆိုမႈေပါင္း ၈ ခု နဲ႔ ရင္ဆိုင္ခဲ့ရသလို ရာနဲ႔ခ်ီတဲ့ တကၠသိုလ္ေတြရဲ့ ကန္႔ကြက္မႈကိုလည္း ႀကံဳခဲ့ရတာပါ။

ဒီဥပေဒနဲ႔ပတ္သက္ၿပီး ဟားဗတ္တကၠသိုလ္နဲ႔ MIT နည္းပညာတကၠသိုလ္ တို႔က Boston မွာ ဗဟိုအစိုးရ အေပၚတရားစြဲဆိုမႈအတြက္ ၾကားနာမႈ စတင္ခ်ိန္မွာပဲအခုလို ျပန္ရုပ္သိမ္းေၾကာင္း ေၾကညာခဲ့တာျဖစ္ပါတယ္။ ခရိုင္တရားသူႀကီး Allison Burroughs က ဇူလို္င္လ ၆ ရက္ေန႔ ညႊန္ၾကားခ်က္ကို ျပန္ရုပ္သိမ္းၿပီး နဂိုအတိုင္းျပန္ခ်ထားဖုိ႔ ဗဟိုအစိုးရ လူဝင္မႈႀကီးၾကပ္ေရး အာဏာပိုင္ေတြက သေဘာတူၾကေၾကာင္း ေျပာပါတယ္။

ဒီေၾကညာခ်က္ေၾကာင့္ ဌာေနျပန္အပို႔ခံရမယ့္ အႏၱရာယ္ရွိေနတဲ့ ေထာင္နဲ႔ခ်ီတဲ့ ႏိုင္ငံျခားေက်ာင္းသား ေတြစိတ္သက္သာရာ ရခဲ့သလို၊ ဒီေဆာင္းရာသီ စာသင္ႏွစ္အတြက္ သူတုိ႔ရဲ့ အစီအစဥ္ေတြကို ျပန္သံုးသပ္ဖို႔ လုပ္ၾကရမယ့္ ရာနဲ႔ခ်ီတဲ့ အေမရိကန္တကၠသိုလ္ေတြ အတြက္လည္း အဆင္ေျပ သြားပါတယ္။

ထုတ္ျပန္ခဲ့တဲ့ မူဝါဒအရ အေမရိကန္ႏုိ္င္ငံထဲက ႏုိင္ငံျခားေက်ာင္းသားေတြ အေနနဲ႔ ဒီေဆာင္းရာသီ စာသင္ႏွစ္အတြက္ သင္တန္းေတြကို အြန္လိုင္းကေန ယူခြင့္ တားျမစ္လိုက္တာ ျဖစ္ပါတယ္။ ဟားဗတ္ တကၠသိုလ္ အပါအဝင္ ေက်ာင္းေတြမွာ အြန္လိုင္းက သင္တဲ့ အတန္းေတြ တက္မယ့္ ေက်ာင္းသားေတြကို ဗီဇာသစ္ ထုတ္ေပးမွာ မဟုတ္သလို အေမရိကန္ ႏိုင္ငံထဲမွာ ရွိေနတဲ့ ေက်ာင္းသားေတြ အတြက္လည္း ေက်ာင္းမေျပာင္းရင္ ျဖစ္ေစ အေမရိကန္ႏိုင္ငံကေန ကိုယ့္ဆႏၵအေလ ွ်ာက္ ထြက္မသြားရင္ျဖစ္ေစ ဌာေနျပန္ပို႔တာနဲ႔ ရင္ဆိုင္ရဖို႔ ရွိေနတာပါ။

ဒီဥပေဒဟာ အခုေဆာင္းရာသီ စာသင္ႏွစ္ကို ကိုရိုနာဗုိင္းရပ္စ္ကူးစက္မႈတိုးေနတဲ့ ၾကားက ျပန္ဖြင့္ေရး အတြက္ ေက်ာင္းေတြနဲ႔ ေကာလိပ္ေတြကို ဖိအားေပးဖို႔ သမၼတ ေဒၚနယ္ထရမ့္ရဲ့ ႀကိဳစားမႈ အစိတ္အပိုင္းတခုျဖစ္မယ္လို႔ တကၠသိုလ္ တာဝန္ခံေတြက ယံုၾကည္ၾကပါတယ္။

...............

နိုင်ငံခြားသားကျောင်းသားတွေအပေါ် ဗီဇာကန့်သတ်တဲ့ဥပဒေ ကန် အစိုးရ ပြန်ရုပ်သိမ်း
(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အမေရိကန်ကောလိပ်တွေက ဒီနှစ်ဆောင်းရာသီစာသင်နှစ်အတွက် အတန်းတွေကို အွန်လိုင်းကနေပဲ သင်ကြားမယ် ဆိုရင် နိုင်ငံခြားကျောင်းသားတွေ အနေနဲ့ ကျောင်းပြောင်းတာ ဒါမှမဟုတ် အမေရိကန်နိုင်ငံကနေ ထွက်သွားရမယ့် ဥပဒေကို သမ္မတထရမ့် အစိုးရအဖွဲ့က အင်္ဂါနေ့မှာ ပြန်ရုပ်သိမ်းလိုက်ပါပြီ။ ဒီဥပဒေအတွက် ဗဟိုအစိုးရအဆင့် တရားစွဲဆိုမှုပေါင်း ၈ ခု နဲ့ ရင်ဆိုင်ခဲ့ရသလို ရာနဲ့ချီတဲ့ တက္ကသိုလ်တွေရဲ့ ကန့်ကွက်မှုကိုလည်း ကြုံခဲ့ရတာပါ။

ဒီဥပဒေနဲ့ပတ်သက်ပြီး ဟားဗတ်တက္ကသိုလ်နဲ့ MIT နည်းပညာတက္ကသိုလ် တို့က Boston မှာ ဗဟိုအစိုးရ အပေါ်တရားစွဲဆိုမှုအတွက် ကြားနာမှု စတင်ချိန်မှာပဲအခုလို ပြန်ရုပ်သိမ်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ခရိုင်တရားသူကြီး Allison Burroughs က ဇူလိုင်လ ၆ ရက်နေ့ ညွှန်ကြားချက်ကို ပြန်ရုပ်သိမ်းပြီး နဂိုအတိုင်းပြန်ချထားဖို့ ဗဟိုအစိုးရ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက သဘောတူကြကြောင်း ပြောပါတယ်။

ဒီကြေညာချက်ကြောင့် ဌာနေပြန်အပို့ခံရမယ့် အန္တရာယ်ရှိနေတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံခြားကျောင်းသား တွေစိတ်သက်သာရာ ရခဲ့သလို၊ ဒီဆောင်းရာသီ စာသင်နှစ်အတွက် သူတို့ရဲ့ အစီအစဉ်တွေကို ပြန်သုံးသပ်ဖို့ လုပ်ကြရမယ့် ရာနဲ့ချီတဲ့ အမေရိကန်တက္ကသိုလ်တွေ အတွက်လည်း အဆင်ပြေ သွားပါတယ်။

ထုတ်ပြန်ခဲ့တဲ့ မူဝါဒအရ အမေရိကန်နိုင်ငံထဲက နိုင်ငံခြားကျောင်းသားတွေ အနေနဲ့ ဒီဆောင်းရာသီ စာသင်နှစ်အတွက် သင်တန်းတွေကို အွန်လိုင်းကနေ ယူခွင့် တားမြစ်လိုက်တာ ဖြစ်ပါတယ်။ ဟားဗတ် တက္ကသိုလ် အပါအဝင် ကျောင်းတွေမှာ အွန်လိုင်းက သင်တဲ့ အတန်းတွေ တက်မယ့် ကျောင်းသားတွေကို ဗီဇာသစ် ထုတ်ပေးမှာ မဟုတ်သလို အမေရိကန် နိုင်ငံထဲမှာ ရှိနေတဲ့ ကျောင်းသားတွေ အတွက်လည်း ကျောင်းမပြောင်းရင် ဖြစ်စေ အမေရိကန်နိုင်ငံကနေ ကိုယ့်ဆန္ဒအလေ ျှာက် ထွက်မသွားရင်ဖြစ်စေ ဌာနေပြန်ပို့တာနဲ့ ရင်ဆိုင်ရဖို့ ရှိနေတာပါ။

ဒီဥပဒေဟာ အခုဆောင်းရာသီ စာသင်နှစ်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတိုးနေတဲ့ ကြားက ပြန်ဖွင့်ရေး အတွက် ကျောင်းတွေနဲ့ ကောလိပ်တွေကို ဖိအားပေးဖို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြိုစားမှု အစိတ်အပိုင်းတခုဖြစ်မယ်လို့ တက္ကသိုလ် တာဝန်ခံတွေက ယုံကြည်ကြပါတယ်။

XS
SM
MD
LG