သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက် အိမ်ခြံမြေလုပ်ငန်း အမှု Donald Trump အပြီးသတ်လျှောက်လဲချက်ပေး


Trump Fraud Trial
Trump Fraud Trial

အမေရိကန်သမ္မတဟောင်း Donald Trump ဟာ အိမ်ခြံမြေလုပ်ငန်းအတွက် နယူးယောက်တရားရုံးမှာ သူ့ကို တရားစွဲထားတဲ့အမှုအတွက် မနေ့က အပြီးသတ် လျှောက်လဲချက်ပေးပြီး တရားသူကြီးနဲ့ ရှေ့နေချုပ်တွေကို ဝေဖန်ထိုးနှက်ပြောဆိုသွားပါတယ်။ တရားသူကြီးနဲ့ ရှေ့နေချုပ်ဟာ လာမယ့် ၂၀၂၄ ရွေးကောက်ပွဲမှာ သူ အနိုင်မရအောင် ဟန့်တားဖို့ ကြိုးစားနေသူတွေဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုသွားပါတယ်။

Trump နဲ့ အိမ်ခြံမြေစီးပွားရေးလုပ်ငန်းတွေဟာ အိမ်တန်ဖိုးတွေ ဈေးမြှင့်ပြီး ဘဏ်တွေ၊ အာမခံ ကုမ္ပဏီတွေနဲ့ တခြားသူတွေအပေါ် လိမ်လည်ခဲ့တယ်ဆိုပြီး နယူးယောက်ရှေ့နေချုပ် Letitia James က တရားစွဲဆိုထားတာတာပါ။ Donald Trump အပေါ် ဒေါ်လာ သန်း ၃၇၀ ဒဏ်ငွေရိုက်ပြီး နောက်နောင် အိမ်ခြံမြေစီးပွား‌ရေးလုပ်ငန်း လုပ်ကိုင်ခွင့်တားမြစ်ဖို့ တောင်းဆိုထားပါတယ်။

သူ့အပေါ် လူထုထောက်ခံမှုရနေတာကိုဟန့်တားဖို့ တမင်အကွက်ဆင် အမှုစွဲဆိုတာလို့ Donald Trump က Manhattan အရပ်က သူပိုင်ရုံးခန်းမှာ ပြောဆိုသွားပါတယ်။ Donald Trump ဟာ ဆင်ဆင်ခြင်ခြင် ပြောဆိုသူမဟုတ်ဘူးဆိုပြီး အမှုနဲ့ ပတ်သက်လို့ အပြီးသတ် တရားဝင်လျှောက်လဲချက်ပေးခွင့် အစောပိုင်းမှာ တရားသူကြီး Judge Arthur Engoron က ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း Trump ဘက်က ရှေ့နေတွေရဲ့ တောင်းဆိုချက်အရ ပြောဆိုခွင့် ခွင့်ပြုခဲ့ပါတယ်။

XS
SM
MD
LG