သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော် တရားရုံးချုပ်တရားသူကြီးသစ် အဖြစ် Brett Kavanaugh ကို သမ္မတ Trump အမည်တင်သွင်း


နိုင်ငံတော် တရားရုံးချုပ်တရားသူကြီးသစ် အဖြစ် Brett Kavanaugh ကို သမ္မတ Trump အမည်တင်သွင်း
နိုင်ငံတော် တရားရုံးချုပ်တရားသူကြီးသစ် အဖြစ် Brett Kavanaugh ကို သမ္မတ Trump အမည်တင်သွင်း

ဇူလိုင်လကုန်မှာ အနားယူတော့မယ့် အမေရိကန် တရားရုံးချုပ် တရားသူကြီး Anthony Kennedy ရဲ့နေရာမှာ အစားထိုး ခန့်အပ်ဖို့ တရားသူကြီး Brett Kavanaugh ကို အမည်တင်သွင်းဖို့ ရွေးချယ်လိုက်တဲ့ အကြောင်း သမ္မတ Donald Trump က တနင်္လာနေ့ ည ၉ နာရီက သမ္မတ အိမ်ဖြူမှာ ပြောကြားလိုက်ပါတယ်။

သမ္မတ Trump က အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံတော် တရားရုံးချုပ် တရားသူကြီးနေရာမှာ ခန့်အပ်ဖို့ Kavanaugh ဟာ အရည်အချင်း အပြည့်စုံဆုံးနဲ့ ရာထူးနဲ့ အထိုက်တန်ဆုံး သူဖြစ်ကြောင်း ပြောကြားလိုက်ပြီး သူဟာ နိုင်ငံရဲ့ အကျိုးကို ထူးချွန်တဲ့ တရားသူကြီးအဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

အသက် ၅၃ နှစ် အရွယ် Kavanaugh ဟာ ရှေးရိုးစွဲ ဝါဒီယိမ်းတဲ့ ဗဟို တရားသူကြီးအဖြစ် လွန်ခဲ့တဲ့ ၁၂ နှစ်တာ ထမ်းဆောင်ခဲ့တဲ့အပြင် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ နိုင်ငံရေး လောကမှာလည်း အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။ သူဟာ တရားသူကြီးအဖြစ် တာဝန် မထမ်းဆောင်မီ သမ္မတ Bill Clinton လက်ထက်က လက်ထောက် ဥပဒေ အကြံပေးတဦး သေဆုံးမှုကို စုံစမ်းစစ်ဆေးရာမှာ ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ဖြူတော် အလုပ်သင် ဘဝနဲ့လည်း ထိုစဉ် သမ္မတ Clinton ကို လိင်ဖေါက်ပြန်မှု အတွက် အရေးယူဖို့ စုံစမ်းစစ်ဆေးမှု အစပိုင်းမှာ Kavanaugh ပါဝင်ခဲ့ပါတယ်။

George W. Bush သမ္မတ ဖြစ်လာခဲ့တဲ့ မဲတွေ ပြန်ရေတွက် ရာမှာလည်း သူပါဝင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူဟာ သမ္မတ Bush ရဲ့ အမှုထမ်းတဦး ဖြစ်လာခဲ့ပြီး သမ္မတနဲ့ အတူ ခရီးသွားရာမှာ လိုက်ပါလေ့ ရှိပါတယ်။

သူဟာ ကက်စလစ် ဘာသာဝင် တဦးဖြစ်ပြီး နိုင်ငံမှာ အရေးကြီးတဲ့ ပဋိသန္ဓေဖျက်ချပိုင်ခွင့် ဥပဒေနဲ့ ပတ်သက်လို့လည်း သူ့ရဲ့ ရပ်တည်ချက် အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

သူဟာ Yale တက္ကသိုလ် ဥပဒေကျောင်းဆင်း တယောက်ဖြစ်ပြီး ၂၀၀၆ ခုနှစ်ကစလို့ ဝါရှင်တန် ဒီစီရဲ့ အယူခံ တရားရုံးမှာ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အခု သူအစားထိုး တာဝန်ထမ်းဆောင်ရမယ့် တရားသူကြီး Kennedy ရဲ့ လက်ထောက်အဖြစ်လည်း ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

XS
SM
MD
LG