သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

California ေတာမီးေလာင္မႈအေျခအေန Trump သြားေရာက္စစ္ေဆး


(Zawgyi/Unicode)

ႏိုဝင္ဘာလမွာ က်င္းပမယ့္ သမၼတေရြးေကာက္ပြဲမွာ ရီပတ္ဘလစ္ကင္ပါတီက ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ သမၼတေဒၚနယ္ထရမ့္ေရာ ဒီမိုကရက္တစ္ပါတီက ၿပိဳင္ဘက္ျဖစ္တဲ့ ဒုသမၼတေဟာင္း ဂ်ိဳးဘိုင္ဒင္ကပါ သူတို႔မဲဆြယ္မႈကို အေမရိကန္္ျပည္ေထာင္စု အေနာက္ဖက္ျခမ္း ေဒသတေၾကာက မႀကံဳဖူးေအာင္ ပ်က္စီးမႈမ်ားတဲ့ ေတာမီးေလာင္ကၽြမ္းမႈအတြက္ ဦးတည္ ေျပာဆိုလာၾကပါတယ္။

ဒီအေနာက္ဖက္ျခမ္းက ေတာမီးဒဏ္ခံေနရတဲ့ ကယ္လီဖိုးနီးယား၊ Oregon နဲ႔ ဝါရွင္တန္ျပည္နယ္ ေတြဟာ ဒီမိုကရက္တစ္ပါတီကို ေထာက္ခံမႈမ်ားတဲ့ ျပည္နယ္ေတြ ျဖစ္ၿပီး ဒီေတာမီးနဲ႔ပတ္သက္ၿပီး သိပ္ေျပာဆိုတာ မေတြ႔ရတဲ့ သမၼတ ထရမ့္ဟာ အခု ကယ္လီဖိုးနီးယား ျပည္နယ္ကို သြားေရာက္ေနပါတယ္။ အဲဒီမွာ သမၼတကို ေဝဖန္ေလ့ရွိတဲ့ ဒီမိုကရက္တစ္ပါတီဝင္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႈး Gavin Newsom က ျပည္နယ္တြင္းေလာင္ကၽြမ္းေနတဲ့ ေတာမီးေတြနဲ႔ ပတ္သက္ၿပီး ရွင္းလင္းတင္ျပမွာ ျဖစ္ပါတယ္။

သမၼတထရမ့္ဟာ Sacramento နားက McClellan သဘာဝဥယာဥ္ ရွိရာကိုလည္း သြားေရာက္မွာ ျဖစ္ပါတယ္။ ေျမအက်ယ္ဝန္းအားျဖင့္ ဟက္တာ တသန္းေက်ာ္ပ်က္စီးခဲ့ရၿပီး လူေပါင္း ၃၅ ဦးထက္ မနည္း ေသဆံုးခဲ့ရတဲ့ အဲဒီေဒသမွာ ေဒသခံေတြနဲ႔ေရာ အစိုးရတာဝန္ရွိသူေတြနဲ႔ ပါ ေဆြးေႏြးဖို႔ ရွိပါတယ္။

ခုလို သဘာဝဝန္းက်င္ ထိခိုက္မႈေတြ ျဖစ္ေပၚတာဟာ ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ဆိုတဲ့ သိပၸံနည္းက် ေျပာဆိုမႈေတြကို မၾကခဏ ေမးခြန္းထုတ္ေလ့ရွိတဲ့ သမၼတထရမ့္က သစ္ေတာဆိုင္ရာ စီမံခန္႔ခြဲမႈည့ံဖ်င္းလို႔ ေတာမီးျပန္႔ႏွံ႕ ၿပီး မီးအားႀကီးရတာ ျဖစ္ေၾကာင္း အျပစ္တင္ေဝဖန္ခဲ့တာပါ။ ေတာမီးဒဏ္ အေတာ္ျပင္းျပင္းထန္ထန္ ခံစားေနရတဲ့ ကယ္လီဖိုးနီးယား ျပည္နယ္သားေတြက သူ႔ကို ေထာက္ခံမႈ သိပ္မေပးၾကေပမယ့္ မီးဒဏ္သင့္သူေတြအေပၚ စာနာမႈနဲ႔ အတူ ၊ ျပည္နယ္အတြက္ မီးၿငွိမ္းသတ္ဖို႔ ဗဟိုအစိုးရအကူညီေတြ သူခ်ေပးခဲ့ေၾကာင္း ေျပာၾကားဖုိ႔ ရွိပါတယ္။

တခ်ိန္ထဲမွာပဲ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈ မရွိေအာင္ ကာကြယ္တဲ့အေနဲ႔ လူအုပ္ႀကီးႀကီးမားမား နဲ႔ မဲဆြယ္ပြဲ မလုပ္တဲ့ ဒုသမၼတေဟာင္း ဂ်ိဳးဘိုင္ဒင္ကေတာ့ သူ႔ရဲ့ Delaware ျပည္နယ္မွာပဲ ရွိေနၿပီး သမၼတထရမ့္ဟာ ေတာမီီးေလာင္ကၽြမ္းမႈျဖစ္ေစတဲ့ ဥတုရာသီေဖာက္ျပန္မႈေတြ တိုးလာတာကို လ ွ်စ္လ ွ်ဴရႈထားေၾကာင္းနဲ႔ မီးၿငွိမ္းသတ္ဖုိ႔ အတြက္ ဗဟိုအစိုးရကေန အကူအညီ လံုေလာက္ေအာင္ မေပးေၾကာင္း စြပ္စြဲေဝဖန္မယ့္ မိန္႔ခြန္း ေျပာၾကားဖို႔ စီစဥ္ထားပါတယ္။

California ေတာမီးေလာင္မႈအေျခအေန Trump သြားေရာက္စစ္ေဆး
please wait

No media source currently available

0:00 0:01:38 0:00
တိုက္႐ိုက္ လင့္ခ္


............

California တောမီးလောင်မှုအခြေအနေ Trump သွားရောက်စစ်ဆေး

(Unicode)

နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် သမ္မတဒေါ်နယ်ထရမ့်ရော ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက်ဖြစ်တဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကပါ သူတို့မဲဆွယ်မှုကို အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်း ဒေသတကြောက မကြုံဖူးအောင် ပျက်စီးမှုများတဲ့ တောမီးလောင်ကျွမ်းမှုအတွက် ဦးတည် ပြောဆိုလာကြပါတယ်။

ဒီအနောက်ဖက်ခြမ်းက တောမီးဒဏ်ခံနေရတဲ့ ကယ်လီဖိုးနီးယား၊ Oregon နဲ့ ဝါရှင်တန်ပြည်နယ် တွေဟာ ဒီမိုကရက်တစ်ပါတီကို ထောက်ခံမှုများတဲ့ ပြည်နယ်တွေ ဖြစ်ပြီး ဒီတောမီးနဲ့ပတ်သက်ပြီး သိပ်ပြောဆိုတာ မတွေ့ရတဲ့ သမ္မတ ထရမ့်ဟာ အခု ကယ်လီဖိုးနီးယား ပြည်နယ်ကို သွားရောက်နေပါတယ်။ အဲဒီမှာ သမ္မတကို ဝေဖန်လေ့ရှိတဲ့ ဒီမိုကရက်တစ်ပါတီဝင် ပြည်နယ်အုပ်ချုပ်ရေးမှုး Gavin Newsom က ပြည်နယ်တွင်းလောင်ကျွမ်းနေတဲ့ တောမီးတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။

သမ္မတထရမ့်ဟာ Sacramento နားက McClellan သဘာဝဥယာဉ် ရှိရာကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ မြေအကျယ်ဝန်းအားဖြင့် ဟက်တာ တသန်းကျော်ပျက်စီးခဲ့ရပြီး လူပေါင်း ၃၅ ဦးထက် မနည်း သေဆုံးခဲ့ရတဲ့ အဲဒီဒေသမှာ ဒေသခံတွေနဲ့ရော အစိုးရတာဝန်ရှိသူတွေနဲ့ ပါ ဆွေးနွေးဖို့ ရှိပါတယ်။

ခုလို သဘာဝဝန်းကျင် ထိခိုက်မှုတွေ ဖြစ်ပေါ်တာဟာ ရာသီဥတု ပြောင်းလဲမှုကြောင့်ဆိုတဲ့ သိပ္ပံနည်းကျ ပြောဆိုမှုတွေကို မကြခဏ မေးခွန်းထုတ်လေ့ရှိတဲ့ သမ္မတထရမ့်က သစ်တောဆိုင်ရာ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ တောမီးပြန့်နှံ့ ပြီး မီးအားကြီးရတာ ဖြစ်ကြောင်း အပြစ်တင်ဝေဖန်ခဲ့တာပါ။ တောမီးဒဏ် အတော်ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ ကယ်လီဖိုးနီးယား ပြည်နယ်သားတွေက သူ့ကို ထောက်ခံမှု သိပ်မပေးကြပေမယ့် မီးဒဏ်သင့်သူတွေအပေါ် စာနာမှုနဲ့ အတူ ၊ ပြည်နယ်အတွက် မီးငြှိမ်းသတ်ဖို့ ဗဟိုအစိုးရအကူညီတွေ သူချပေးခဲ့ကြောင်း ပြောကြားဖို့ ရှိပါတယ်။

တချိန်ထဲမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မရှိအောင် ကာကွယ်တဲ့အနေဲ့ လူအုပ်ကြီးကြီးမားမား နဲ့ မဲဆွယ်ပွဲ မလုပ်တဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကတော့ သူ့ရဲ့ Delaware ပြည်နယ်မှာပဲ ရှိနေပြီး သမ္မတထရမ့်ဟာ တောမီးလောင်ကျွမ်းမှုဖြစ်စေတဲ့ ဥတုရာသီဖောက်ပြန်မှုတွေ တိုးလာတာကို လ ျှစ်လ ျှူရှုထားကြောင်းနဲ့ မီးငြှိမ်းသတ်ဖို့ အတွက် ဗဟိုအစိုးရကနေ အကူအညီ လုံလောက်အောင် မပေးကြောင်း စွပ်စွဲဝေဖန်မယ့် မိန့်ခွန်း ပြောကြားဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG