သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ ဒိန်းမက်ခရီးစဉ် ဖျက်သိမ်း


အမေရိကန် သမ္မတ Trump
အမေရိကန် သမ္မတ Trump

ဒိန်းမတ်နိုင်ငံပိုင် Greenland ကျွန်းကို အမေရိကန် ပြည်ထောင်စုက ဝယ်ယူလိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒိန်းမတ် ဝန်ကြီးချုပ်က ဆွေးနွေးမှာ မဟုတ်တဲ့အတွက် တွေ့ဆုံမယ့် အစီအစဉ်ကို အမေရိကန်သမ္မတ Donald Trump က ဖျက်လိုက်ပါတယ်။

ဝန်ကြီးချုပ် Mette Frederiksen ရဲ့ မှတ်ချက်ကြောင့် ရှေ့လာမယ့် သီတင်း ၂ ပတ်အတွင်း တွေ့ဆုံမယ့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း Twitter လူမှုကွန်ရက်ကနေ ပြောဆိုလိုက်တာပါ။ ခရီးစဉ် ဖျက်လိုက်တဲ့အတွက် ၂ နိုင်ငံစလုံး အကုန်အကျနဲ့ လုပ်အားတွေ မဆုံးရှုံးတော့မှာ ဖြစ်တာကြောင့် ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။

Greenland ကျွန်းကို ဝယ်ယူမယ့် စိတ်ကူးကိုတော့ မကြာသေးခင်ကပဲ သမ္မတ Trump ကပြောခဲ့တာပါ။ Greenland ကျွန်းကို ဒိန်းမတ်နိုင်ငံက ပိုင်ဆိုင်ပေမဲ့၊ ဒိန်းမတ်နိုင်ငံဟာ အမေရိကန်ရဲ့ မဟာမိတ်ကောင်း နိုင်ငံတနိုင်ငံ ဖြစ်ကြောင်းလည်း တနင်္ဂနွေနေ့ကပဲ သမ္မတ Trump ကပြောခဲ့ပါတယ်။ ဒိန်းမတ်နဲ့ Greenland ကျွန်း အာဏာပိုင်တွေကတော့ ရောင်းမှာမဟုတ်ကြောင်း ချက်ခြင်းလိုလို တုံ့ပြန်ခဲ့ကြတာပါ။ Greenland ကျွန်းဟာ ရောင်းဖို့မဟုတ်သလို၊ Greenland ကျွန်းကို Greenland ကျွန်းပြည်သူတွေကသာ ပိုင်ဆိုင်ကြောင်းလည်း မကြာသေးခင်က အလည်အပတ် ခရီးစဉ်အတွင်းမှာပဲ ဒိန်းမတ်ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဟာ ဒိန်းမတ်နိုင်ငံရဲ့ အရင်နှီးဆုံး မဟာမိတ်နိုင်ငံ ဖြစ်ပေမဲ့လည်း တိုင်းပြည်နဲ့ လူမျိုးတွေကို ဝယ်ယူတဲ့ခေတ်ကုန်ပြီလို့လည်း ဒိန်းမတ်ဝန်ကြီးက ပြောဆိုခဲ့တာပါ။

သမ္မတ Trump ကို နိုင်ငံတော်ခရီးစဉ်အဖြစ် စက်တင်ဘာလဆန်းမှာ အလည်အပတ်လာဖို့ ဒိန်းမတ်နိုင်ငံက ဖိတ်ကြားထားပြီး၊ ခရီးစဉ်ကို ဖျက်လိုက်တဲ့ အကြောင်းကိုတော့ မနေ့ကပဲ သမ္မတအိမ်ဖြူတော် ပြောခွင့်ရ Judd Deere က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG