သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Trump နဲ့ ကုဋေကြွယ်သူဋ္ဌေး Musk မေးမြန်းခန်း တိုက်ရိုက်ထုတ်လွှင့်


 စီးပွါးရေးလုပ်ငန်းရှင် ကုဋေကြွယ်သူဋ္ဌေး Elon Musk နဲ့ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump
စီးပွါးရေးလုပ်ငန်းရှင် ကုဋေကြွယ်သူဋ္ဌေး Elon Musk နဲ့ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump

တနင်္လာနေ့က ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump နဲ့ စီးပွါးရေးလုပ်ငန်းရှင် ကုဋေကြွယ်သူဋ္ဌေး Elon Musk တို့နှစ်ဦး တွေ့ဆုံမေးမြန်းခန်းကို Elon Musk ရဲ့ X လူမှုကွန်ယက်က တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ် နည်းပညာပိုင်းချို့ယွင်းမှုတွေကြောင့် ထုတ်လွှင့်မှု ကြန့်ကြာခဲ့ပါတယ်။

မိနစ် ၄၀ ကျော်နောက်ကျပြီးမှ ထုတ်လွှင့်ခဲ့တဲ့ ဒီအစီအစဉ်ကို လူပေါင်း ၁.၃ သန်းကျော် ဝင်ရောက်နားထောင်ခဲ့တာပါ။ တွေ့ဆုံမေးမြန်းခန်းမှာ Trump က ဒုသမ္မတ Kamala Harris ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ်ပါဝင်ယှဉ်ပြိုင်မယ့် ကိစ္စနဲ့ ပတ်သက်လို့ ဝေဖန်ထိုးနှက်ပြောဆိုခဲ့ပါတယ်။ ဒုသမ္မတ Kamala Harris ဟာ သမ္မတဖြစ်ဖို့ အရည်အချင်းပြည့်မီသူ တဦးမဟုတ်ကြောင်း၊ Harris က သမ္မတ Biden ရဲ့ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ကို သိမ်းယူတာဖြစ်ကြောင်းနဲ့ ဒါဟာ အမေရိကန်သမ္မတတယောက်ကို အာဏာသိမ်းတာပဲဖြစ်ကြောင်း Trump က ဝေဖန်ပြောဆိုပါတယ်။

Elon Musk ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က Pennsylvania ပြည်နယ် Butler မြို့ မဲဆွယ်စည်းရုံးပွဲအတွင်း Trump လုပ်ကြံခံရမှုကနေလွတ်မြောက်ခဲ့တာနဲ့ ပတ်သက်လို့ Trump ရဲ့ ရဲစွမ်းသတ္တိကို ချီးကျုးပြောဆိုခဲ့ပါတယ်။ သေနတ်သမား ပစ်ခတ်မှုကြောင့် Trump နားရွက်တဖက် ထိမှန်ခဲ့တာပါ။ Trump ကတော့ ဒီတိုက်ခိုက်မှုဖြစ်ပွါးခဲ့တဲ့ Butler မြို့မှာ အောက်တိုဘာလထဲ လူထုစည်းဝေးပွဲတခုလုပ်ဖို့ စီစဉ်ထားကြောင်းလည်းပြောပါတယ်။

ဒုသမ္မတ Harris ကတော့ ဒီမိုကရက် ဒုတိယသမ္မတလောင်း အဖြစ် မင်နီဆိုတာပြည်နယ် အုပ်ချုပ်ရေးမှုး Tim Walz ကိုရွေးချယ်ခဲ့ပြီးနောက် မဲဆွယ်စည်းရုံးပွဲတွေကို အရှိန်အဟုန်နဲ့ ဆက်လုပ်နေတာပါ။ ဒီမိုကရက်တစ် အမျိုးသား ညီလာခံကိုတော့ ရှေ့လာမယ့် သီတင်းပတ်ထဲ Chicago မြို့မှာကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG