သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်တရားရုံးတားမြစ်မိန့် Trump အယူခံမှု ပယ်ချခံရ 


ရီပတ်ဘလီကန်ရဲ့သမ္မတဟောင်းလည်းဖြစ်၊ လက်ရှိ ပါတီသမ္မတကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့ ဒေါ်နယ်ထရမ့် ဟားရစ်ဘတ်ဂ်မှာ မဲဆွယ်ပွဲ (ဇူလိုင် ၃၁၊ ၂၀၂၄)
ရီပတ်ဘလီကန်ရဲ့သမ္မတဟောင်းလည်းဖြစ်၊ လက်ရှိ ပါတီသမ္မတကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့ ဒေါ်နယ်ထရမ့် ဟားရစ်ဘတ်ဂ်မှာ မဲဆွယ်ပွဲ (ဇူလိုင် ၃၁၊ ၂၀၂၄)

ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲသွားကြောင်း၊ ဒုတိယသမ္မတဟဲရစ္စ်က မဲဆွယ်စည်းရုံးရေးလုပ်လာတဲ့အခါ သူ့ကိုယ်သူ ယခင်က အစိုးရရှေ့နေအဖြစ် ဆောင်ရွက်ခဲ့တာကိုပြောပြီး ထရမ့်ကို စီရင်ချက်ချခံထားရတဲ့ ရာဇဝတ်သားအဖြစ်ပြောခဲ့ကြောင်း၊ ဟဲရစ္စ်က လွတ်လပ်စွာပြောခွင့်ရပြီး ထရမ့်ကမပြောနိုင်တာဟာ ယုတ္တိမတန်လှကြောင်း ထရမ့်ရဲ့ ရှေ့နေတွေက ရေးသားလျှောက်လဲခဲ့ကြတာဖြစ်ပါတယ်။ ထရမ့်ရဲ့ အမှု စီရင်ချက်ပြီးဆုံးသွားတဲ့အထိ တားမြစ်မိန့်ကိုဆက်လက်ထားရှိတဲ့ တရားသူကြီး Juan M. Merchan ရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ တရားသူကြီး ငါးယောက်ပါဝင်တဲ့ ပြည်နယ်အလယ်အလတ်အဆင့် အယူခံရုံးက စီရင်လိုက်တာ ဖြစ်ပါတယ်။

‘မျှတတဲ့တရားရေး ဆိုတာ အမှုစီရင်ချက်အထိ ပါဝင်တယ်’ လို့ တရားသူကြီးတွေကဆိုပါတယ်။ လိင်ဖျော်ဖြေရေး ရုပ်ရှင်သရုပ်ဆောင် Stormy Daniels ကို ငွေပေးခဲ့တာနဲ့ဆက်စပ်ပြီး စာရင်းလိမ်ပြမှု အပါအဝင် စွဲဆိုချက် ၃၄ မှုနဲ့ ထရမ့်မှာအပြစ်ရှိကြောင်း ဂျူရီတွေကဆုံးဖြတ်ခဲ့ပြီး ပြစ်ဒဏ်ကိုတော့ စက်တင်ဘာလထဲမှ တရားသူကြီးက ဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းထားခဲ့တာကြောင့် တားမြစ်ချက် ရုပ်သိမ်းပေးဖို့ ထရမ့် ရှေ့နေတွေက လျှောက်ထားခဲ့တာပါ။

နယူးယောက်တရားရုံးတားမြစ်မိန့် Trump အယူခံမှု ပယ်ချခံရ 
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG