သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump အိမ္ျဖဴေတာ္မွာ အခမ္းအနားတရပ္လုပ္ဖို႔ စီစဥ္


အေမရိကန္သမၼတ Donald Trump.

(Zawgyi / Unicode)

အေမရိကန္သမၼတ Donald Trump ဟာ အိမ္ျဖဴေတာ္ရဲ႕ ေတာင္ဘက္ျမက္ခင္းျပင္မွာ ဒီေန႔ လူရာေပါင္းမ်ားစြာ တက္ေရာက္မယ့္ အခမ္းအနားတခုကို စီစဥ္ထားၿပီး အဲဒီမွာ မိန္႔ခြန္းေျပာၾကားသြားမွာ ျဖစ္တယ္လို႔ အေမရိကန္အစိုးရ အႀကီးတန္းတာဝန္ရွိသူတဦးက ဗီြအိုေအကို အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။

ဒါဟာ သမၼတ Trump အေနနဲ႔ ၿပီးခဲ့တဲ့တပတ္က ဗုိင္းရပ္စ္ကူးစက္ခံထားရတယ္လို႔ ေၾကညာၿပီးတဲ့ေနာက္ လူကိုယ္တုိင္တက္မယ့္ ပထမဆုံးအခမ္းအနား ျဖစ္ပါတယ္။

ABC သတင္းဌာနရဲ႕ ပထမဆုံး သတင္းေပးပို႔ခ်က္မွာေတာ့ ဒီအခမ္းအနားအတြင္း သမၼတ Trump က တရားဥပေဒစိုးမုိးေရးအတြက္ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြနဲ႔ ပတ္သက္ၿပီး ေျပာမွာျဖစ္ၿပီး သမၼတ Trump အေနနဲ႔ အိမ္ျဖဴေတာ္ရဲ႕ ေလသာေဆာင္ကေန ေျပာသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

သမၼတရဲ႕ ဆရာဝန္ Dr. Sean Conley ဆီက ၾကာသပေတးေန႔ ညေနပိုင္းက ေနာက္ဆုံးထုတ္ျပန္ခ်က္အရေတာ့ သမၼတ Trump က်န္းမာေရး အေျခအေနကိုိ စစ္ေဆးခဲ့တာမွာ ေရာဂါလကၡဏာ သက္သာလာတာမ်ိဳး မေတြ႔ရဘဲ ဒီအတုိင္းပဲ ရွိေနေသးတယ္လို႔ ေျပာပါတယ္။

သမၼတ Trump ဟာ Walter Reed စစ္ေဆး႐ုံကို ၄ ရက္တက္ၿပီးေတာ့ တနလၤာေန႔က ျပန္ဆင္းလာခဲ့တာပါ။ အဲဒီေန႔ကစၿပီး သမၼတရဲ႕ ဆရာဝန္ေတြက သူ႔ရဲ႕ က်န္းမာေရးအေျခအေနနဲ႔ ပတ္သက္ၿပီး လူထုကို ေန႔စဥ္ သတင္းထုတ္ျပန္ေပးေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း လူထုက်န္းမာေရးဆုိင္ရာ ကၽြမ္းက်င္သူေတြကေတာ့ သမၼတအေနနဲ႔ ေရာဂါကူးစက္ခံရၿပီးတဲ့ေနာက္ အခုလို အခမ္းအနားတခုကို အလွ်င္အျမန္လုပ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္အေပၚမွာ ေမးခြန္းေတြ ထုတ္ေနၾကပါတယ္။ အခုခ်ိန္ထိေတာ့ သမၼတ Trump အေနနဲ႔ ဗုိင္းရပ္စ္ပိုး မရွိေတာ့ဘူးဆုိတာကို ေျဖဆုိဖို႔ အိမ္ျဖဴေတာ္ဘက္က ျငင္းဆန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

သမ္မတ Trump အိမ်ဖြူတော်မှာ အခမ်းအနားတရပ်လုပ်ဖို့ စီစဉ်

အမေရိကန်သမ္မတ Donald Trump ဟာ အိမ်ဖြူတော်ရဲ့ တောင်ဘက်မြက်ခင်းပြင်မှာ ဒီနေ့ လူရာပေါင်းများစွာ တက်ရောက်မယ့် အခမ်းအနားတခုကို စီစဉ်ထားပြီး အဲဒီမှာ မိန့်ခွန်းပြောကြားသွားမှာ ဖြစ်တယ်လို့ အမေရိကန်အစိုးရ အကြီးတန်းတာဝန်ရှိသူတဦးက ဗွီအိုအေကို အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒါဟာ သမ္မတ Trump အနေနဲ့ ပြီးခဲ့တဲ့တပတ်က ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ကြေညာပြီးတဲ့နောက် လူကိုယ်တိုင်တက်မယ့် ပထမဆုံးအခမ်းအနား ဖြစ်ပါတယ်။

ABC သတင်းဌာနရဲ့ ပထမဆုံး သတင်းပေးပို့ချက်မှာတော့ ဒီအခမ်းအနားအတွင်း သမ္မတ Trump က တရားဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေနဲ့ ပတ်သက်ပြီး ပြောမှာဖြစ်ပြီး သမ္မတ Trump အနေနဲ့ အိမ်ဖြူတော်ရဲ့ လေသာဆောင်ကနေ ပြောသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

သမ္မတရဲ့ ဆရာဝန် Dr. Sean Conley ဆီက ကြာသပတေးနေ့ ညနေပိုင်းက နောက်ဆုံးထုတ်ပြန်ချက်အရတော့ သမ္မတ Trump ကျန်းမာရေး အခြေအနေကို စစ်ဆေးခဲ့တာမှာ ရောဂါလက္ခဏာ သက်သာလာတာမျိုး မတွေ့ရဘဲ ဒီအတိုင်းပဲ ရှိနေသေးတယ်လို့ ပြောပါတယ်။

သမ္မတ Trump ဟာ Walter Reed စစ်ဆေးရုံကို ၄ ရက်တက်ပြီးတော့ တနင်္လာနေ့က ပြန်ဆင်းလာခဲ့တာပါ။ အဲဒီနေ့ကစပြီး သမ္မတရဲ့ ဆရာဝန်တွေက သူ့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး လူထုကို နေ့စဉ် သတင်းထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လူထုကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ သမ္မတအနေနဲ့ ရောဂါကူးစက်ခံရပြီးတဲ့နောက် အခုလို အခမ်းအနားတခုကို အလျှင်အမြန်လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မေးခွန်းတွေ ထုတ်နေကြပါတယ်။ အခုချိန်ထိတော့ သမ္မတ Trump အနေနဲ့ ဗိုင်းရပ်စ်ပိုး မရှိတော့ဘူးဆိုတာကို ဖြေဆိုဖို့ အိမ်ဖြူတော်ဘက်က ငြင်းဆန်ထားပါတယ်။

XS
SM
MD
LG